YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 143:4-11

ဆာလံ 143:4-11 Judson Bible (JBMLE)

အ​ကျွန်ုပ်​သည် စိတ်​ပျက်​လျက်၊ ကိုယ်​အ​ထဲ၌ နှ​လုံး​ကြေ​ကွဲ​လျက်​ရှိ​ပါ၏။ ရှေး​လွန်​လေ​ပြီး​သော ကာ​လ​ကို​အောက်​မေ့၍၊ အ​လုံး​စုံ​သော​အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ လက်​တော်​နှင့်​ပြု​ပြင်​သော အ​ရာ​များ​ကို​လည်း​ကောင်း ဆင်​ခြင်​ပါ၏။ ကိုယ်​တော်​ထံ​သို့ လက်​တို့​ကို​ဆန့်​ပါ၏။ သွေ့​ခြောက်​သော​မြေ​ကဲ့​သို့ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို တောင့်​တ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​လျင်​အ​မြန် နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် စိတ်​ပျက်​ပါ​ပြီ။ မျက်​နှာ​လွှဲ​တော်​မူ​သ​ဖြင့်၊ တွင်း​ထဲ​သို့ ဆင်း​သော​သူ​ကဲ့​သို့ အ​ကျွန်ုပ်​ကို ဖြစ်​စေ​တော်​မ​မူ​ပါ​နှင့်။ က​ရု​ဏာ​တော်​စ​ကား​သံ​ကို အ​လျင်​အ​မြန် ကြား​စေ​တော်​မူ​ပါ။ ကိုယ်​တော်၌ ကိုး​စား​ပါ၏။ ကိုယ်​သွား​ရ​မည်​လမ်း​ကို သိ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​တ​သ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ရန်​သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်​ကို ခို​လှုံ​ပါ၏။ အ​လို​တော်​သို့​လိုက်​စေ​မည်​အ​ကြောင်း သွန်​သင်​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကောင်း​မြတ်​သော​ဝိ​ညာဉ်​တော်​သည် ဖြောင့်​သော​လမ်း၌ အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မူ​ပါ​စေ​သော။ အို​ထာ​ဝ​ရ​ဘု​ရား၊ နာ​မ​တော်​အ​တွက်​ကြောင့်၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ ဖြောင့်​မတ်​တော်​မူ​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို ဆင်း​ရဲ​ဒု​က္ခ​အ​ထဲ​က နုတ်​ယူ​တော်​မူ​ပါ။

ဆာလံ 143:4-11 Common Language Bible (BCL)

သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​လက်​လျှော့​၍ အ​ရှုံး​ပေး​ရန်​အ​သင့်​ရှိ​ပါ​ပြီ။ အ​လွန်​စိတ်​ပျက်​အား​လျော့​လျက်​နေ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကုန်​လွန်​ခဲ့​သည့်​နေ့​ရက်​တို့​ကို အောက်​မေ့​သ​တိ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ ရှိ​သ​မျှ​တို့​ကို​ဆင်​ခြင်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​လက်​ရာ​တော်​တို့​ကို​စဉ်း​စား​ပါ​၏။ ကျွန်​တော်​မျိုး​သည်​လက်​အုပ်​ချီ​၍​ကိုယ်​တော်​ရှင်​၏ ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ရေ​ငတ်​သော​မြေ​ကဲ့​သို့​ကျွန်​တော်​မျိုး​၏ ဝိညာဉ်​သည် ကိုယ်​တော်​ရှင်​ကို​တောင့်​တ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​လျှင်​ကျွန်​တော်​မျိုး​ပန်​ကြား လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​လုံး​ဝ​မျှော်​လင့်​ရာ​မဲ့​လျက် နေ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​မျက်​နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်။ ယင်း​သို့​ပြု​တော်​မူ​ပါ​လျှင်​ကျွန်​တော်​မျိုး​သည် မ​ရ​ဏာ​နိုင်​ငံ​သို့​သွား​ရ​သူ​ကဲ့​သို့​ဖြစ်​ပါ​လိမ့်​မည်။ နံ​နက်​ချိန်​တိုင်း​၌​ကျွန်​တော်​မျိုး​အား ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို သ​တိ​ရ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ ကျွန်​တော်​မျိုး​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​ခို​လှုံ​ရန်​ကျွန်​တော်​မျိုး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​၏​လက်​မှ ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​လို​တော်​အ​တိုင်း​ဆောင်​ရွက်​ရန် ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကျေး​ဇူး​ပြု​တော်​မူ​၍ ဘေး​မဲ့​လုံ​ခြုံ​ရာ​လမ်း​ကို​ညွှန်​ပြ​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။ ကောင်း​မြတ်​တော်​မူ​သည်​နှင့်​အ​ညီ​ကျွန်​တော် မျိုး​အား ဆင်း​ရဲ​ဒုက္ခ​များ​မှ​ကယ်​တော်​မူ​ပါ။

ဆာလံ 143:4-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ အကျွန်ုပ်​၏​ဝိညာဉ်​သည် အကျွန်ုပ်​အထဲ​၌ ညှိုးငယ်​လျက်​ရှိ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်နှလုံး​သည် အကျွန်ုပ်​အထဲ​၌ တုန်လှုပ်ချောက်ချား​လျက်​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် လွန်ခဲ့သော​နေ့ရက်​များ​ကို သတိရ​လျက် ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​ရှိသမျှ​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​ဖြင့်​ပြုလုပ်​သော​အရာ​များ​ကို အကျွန်ုပ်​တွေးတောဆင်ခြင်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့ အကျွန်ုပ်​လက်​ကို​ဆန့်​ပါ​၏​။ မွတ်သိပ်​သော​မြေ​ကဲ့သို့ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဆာငတ်​ပါ​၏​။ (​စေလာ ) အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို အလျင်အမြန်​ထူး​တော်မူ​ပါ​။ အကျွန်ုပ်​၏​ဝိညာဉ်​သည် အားအင်ကုန်ခန်း​ပါ​ပြီ​။ အကျွန်ုပ်​သည် သေတွင်း​ထဲသို့ ဆင်းသွား​သော​သူ​တို့​ကဲ့သို့ မ​ဖြစ်​ရ​ပါ​မည့်​အကြောင်း အကျွန်ုပ်​ထံမှ မျက်နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်​။ နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အကြောင်း​ကို အကျွန်ုပ်​အား​ကြား​စေ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ပါ​၏​။ အကျွန်ုပ်​သွား​ရ​မည့်​လမ်း​ကို အကျွန်ုပ်​အား သိ​စေ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ရန်သူ​တို့​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၌​ခိုလှုံ​ပါ​၏​။ ကိုယ်တော်​၏​အလို​တော်​ကို​ဆောင်ရွက်​နိုင်​ရန် အကျွန်ုပ်​ကို​သင်ကြား​ပေး​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​ကောင်းမြတ်​သော​ဝိညာဉ်​တော်​သည် အကျွန်ုပ်​ကို ညီညာ​သော​မြေပြင်​ပေါ်မှာ ပို့ဆောင်​တော်မူ​ပါစေသော​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ဆင်းရဲဒုက္ခ​ထဲမှ ထုတ်ဆောင်​တော်မူ​ပါ​။