YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 17:1-15

ဆာလံ 17:1-15 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ တ​ရား​သော​ဘက်​မှာ​နေ၍ အ​ကျွန်ုပ်​အော်​ဟစ်​ခြင်း​ကို​မှတ်​တော်​မူ​ပါ။ မ​လှည့်​စား​တတ်​သော​နှုတ်​နှင့် ဆု​တောင်း​သော​ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​တိုင် အ​ကျွန်ုပ်​ကို​စီ​ရင်၍ ဖြောင့်​မတ်​သော​အ​ရာ​ကို ထောက်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​နှ​လုံး​ကို​စစ်​ဆေး​တော်​မူ​ပါ။ ည​အ​ခါ အ​ကျွန်ုပ်​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို စစ်​ကြော​သော​အ​ခါ အ​ဘယ်​အ​ပြစ်​ကို​မျှ တွေ့​တော်​မ​မူ​ရာ။ အ​ကျွန်ုပ်​အ​ကြံ​အ​စည်​သည် အ​ကျွန်ုပ်​စ​ကား​နှင့် မ​ခြား​မ​နား​ပါ။ လူ​ပြု​တတ်​သော အ​မှု​များ​မှာ၊ ဖျက်​ဆီး​တတ်​သော​သူ၏​လမ်း​တို့​ကို နှုတ်​က​ပတ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​ရှောင်​ပါ​ပြီ။ လမ်း​ခ​ရီး​တော်၌ အ​ကျွန်ုပ်​သွား​စဉ်​တွင် ခြေ​မ​ချော်​စေ​ခြင်း​ငှာ ထောက်​မ​တော်​မူ​ပါ။ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် နား​ထောင်​တော်​မူ​တတ်​သော​ကြောင့် အ​ကျွန်ုပ်​သည်​တောင်း​လျှောက်​ပါ၏။ နား​တော်​ကို​လှည့်၍ အ​ကျွန်ုပ်​စ​ကား​ကို နာ​ယူ​တော်​မူ​ပါ။ ကိုယ်​တော်​ကို ခို​လှုံ​သော​သူ​တို့​ကို သူ​ပုန်​တို့​လက်​မှ၊ လက်​ယာ​လက်​တော်​အား​ဖြင့် ကယ်​နုတ်​တော်​မူ​သော​ဘု​ရား၊ ထူး​ဆန်း​သော မေ​တ္တာ​ကျေး​ဇူး​တော်​ကို ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​လူ​ဆိုး​တည်း​ဟူ​သော အ​ကျွန်ုပ်​ကို ဝိုင်း၍​သတ်​လို​သော ရန်​သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို လွတ်​စေ​ခြင်း​ငှာ၊ မျက်​ဆန်​ကဲ့​သို့ အ​ကျွန်ုပ်​ကို​စောင့်​မ​တော်​မူ​ပါ။ အ​တောင်​တော်​အ​ရိပ်​ထဲ​မှာ ဖုံး​အုပ်​တော်​မူ​ပါ။ သူ​တို့​သည် မိ​မိ​တို့​ဆူ​ဝ​ခြင်း​ကို ကိုး​စား၍ ထောင်​လွှား​စော်​ကား​စွာ ပြော​ဆို​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့​သွား​သော​လမ်း​ကို ယ​ခု​ဝိုင်း​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​ကို မြေ​ပေါ်​မှာ​လှဲ​ခြင်း​ငှာ မျက်​စိ​နှင့် ရွယ်​ကြ​ပါ၏။ ဖမ်း​မိ​သော​အ​ကောင်​ကို စား​ချင်​အား​ကြီး​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ချောင်း၍​နေ​သော ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ သူ​တို့​ကို​ဆီး​တား၍ လှဲ​ချ​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​တို့​လက်​မှ အ​ကျွန်ုပ်​အ​သက်​ကို ဓား​တော်​ဖြင့် ကယ်​လွှတ်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ လော​ကီ​သား​ဖြစ်​သော​ထို​လူ​တို့​လက်​မှ အ​ကျွန်ုပ်​အ​သက်​ကို လက်​တော်​ဖြင့် ကယ်​လွှတ်​တော်​မူ​ပါ။ ထို​သူ​တို့​သည် ယ​ခု​ဘ​ဝ​မှာ မိ​မိ​တို့​အ​ဖို့​ကို ခံ​ရ​ကြ​ပါ၏။ သူ​တို့​အ​လို​ကို ဘ​ဏ္ဍာ​တော်​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။ သူ​တို့​သား​သ​မီး​တို့​သည်​လည်း ကြွယ်​ဝ၍၊ မြေး​မြစ်​စ​သည်​တို့၌ မိ​မိ​တို့​ဥ​စ္စာ​ကို ချန်​ထား​ကြ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား​ဖြောင့်​မတ်၍ မျက်​နှာ​တော်​ကို​ဖူး​မြင်​ရ​ပါ​လိမ့်​မည်။ နိုး​သော​အ​ခါ ပုံ​သ​ဏ္ဌာန်​တော်​အား​ဖြင့် အ​ကျွန်ုပ်​အလို ပြည့်​စုံ​ရ​ပါ​လိမ့်​မည်။

ဆာလံ 17:1-15 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ တ​ရား​မျှ​တ​မှု​ရ​ရန်​အ​တွက်​ကျွန်​တော်​မျိုး ပန်​ကြား​သည်​ကို​နား​ထောင်​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ဂ​ရု​ပြု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ရိုး​ဖြောင့်​စွာ တောင်း​လျှောက်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​သည်​အ​မှန်​တ​ရား​ကို​သိ​မြင်​တော် မူ​သ​ဖြင့် ကျွန်​တော်​မျိုး​၏​အ​ကျိုး​ကို​ထောက်​၍ တ​ရား​စီ​ရင်​တော်​မူ​ပါ။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကို သိ​တော်​မူ​ပါ​၏။ ညဥ့်​အ​ခါ​၌​ကျွန်​တော်​မျိုး​ထံ​သို့​ကြွ​လာ​၍ ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကို​သေ​ချာ​စွာ စစ်​ဆေး​ကြည့်​တော်​မူ​သော​အ​ခါ ဆိုး​ယုတ်​သော​အ​ကြံ​အ​စည်​ကို​တွေ့​ရှိ​တော် မ​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​အ​ခြား​သူ​တို့​ကဲ့​သို့ ညစ်​ညမ်း​သည့် စ​ကား​ကို​မ​ပြော​မ​ဆို​ပါ။ ကိုယ်​တော်​၏​ပ​ညတ်​တော်​ကို​လိုက်​လျှောက်​ပါ​၏။ အ​ဋ္ဌမ္မ​လမ်း​စဉ်​ကို​မ​လိုက်​မ​လျှောက်​ခဲ့​ပါ။ ကိုယ်​တော်​၏​လမ်း​စဉ်​ကို​သာ​လိုက်​လျှောက်​ခဲ့​ပါ​၏။ ထို​လမ်း​စဉ်​မှ​မ​တိမ်း​မ​စောင်း​ခဲ့​ပါ။ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​နား​ညောင်း​တော်​မူ တတ်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ဆု​တောင်း​ပတ္ထ​နာပြု​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ဘက်​သို့​လှည့်​တော်​မူ​၍ ကျွန်​တော်​မျိုး​၏​ပတ္ထ​နာ​စ​ကား​များ​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​၏​အံ့​သြ​ဖွယ်​မေတ္တာ​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​ကို​ကယ်​တင်​တော်​မူ​ပါ။ ကိုယ်​တော်​၏​ထံ​တော်​ပါး​တွင်​ကျွန်​တော်​မျိုး​သည် ရန်​သူ​များ​၏​ဘေး​မှ​ကင်း​လွတ်​လုံ​ခြုံ​ခွင့် ရ​ရှိ​ပါ​၏။ ကိုယ်​တော်​၏​မျက်​ဆန်​တော်​ကဲ့​သို့​ကျွန်​တော်​မျိုး​ကို စောင့်​ရှောက်​တော်​မူ​ပါ။ သူ​ယုတ်​မာ​တို့​၏​တိုက်​ခိုက်​မှု​မှ​ကျွန်​တော်​မျိုး​ကို ကိုယ်​တော်​၏​အ​တောင်​တော်​ရိပ်​အောက်​၌ ဖုံး​အုပ်​တော်​မူ​ပါ။ အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​သော​ရန်​သူ​များ သည် ကျွန်​တော်​မျိုး​ကို​ဝိုင်း​ရံ​လျက်​နေ​ကြ​ပါ​၏။ သူ​တို့​သည်​သ​နား​ကြင်​နာ​စိတ်​ကင်း​မဲ့​လျက် မာန်​မာ​န​ထောင်​လွှား​၍​ပြော​ဆို​နေ​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​သွား​လေ​ရာ​တွင် ကျွန်​တော်​မျိုး​အား​အ​လဲ​ထိုး​ရန် စောင့်​မျှော်​ဝိုင်း​ရံ​လျက်​နေ​ကြ​ပါ​၏။ သူ​တို့​သည်​ခြင်္သေ့​များ​ကဲ့​သို့​ကျွန်​တော်​မျိုး​အား အ​ပိုင်း​ပိုင်း​ဆုတ်​ဖြဲ​လို​ကြ​၍​ကျွန်​တော်​မျိုး​ကို ချောင်း​မြောင်း​နေ​ကြ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ကို​တွန်း​လှန် ဖြို​ခွင်း​တော်​မူ​ပါ။ ကိုယ်​တော်​ဋ္ဌား​တော်​ဖြင့်​သူ​ယုတ်​မာ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ဤ​ဘ​ဝ​တွင်​အလို​ဆန္ဒ​ရှိ​သ​မျှ​အ​တိုင်း ပြည့်​ဝ​ကြ​သူ​တို့​၏​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ သူ​တို့​အ​တွက်​ကိုယ်​တော်​သို​မှီး​ထား​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အား​ဖြင့် သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​သူ​တို့​၏ သား​သ​မီး​များ​သည်​သာ​မ​က သူ​တို့​၏​မြေး​မြစ်​များ​သည်​လည်း ခံ​စား​ရ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​အ​ပြစ်​မ​ကူး​လွန်​ခဲ့​သ​ဖြင့် ကိုယ်​တော်​ရှင်​ကို​ဖူး​မြင်​ရ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော် မူ​သ​ဖြင့် ရွှင်​လန်း​ဝမ်း​မြောက်​ရ​ပါ​လိမ့်​မည်။

ဆာလံ 17:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ဖြောင့်မတ်​သော​လျှောက်လဲချက်​ကို​နားညောင်း​၍ အကျွန်ုပ်​၏​ဟစ်ကြော်သံ​ကို အာရုံစိုက်​နားထောင်​တော်မူ​ပါ​။ လိမ်လည်လှည့်ဖြား​ခြင်း​မ​ရှိ​သော အကျွန်ုပ်​၏​နှုတ်​မှ​ဆုတောင်းချက်​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​အတွက်​တရားစီရင်​ခြင်း​သည် ကိုယ်တော့်​ထံမှ​လာ​ပါစေသော​။ ကိုယ်တော်​၏​မျက်စိ​သည် သမာသမတ်​ရှိ​ခြင်း​ကို​မြင်​ပါစေသော​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို​စစ်ဆေး​တော်မူ​၏​။ ညအချိန်​၌ အကျွန်ုပ်​ကို စစ်ကြော​တော်မူ​၏​။ အကျွန်ုပ်​ကို​စစ်ကြော​လျှင်​လည်း အကျွန်ုပ်​၌​မည်သည့်​အရာ​မျှ​တွေ့​ရ​မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​၏​နှုတ်​သည် အပြစ်​မ​ကျူးလွန်​မိ​စေရန် အကျွန်ုပ်​စိတ်ပိုင်းဖြတ်​ထား​ပါ​၏​။ လူ​တို့​၏​လုပ်ဆောင်မှု​များ​နှင့်​ပတ်သက်၍​မူကား ကြမ်းကြုတ်​သော​လမ်း​များ​ကို