YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 18:30-36

ဆာလံ 18:30-36 Judson Bible (JBMLE)

ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သော​အ​မှု​သည် စုံ​လင်၏။ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​သည် အ​စစ်​ခံ၍​တည်၏။ ခို​လှုံ​သော သူ​အ​ပေါင်း​တို့၏ အ​ကွယ်​အ​ကာ​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​သ​ခင်​ရှိ​သ​နည်း။ ငါ​တို့ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​မည်​သော​ကျောက် ရှိ​သ​နည်း။ ထို​ဘု​ရား​သ​ခင်​သည် ငါ့​ကို​ခွန်​အား​ခါး​ပန်း​နှင့် စည်း၍ ငါ​သွား​ရာ​လမ်း​ကို ဖြောင့်​စေ​တော်​မူ၏။ ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့ လျင်​မြန်​စေ၍၊ ငါ၏​မြင့်​ရာ​အ​ရပ်​ပေါ်​မှာ ငါ့​ကို​တင်​ထား​တော်​မူ၏။ ငါ့​လက်​ကို စစ်​မှု၌​လေ့​ကျက်​စေ​ခြင်း​ငှာ သွန်​သင်​တော်​မူ၍၊ ကြေး​ဝါ​လေး​ကို ငါ့​လက်​ရုံး​နှင့် ငါ​တင်​နိုင်​၏။ ကိုယ်​တော်​သည် ကယ်​တင်​တော်​မူ​ခြင်း ဒိုင်း​လွှား​ကို​အပ်၍၊ လက်​ယာ​လက်​တော်​အား​ဖြင့် မ​စ​တော်​မူ၏။ သည်း​ခံ​တော်​မူ​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​သည်​ချီး​မြှောက်​ခြင်း​သို့ ရောက်​ပါ၏။ အ​ကျွန်ုပ်​သွား​သော​လမ်း​ကို​ရှင်း​လင်း၍ ခြေ​မ​ချော်​စေ​ခြင်း​ငှာ ပြု​တော်​မူ​သော​အား​ဖြင့်၊

ဆာလံ 18:30-36 Common Language Bible (BCL)

ဤ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တို့​သည် ပြီး​ပြည့်​စုံ​လင်​ပေ​၏။ ကိုယ်​တော်​၏​စ​ကား​တော်​တို့​သည်​လည်း ယုံ​ကြည်​စိတ်​ချ​ထိုက်​ပါ​ပေ​သည်​တ​ကား။ ကိုယ်​တော်​သည်​မိ​မိ​ထံ​တွင်​ခို​လှုံ​သူ အ​ပေါင်း​တို့​အ​တွက်​ဒိုင်း​လွှား​သ​ဖွယ်​ဖြစ် တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​သာ​လျှင်​ငါ​တို့​ကွယ်​ကာ​ရာ ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ့​ကို​သန်​စွမ်း​စေ​တော်​မူ​သော ဘု​ရား၊ ငါ​လိုက်​လျှောက်​ရာ​ခ​ရီး​လမ်း​ကို​ဘေး​မဲ့​လုံ​ခြုံ စေ​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ့​ခြေ​ကို​သ​မင်​ခြေ​ကဲ့​သို့ မြဲ​မြံ​စေ​တော်​မူ​၏။ တောင်​များ​ပေါ်​တွင်​ငါ့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​တော်​မူ​၏။ အ​သန်​ဆုံး​သော​လေး​ကို​တင်​နိုင်​ရန်​ငါ့​အား စစ်​ပွဲ​အ​တွက်​လေ့​ကျင့်​ပေး​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​၍​ကယ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ကြည့်​ရှု​ပြု​စု​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကြီး​မြင့်​လာ​ရ​ပါ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့်​ဘေး​မဲ့ လုံ​ခြုံ​စွာ နေ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​ဖမ်း​မ​ခံ​ရ​အောင်​ကွယ်​ကာ​တော်​မူ​၏။ ကျွန်​တော်​မျိုး​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ အ​ရေး​မ​ရှုံး​နိမ့်​ခဲ့​ပါ။

ဆာလံ 18:30-36 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​၏​လမ်း​သည် ပြည့်ဝစုံလင်​၏​။ ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​သည် ခိုင်လုံ​မှန်ကန်​၏​။ ကိုယ်တော်​သည် အထံ​တော်​၌​ခိုလှုံ​သော​သူ ရှိသမျှ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​မှတစ်ပါး မည်သူ​သည် ဘုရားသခင်​ဖြစ်​သနည်း​။ ငါ​တို့​၏​ဘုရားသခင်​မှတစ်ပါး မည်သူ​သည် ကျောက်ဆောင်​ဖြစ်​သနည်း​။ ဘုရားသခင်​သည် ငါ့​ကို ခွန်အား​နှင့်​ပတ်စည်း​သော​ဘုရား​ဖြစ်၍ ငါ​၏​လမ်း​ကို ချောမွေ့​စေ​တော်မူ​၏​။ ငါ​၏​ခြေ​ကို သမင်​တို့​၏​ခြေ​ကဲ့သို့​ဖြစ်စေ​၍ မြင့်သောနေရာ​တို့​၌ ငါ့​ကို​ရပ်​စေ​တော်မူ​၏​။ ငါ​၏​လက်​ကို စစ်ရေး​၌​လေ့ကျက်​စေ​တော်မူ​သဖြင့် ငါ​၏​လက်ရုံး​သည် ကြေးဝါ​လေး​ကို​တင်​နိုင်​၏​။ ကိုယ်တော်​သည် ကယ်တင်​ခြင်း​ဒိုင်းလွှား​ကို အကျွန်ုပ်​အား​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အကျွန်ုပ်​ကို​ဖေးမ​၍ ကိုယ်တော်​၏​နူးညံ့သိမ်မွေ့​သော​သဘော​ကြောင့် အကျွန်ုပ်​သည် ကြီးမြတ်​သူ​ဖြစ်လာ​ရ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ခြေလှမ်းစရာလမ်း​ကို ကျယ်ပြန့်​စေ​တော်မူ​သောကြောင့် အကျွန်ုပ်​ခြေ​မ​ချော်​ခဲ့​ပါ​။