YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 18:7-18

ဆာလံ 18:7-18 Judson Bible (JBMLE)

ထို​အ​ခါ အ​မျက်​တော်​ထွက်​သော​အား​ဖြင့် မြေ​ကြီး​တုန်​လှုပ်၍၊ တောင်​အ​မြစ်​တို့​သည် တ​ရွေ့​ရွေ့​လှုပ်​ရှား​ကြ၏။ နှာ​ခေါင်း​တော်​ထဲ​က မီး​ခိုး​ထွက်၍၊ နှုတ်​တော်​ထဲ​က မီး​လောင်​သော​အား​ဖြင့်၊ မီး​ခဲ​တောက်​လေ၏။ မိုး​ကောင်း​ကင်​ကို​ညွှတ်​သ​ဖြင့် ဆင်း​သက်​တော်​မူ၍၊ ခြေ​ဖ​ဝါး​တော်​အောက်၌ မှောင်​မိုက်​ဖြစ်​လေ၏။ ခေ​ရု​ဗိမ်​ကို​စီး​လျက် ပျံ​တော်​မူ၏။ လေ၏​အ​တောင်​တို့​အ​ပေါ်​မှာ လျင်​စွာ ပျံ​တော်​မူ၏။ မှောင်​မိုက်​ထဲ​မှာ ပုန်း​ကွယ်​တော်​မူ၍၊ တစ်​ခဲ​နက်​သော​ရေ​နှင့် ထူ​ထပ်​သော မိုး​တိမ်​တို့​သည် ကိုယ်​တော်​ကို ကာ​ရံ​လျက်​ရှိ​ကြ၏။ ရှေ့​တော်၌ ရောင်​ခြည်​ကြောင့် တိမ်​ထပ်​တို့​သည် မိုး​သီး​နှင့်​မီး​ခဲ​ပါ​လျက် လွင့်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကောင်း​ကင်​ပေါ်​မှာ မိုး​ချုန်း၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အ​သံ​တော်​ကို​လွှင့်​တော်​မူ၏။ လေး​မြား​တော်​တို့​ကို​ပစ်၍ လျှပ်​စစ်​ပြက်​စေ​သ​ဖြင့်၊ ရန်​သူ​တို့​ကို အ​ရပ်​ရပ်​သို့​ခွဲ၍ ရှုံး​စေ​တော်​မူ၏။ ထို​အ​ခါ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ပြစ်​တင်၍ နှာ​ခေါင်း​တော်​ထဲ​က အ​သက်​ရှူ​တော်​မူ​သော​အား​ဖြင့်၊ သ​မု​ဒ္ဒ​ရာ​အောက်​ပြင်​နှင့် လော​က​တိုက်​မြစ်​တို့​သည် ပွင့်​လစ်​ထင်​ပေါ်​လျက်​ရှိ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ထက်​အ​ရပ်​က လက်​တော်​ကို​ဆန့်၍၊ တစ်​ခဲ​နက်​သော​ရေ​ထဲ​က ငါ့​ကို​ဆယ်​ယူ​တော်​မူ၏။ ငါ့​ကို​မုန်း​သော​သူ​တည်း​ဟူ​သော ငါ​ပြိုင်၍​မ​နိုင်​နိုင်​အောင် ခွန်​အား​ကြီး​သော​ရန်​သူ​တို့​လက်​မှ ငါ့​ကို​ကယ်​လွှတ်​တော်​မူ၏။ ဘေး​ဥ​ပဒ်​ရောက်​သော​ကာ​လ၌ သူ​တို့​သည် ဆီး​တား​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​မှီ​ခို​ရာ​ဖြစ်၍၊

ဆာလံ 18:7-18 Common Language Bible (BCL)

