YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 139:1-8

ဆာလံ 139:1-8 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စစ်​ကြော၍ သိ​တော်​မူ၏။ အ​ကျွန်ုပ်​ထိုင်​ခြင်း၊ ထ​ခြင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​ကျွန်ုပ်​အ​ကြံ​အ​စည်​တို့​ကို အ​ဝေး​က​ပင် နား​လည်​တော်​မူ၏။ အ​ကျွန်ုပ်​သွား​သော လမ်း​ကို​လည်း​ကောင်း၊ အိပ်​ရာ​ကို​လည်း​ကောင်း စစ်​ဆေး၍၊ အ​ကျွန်ုပ်​ကျင့်​သော အ​ကျင့်​အ​လုံး​စုံ​တို့​ကို ကျွမ်း​တော်​မူ၏။ အ​ကျွန်ုပ်​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​မြွက်​သော်​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကြွင်း​မဲ့ သိ​တော်​မူ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ပတ်​လည်​ဝိုင်း​ထား၍၊ အ​ကျွန်ုပ်​အ​ပေါ်​မှာ လက်​တော်​ကို တင်​တော်​မူ​ပြီ။ ထို​သို့​သော ဉာဏ်​သည် အံ့​ဩ​ဖွယ်​ဖြစ်၍၊ အ​ကျွန်ုပ်​မ​တတ်​နိုင်​ပါ။ မြင့်​မြတ်​သည်​ဖြစ်၍ အ​ကျွန်ုပ် မ​မီ​နိုင်​ပါ။ ဝိ​ညာဉ်​တော်​နှင့် လွတ်​ခြင်း​အ​လို​ငှာ အ​ဘယ်​အ​ရပ်​သို့ သွား​နိုင်​ပါ​မည်​နည်း။ မျက်​နှာ​တော်​နှင့် လွတ်​ခြင်း​အ​လို​ငှာ အ​ဘယ်​အ​ရပ်​သို့ ပြေး​နိုင်​ပါ​မည်​နည်း။ ကောင်း​ကင်​သို့​တက်​လျှင် ကိုယ်​တော်​ရှိ​တော်​မူ၏။ မ​ရ​ဏ​နိုင်​ငံ၌ အိပ်​ရာ​ကို​ခင်း​လျှင် ကိုယ်​တော်​ရှိ​တော်​မူ၏။

ဆာလံ 139:1-8 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား စစ်​ဆေး​ကြည့်​ရှု​တော်​မူ​ပြီး​ဖြစ်​၍​ကျွန်​တော် မျိုး​၏ အ​ကြောင်း​ကို​သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ အ​ဝေး​က​ကျွန်​တော်​မျိုး​၏​အ​ကြံ​အ​စည် ရှိ​သ​မျှ​ကို​သိ​မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အ​လုပ်​လုပ်​လျက်​နေ​သည် ဖြစ်​စေ၊ နား​လျက်​နေ​သည်​ဖြစ်​စေ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​နှုတ်​ကို​မ​ဖွင့်​မီ​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ပြော​ဆို​မည့် စ​ကား​တို့​ကို​သိ​ရှိ​ပြီး​ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရှေ့​နောက်​တွင် စောင့်​ကြပ်​လျက်​နေ​တော်​မူ​ပါ​၏။ တန်​ခိုး​တော်​ဖြင့်​ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ကို​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပုံ​မှာ​အံ့​သြ​ဖွယ်​ဖြစ်​ပါ​၏။ ထို​သို့​သော​အ​သိ​ဉာဏ်​သည်​ကျွန်​တော်​မျိုး နား​မ​လည်​နိုင်​အောင်​နက်​နဲ​လှ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​နှင့်​ကင်း​ဝေး​စေ​ရန် အ​ဘယ်​အ​ရပ်​သို့​သွား​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​မျက်​မှောက်​တော်​မှ​ကင်း​လွတ် စေ​ရန် အ​ဘယ်​အ​ရပ်​သို့​ထွက်​ခွာ​နိုင်​ပါ​မည်​နည်း။ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည် ကောင်း​ကင်​သို့​တက်​လျှင်​ထို​အ​ရပ်​တွင် ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ပါ​၏။ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​မ​ရ​ဏာ နိုင်​ငံ​တွင် လဲ​လျောင်း​လျှင် ထို​အ​ရပ်​တွင်​ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ပါ​၏။

ဆာလံ 139:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို စစ်ကြော​၍ သိ​တော်မူ​၏​။ အကျွန်ုပ်​၏​ထိုင်​ခြင်း​နှင့် ထ​ခြင်း​ကို သိ​တော်မူ​၏​။ အကျွန်ုပ်​၏​အတွေးအကြံ​ကို အဝေး​ကပင် သိနားလည်​တော်မူ​၏​။ အကျွန်ုပ်​၏​သွားလာ​ခြင်း​နှင့် အိပ်စက်နားနေ​ခြင်း​ကို ခွဲခြား​သိမြင်​တော်မူ​၏​။ အကျွန်ုပ်​၏​လမ်းခရီး​ရှိသမျှ​တို့​နှင့်​လည်း ကျွမ်းဝင်​တော်မူ​၏​။ အကျွန်ုပ်​၏​နှုတ်​၌ စကား​တစ်​ခွန်း​မျှ​မ​ရှိ​သော်လည်း အို ထာဝရဘုရား​၊ ထို​စကား​အလုံးစုံ​တို့​ကို ကိုယ်တော်​သိ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို ရှေ့​နောက်​မှ​ကာဆီး​ပေး​၍ အကျွန်ုပ်​အပေါ်​၌ လက်​တော်​ကို​တင်​တော်မူ​၏​။ ထိုသို့သော​အသိပညာ​သည် အကျွန်ုပ်​အတွက်​အံ့ဩဖွယ်​ကောင်း​လွန်း​ပါ​၏​။ မြင့်မား​လှ​သည်​ဖြစ်၍ အကျွန်ုပ်​မ​မီ​နိုင်​ပါ​။ ကိုယ်တော်​၏​ဝိညာဉ်​တော်​မှ​လွတ်​ရန် မည်သည့်​အရပ်​သို့ အကျွန်ုပ်​သွား​နိုင်​ပါ​မည်နည်း​။ ကိုယ်တော်​၏​ရှေ့​တော်​မှောက်​မှ​လွတ်​ရန် မည်သည့်​အရပ်​သို့ အကျွန်ုပ်​ထွက်ပြေး​နိုင်​ပါ​မည်နည်း​။ အကျွန်ုပ်​သည် ကောင်းကင်​သို့​တက်​လျှင် ထို​အရပ်​၌ ကိုယ်တော်​ရှိ​တော်မူ​၏​။ မရဏာနိုင်ငံ​၌​အိပ်ရာခင်း​လျှင်​လည်း ထို​အရပ်​၌ ကိုယ်တော်​ရှိ​တော်မူ​၏​။