YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 139:1-4

ဆာလံ 139:1-4 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား စစ်​ဆေး​ကြည့်​ရှု​တော်​မူ​ပြီး​ဖြစ်​၍​ကျွန်​တော် မျိုး​၏ အ​ကြောင်း​ကို​သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ အ​ဝေး​က​ကျွန်​တော်​မျိုး​၏​အ​ကြံ​အ​စည် ရှိ​သ​မျှ​ကို​သိ​မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အ​လုပ်​လုပ်​လျက်​နေ​သည် ဖြစ်​စေ၊ နား​လျက်​နေ​သည်​ဖြစ်​စေ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​နှုတ်​ကို​မ​ဖွင့်​မီ​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ပြော​ဆို​မည့် စ​ကား​တို့​ကို​သိ​ရှိ​ပြီး​ဖြစ်​ပါ​၏။

ဆာလံ 139:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို စစ်ကြော​၍ သိ​တော်မူ​၏​။ အကျွန်ုပ်​၏​ထိုင်​ခြင်း​နှင့် ထ​ခြင်း​ကို သိ​တော်မူ​၏​။ အကျွန်ုပ်​၏​အတွေးအကြံ​ကို အဝေး​ကပင် သိနားလည်​တော်မူ​၏​။ အကျွန်ုပ်​၏​သွားလာ​ခြင်း​နှင့် အိပ်စက်နားနေ​ခြင်း​ကို ခွဲခြား​သိမြင်​တော်မူ​၏​။ အကျွန်ုပ်​၏​လမ်းခရီး​ရှိသမျှ​တို့​နှင့်​လည်း ကျွမ်းဝင်​တော်မူ​၏​။ အကျွန်ုပ်​၏​နှုတ်​၌ စကား​တစ်​ခွန်း​မျှ​မ​ရှိ​သော်လည်း အို ထာဝရဘုရား​၊ ထို​စကား​အလုံးစုံ​တို့​ကို ကိုယ်တော်​သိ​တော်မူ​၏​။