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ကြောင့် ကမ္ဘာ​ပေါ်​တွင်​သိမ့်​သိမ့်​တုန်​အောင် မြေ​င​လျင်​လှုပ်​လေ​၏။ တောင်​တို့​သည်​လည်း​အောက်​ခြေ​မှ​တုန်​လှုပ် ကြ​ကုန်​၏။ ကိုယ်​တော်​၏​နှာ​ခေါင်း​တော်​ထဲ​မှ မီး​ခိုး​များ​သည်​လည်း​ကောင်း၊ ခံ​တွင်း​တော်​ထဲ​မှ​ကျွမ်း​လောင်​စေ​တတ်​သည့် မီး​လျှံ​နှင့်​မီး​ကျီး​ခဲ​များ​သည်​လည်း​ကောင်း ထွက်​လေ​၏။ ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို​ဖွင့်​ဟ​လျက် ဆင်း​သက်​ကြွ​လာ​တော်​မူ​၏။ ခြေ​ဖ​ဝါး​တော်​အောက်​တွင်​မဲ​မှောင်​သော မိုး​တိမ်​များ​ရှိ​၏။ ကိုယ်​တော်​သည်​ခေ​ရု​ဗိမ် ကို​စီး​လျက်၊ လေ​၏​အ​ဟုန်​ဖြင့်​လျင်​မြန်​စွာ​ကြွ​လာ​တော်​မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​ကို​အ​မှောင်​ဖြင့် ဖုံး​လွှမ်း​တော်​မူ​၏။ ကိုယ်​တော်​၏​ပတ်​လည်​တွင်​ရေ​ဖြင့်​ပြည့်​လျက် ထူ​ထပ်​သော​မိုး​တိမ်​များ​ရှိ​၏။ ကိုယ်​တော်​၏​ရှေ့​တော်​တွင်​မိုး​သီး​နှင့်​မီး​လျှံ များ​သည် လျှပ်​စစ်​ပြက်​ရာ​မှ​ပေါ်​ထွက်​လာ​လျက်၊ မဲ​မှောင်​နေ​သော​မိုး​တိမ်​များ​ကို​ထွင်း​ဖောက်​၍ ကျ​လာ​၏။ ကိုယ်​တော်​သည်​ကောင်း​ကင်​မှ​မိုး​ချုန်း​တော်​မူ​၏။ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​အ​ရှင်​၏ အ​သံ​တော်​ထွက်​ပေါ်​လာ​၏။ ကိုယ်​တော်​သည်​မြား​တော်​တို့​ကို​ပစ်​လွှတ်​တော် မူ​လျက် ရန်​သူ​များ​ကို​ကွဲ​လွင့်​စေ​တော်​မူ​၏။ လျှပ်​စစ်​ပြက်​စေ​တော်​မူ​လျက်​သူ​တို့​အား ထွက်​ပြေး​စေ​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ရန်​သူ​တို့​အား​အ​မျက် ထွက်​လျက် ဟိန်း​သံ​ဖြင့်​ဆုံး​မ​တော်​မူ​လိုက်​သော​အ​ခါ သ​မုဒ္ဒ​ရာ အောက်​ခံ​မြေ​သည်​လည်း​ကောင်း၊ကမ္ဘာ​မြေ​ကြီး​၏ အ​ခြေ​ခံ​အုတ်​မြစ်​များ​သည်​လည်း​ကောင်း ပွင့်​လစ်​ပေါ်​ထွက်​လာ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ လက်​တော်​ကို​ဆန့်​တော်​မူ​ပြီး​လျှင် ငါ့​ကို​ကိုင်​ဆွဲ​တော်​မူ​၍​ရေ​နက်​ကြီး​ထဲ​မှ ငါ့​ကို​ဆယ်​တင်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​ပြိုင်​၍​မ​ရ​နိုင်​သည့် အင်​အား​ကြီး​သော​ရန်​သူ​များ​၏​လက်​မှ လည်း​ကောင်း၊ ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​လက်​မှ​လည်း​ကောင်း ငါ့​ကို​ကယ်​တော်​မူ​၏။ ငါ​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ငါ့​ကို​တိုက်​ခိုက်​ကြ​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။

