YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 17:6-9

ဆာလံ 17:6-9 Judson Bible (JBMLE)

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် နား​ထောင်​တော်​မူ​တတ်​သော​ကြောင့် အ​ကျွန်ုပ်​သည်​တောင်း​လျှောက်​ပါ၏။ နား​တော်​ကို​လှည့်၍ အ​ကျွန်ုပ်​စ​ကား​ကို နာ​ယူ​တော်​မူ​ပါ။ ကိုယ်​တော်​ကို ခို​လှုံ​သော​သူ​တို့​ကို သူ​ပုန်​တို့​လက်​မှ၊ လက်​ယာ​လက်​တော်​အား​ဖြင့် ကယ်​နုတ်​တော်​မူ​သော​ဘု​ရား၊ ထူး​ဆန်း​သော မေ​တ္တာ​ကျေး​ဇူး​တော်​ကို ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​လူ​ဆိုး​တည်း​ဟူ​သော အ​ကျွန်ုပ်​ကို ဝိုင်း၍​သတ်​လို​သော ရန်​သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို လွတ်​စေ​ခြင်း​ငှာ၊ မျက်​ဆန်​ကဲ့​သို့ အ​ကျွန်ုပ်​ကို​စောင့်​မ​တော်​မူ​ပါ။ အ​တောင်​တော်​အ​ရိပ်​ထဲ​မှာ ဖုံး​အုပ်​တော်​မူ​ပါ။

ဆာလံ 17:6-9 Common Language Bible (BCL)

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​နား​ညောင်း​တော်​မူ တတ်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ဆု​တောင်း​ပတ္ထ​နာပြု​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ဘက်​သို့​လှည့်​တော်​မူ​၍ ကျွန်​တော်​မျိုး​၏​ပတ္ထ​နာ​စ​ကား​များ​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​၏​အံ့​သြ​ဖွယ်​မေတ္တာ​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​ကို​ကယ်​တင်​တော်​မူ​ပါ။ ကိုယ်​တော်​၏​ထံ​တော်​ပါး​တွင်​ကျွန်​တော်​မျိုး​သည် ရန်​သူ​များ​၏​ဘေး​မှ​ကင်း​လွတ်​လုံ​ခြုံ​ခွင့် ရ​ရှိ​ပါ​၏။ ကိုယ်​တော်​၏​မျက်​ဆန်​တော်​ကဲ့​သို့​ကျွန်​တော်​မျိုး​ကို စောင့်​ရှောက်​တော်​မူ​ပါ။ သူ​ယုတ်​မာ​တို့​၏​တိုက်​ခိုက်​မှု​မှ​ကျွန်​တော်​မျိုး​ကို ကိုယ်​တော်​၏​အ​တောင်​တော်​ရိပ်​အောက်​၌ ဖုံး​အုပ်​တော်​မူ​ပါ။

ဆာလံ 17:6-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​မည်​ဖြစ်၍ ကိုယ်တော်​ကို​အကျွန်ုပ်​ခေါ်​ပါ​၏​။ အကျွန်ုပ်​ကို​ဂရုစိုက်​နားထောင်​လျက် အကျွန်ုပ်​၏​စကား​ကို​နားညောင်း​တော်မူ​ပါ​။ လက်ယာ​လက်​တော်​၌​ခိုလှုံ​သော​သူ​တို့​ကို သူ​တို့​တစ်ဖက်​၌​ထကြွ​သော​သူ​များ​လက်​မှ ကယ်တင်​တော်မူ​သော​ဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​များ​ကို အံ့ဩဖွယ်​ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​ကို​နိုင်ထက်စီးနင်း​ပြု​သည့် ဆိုးယုတ်​သော​သူ​တို့​၏​ရှေ့​မှ​လည်းကောင်း​၊ အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​လျက် အကျွန်ုပ်​ကို​သတ်​လို​သော​ရန်သူ​တို့​ရှေ့​မှ​လည်းကောင်း အကျွန်ုပ်​ကို ကိုယ်တော်​၏​မျက်စိ​သူငယ်အိမ်​ကဲ့သို့ စောင့်ရှောက်​တော်မူ​ပါ​။ ကိုယ်တော်​၏​အတောင်​တော်​အရိပ်​အောက်​၌ အကျွန်ုပ်​ကို​ဖုံးကွယ်​ထား​တော်မူ​ပါ​။