ကိုယ်တော်​၏​နှုတ်​တော်​ထွက်​စကား​အားဖြင့် အကျွန်ုပ်​ရှောင်ကြဉ်​ခဲ့​ပါ​၏​။ အကျွန်ုပ်​၏​ခြေလှမ်း​များ​သည် ကိုယ်တော်​၏​လမ်း​တော်​၌​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ခြေ​ချော်​ခြင်း​မ​ရှိ​ပါ​။ အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​မည်​ဖြစ်၍ ကိုယ်တော်​ကို​အကျွန်ုပ်​ခေါ်​ပါ​၏​။ အကျွန်ုပ်​ကို​ဂရုစိုက်​နားထောင်​လျက် အကျွန်ုပ်​၏​စကား​ကို​နားညောင်း​တော်မူ​ပါ​။ လက်ယာ​လက်​တော်​၌​ခိုလှုံ​သော​သူ​တို့​ကို သူ​တို့​တစ်ဖက်​၌​ထကြွ​သော​သူ​များ​လက်​မှ ကယ်တင်​တော်မူ​သော​ဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​များ​ကို အံ့ဩဖွယ်​ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​ကို​နိုင်ထက်စီးနင်း​ပြု​သည့် ဆိုးယုတ်​သော​သူ​တို့​၏​ရှေ့​မှ​လည်းကောင်း​၊ အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​လျက် အကျွန်ုပ်​ကို​သတ်​လို​သော​ရန်သူ​တို့​ရှေ့​မှ​လည်းကောင်း အကျွန်ုပ်​ကို ကိုယ်တော်​၏​မျက်စိ​သူငယ်အိမ်​ကဲ့သို့ စောင့်ရှောက်​တော်မူ​ပါ​။ ကိုယ်တော်​၏​အတောင်​တော်​အရိပ်​အောက်​၌ အကျွန်ုပ်​ကို​ဖုံးကွယ်​ထား​တော်မူ​ပါ​။ သူ​တို့​သည် အကြင်နာစိတ်​ကင်းမဲ့​၍ သူ​တို့​နှုတ်​သည် မောက်မာ​စွာ​ပြောဆို​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​တို့​ကို​ခြေရာခံ​၍ ယခု အကျွန်ုပ်​တို့​ကို​ဝိုင်းရံ​ထား​ကြ​ပြီး အကျွန်ုပ်​တို့​ကို​မြေကြီး​ပေါ်​လှဲချ​ရန် စောင့်ကြည့်​နေ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုက်ဖဲ့​လို​စိတ်​ပြင်းထန်​သော ခြင်္သေ့​ကဲ့သို့​လည်းကောင်း​၊ ကွယ်​ရာ​မှ​ချောင်းမြောင်း​နေ​သော ခြင်္သေ့ပျို​ကဲ့သို့​လည်းကောင်း ဖြစ်​ကြ​ပါ​၏​။ အို ထာဝရဘုရား​၊ ထ​တော်မူ​ပါ​။ သူ့​ကို​ထိပ်တိုက်ရင်ဆိုင်​၍ ညွတ်တွား​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​ဓား​ဖြင့် ဆိုးယုတ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​၏​အသက်​ကို ကယ်တင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ဤ​လောက​၏​အမွေ​ကို​သာ ခံစား​ကြ​ရ​သော လောကီသား​တို့​၏​လက်​မှ ကိုယ်တော်​၏​လက်​တော်​ဖြင့် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​သည် သူ​တို့​၏​ဝမ်း​ကို ကိုယ်တော်​၏​ဘဏ္ဍာ​တော်​နှင့်​ပြည့်​စေ​တော်မူ​၏​။ သူ​တို့​သည် သားသမီး​အများအပြား​ထွန်းကား​၍ သူ​တို့​၏​ကလေး​များ​အတွက်​လည်း သူ​တို့​၏​စည်းစိမ်ဥစ္စာ​ကို ချန်ထား​တတ်​ကြ​ပါ​၏​။ အကျွန်ုပ်​မူကား ဖြောင့်မတ်​ခြင်း​ကြောင့် ကိုယ်တော်​၏​မျက်နှာ​တော်​ကို​ဖူးမြော်​ရ​ပါ​လိမ့်မည်​။ အကျွန်ုပ်​နိုးလာ​သောအခါ ကိုယ်တော်​၏​သဏ္ဌာန်​တော်​ကို​မြင်​၍ အလိုပြည့်စုံ​ပါ​လိမ့်မည်​။