ဆာလံ 18:7-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ကိုယ်တော်​သည် အမျက်ထွက်​တော်မူ​သောကြောင့် မြေကြီး​သည် ယိမ်းထိုး​လှုပ်ခါ​၏​။ တောင်​များ​၏​အခြေအမြစ်​တို့​သည်​လည်း ယိမ်းထိုး​ခါယမ်း​ကြ​၏​။ ကိုယ်တော်​၏​နှာခေါင်း​တော်​ထဲမှ မီးခိုး​ထွက်​၍ ခံတွင်း​တော်​ထဲမှ မီးတောက်​ထွက်လာ​၏​။ ထို​မီးတောက်​ကြောင့် မီးခဲ​တို့​သည် တောက်လောင်​ကြ​၏​။ ကိုယ်တော်​သည် မိုးကောင်းကင်​ကို ညွတ်​စေ​၍ ကြွဆင်း​တော်မူ​၏​။ အမှောင်ထု​သည် ခြေ​တော်​အောက်​၌​ရှိ​၏​။ ကိုယ်တော်​သည် ခေရုဗိမ်​ကို​စီး​၍ ပျံသန်း​တော်မူ​၏​။ လေ​အတောင်ပံ​များ​အားဖြင့် ထိုးဆင်း​တော်မူ​၏​။ ကိုယ်တော်​သည် အမှောင်​ကို မိမိ​၏​လျှို့ဝှက်​သော​နေရာ​ဖြစ်​စေ​တော်မူ​၏​။ မိုး​ရေ​ဖွဲ့​ထား​သော​တိမ်တိုက်ထု​ကြီး​၏​အမှောင်ထု​သည် ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​သော အခြံအရံ​ဖြစ်​၏​။ ရှေ့​တော်​ရှိ​ရောင်ခြည်​တော်​ကြောင့် မိုးသီး​နှင့်​တောက်လောင်​သော​မီးခဲ​များ​သည် ကိုယ်တော်​၏​တိမ်တိုက်​များ​ကို ဖြတ်ကျော်​၍​ထွက်လာ​ကြ​၏​။ ထာဝရဘုရား​သည် ကောင်းကင်​၌ ခြိမ်းသံ​ကို​ပေး​တော်မူ​၏​။ အမြင့်ဆုံး​သော​အရှင်​သည် မိမိ​အသံ​ကို မိုးသီး​နှင့်​တောက်လောင်​သော​မီးခဲ​များ​နှင့်တကွ လွှင့်​တော်မူ​၏​။ မြား​တို့​ကို ပစ်လွှတ်​၍ ရန်သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​၏​။ လျှပ်စီးလက်​စေ​၍ သူ​တို့​ကို ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ဆုံးမ​ခြင်း​နှင့် နှာခေါင်း​တော်​ထဲမှ ရှူထုတ်​သော​လေ​ကြောင့် ပင်လယ်​ကြမ်းပြင်​များ ပေါ်လာ​၍ ကမ္ဘာကြီး​၏​အောက်ခြေ​တို့​သည် ဟင်းလင်းပြင်​ဖြစ်​လေ​၏​။ ကိုယ်တော်​သည် အထက်အရပ်​မှ​လှမ်း​၍ ငါ့​ကို​ဆွဲကိုင်​တော်မူ​၏​။ ရေထု​ထဲမှ ငါ့​ကို​ဆယ်ယူ​တော်မူ​၏​။ ငါ​မ​ပြိုင်​နိုင်​လောက်အောင် ခွန်အား​ကြီးမား​သော ငါ့​ရန်သူ​၏​လက်​မှ​လည်းကောင်း​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း ငါ့​ကို​ကယ်နုတ်​တော်မူ​၏​။ ငါ​ဘေးဒုက္ခ​ရောက်​ချိန်​တွင် သူ​တို့​သည် ငါ့​ကို တိုက်ခိုက်​ကြ​သော်လည်း ထာဝရဘုရား​သည် ငါ့​ကို ထောက်မ​တော်မူ​၏​။