YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 139:1-14

ဆာလံ 139:1-14 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စစ်​ကြော၍ သိ​တော်​မူ၏။ အ​ကျွန်ုပ်​ထိုင်​ခြင်း၊ ထ​ခြင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​ကျွန်ုပ်​အ​ကြံ​အ​စည်​တို့​ကို အ​ဝေး​က​ပင် နား​လည်​တော်​မူ၏။ အ​ကျွန်ုပ်​သွား​သော လမ်း​ကို​လည်း​ကောင်း၊ အိပ်​ရာ​ကို​လည်း​ကောင်း စစ်​ဆေး၍၊ အ​ကျွန်ုပ်​ကျင့်​သော အ​ကျင့်​အ​လုံး​စုံ​တို့​ကို ကျွမ်း​တော်​မူ၏။ အ​ကျွန်ုပ်​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​မြွက်​သော်​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကြွင်း​မဲ့ သိ​တော်​မူ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ပတ်​လည်​ဝိုင်း​ထား၍၊ အ​ကျွန်ုပ်​အ​ပေါ်​မှာ လက်​တော်​ကို တင်​တော်​မူ​ပြီ။ ထို​သို့​သော ဉာဏ်​သည် အံ့​ဩ​ဖွယ်​ဖြစ်၍၊ အ​ကျွန်ုပ်​မ​တတ်​နိုင်​ပါ။ မြင့်​မြတ်​သည်​ဖြစ်၍ အ​ကျွန်ုပ် မ​မီ​နိုင်​ပါ။ ဝိ​ညာဉ်​တော်​နှင့် လွတ်​ခြင်း​အ​လို​ငှာ အ​ဘယ်​အ​ရပ်​သို့ သွား​နိုင်​ပါ​မည်​နည်း။ မျက်​နှာ​တော်​နှင့် လွတ်​ခြင်း​အ​လို​ငှာ အ​ဘယ်​အ​ရပ်​သို့ ပြေး​နိုင်​ပါ​မည်​နည်း။ ကောင်း​ကင်​သို့​တက်​လျှင် ကိုယ်​တော်​ရှိ​တော်​မူ၏။ မ​ရ​ဏ​နိုင်​ငံ၌ အိပ်​ရာ​ကို​ခင်း​လျှင် ကိုယ်​တော်​ရှိ​တော်​မူ၏။ နံ​နက်​အ​တောင်​တို့​ကို​ယူ၍ သ​မု​ဒ္ဒ​ရာ​စွန်း၌​နေ​လျှင်၊ ထို​အ​ရပ်၌​ပင် ကိုယ်​တော်၏​လက်​သည် အ​ကျွန်ုပ်​ကို​ပို့​ဆောင်​လျက်၊ လက်​ယာ​လက်​တော်​သည် ကိုင်​လျက်​ရှိ​ပါ​လိမ့်​မည်။ အ​ကယ်၍ မှောင်​မိုက်​သည် ငါ့​ကို​ဖုံး​လွှမ်း​မည်​ဟု တစ်​ဖန်​ဆို​လျှင်၊ ည​သည်​လည်း အ​ကျွန်ုပ်​ပတ်​ဝန်း​ကျင်၌ အ​လင်း​ဖြစ်​ပါ​လိမ့်​မည်။ အ​ကယ်​စင်​စစ် မှောင်​မိုက်​သည် ရှေ့​တော်၌ အ​ဘယ်​အ​ရာ​ကို​မျှ မ​ဖုံး​နိုင်​ပါ။ ည​သည် နေ့​ကဲ့​သို့​လင်း​ပါ၏။ မှောင်​မိုက်​သ​ဘော​နှင့် အ​လင်း​သ​ဘော​သည်​တူ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကျောက်​ကပ်​ကို​ပင် ဖန်​ဆင်း၍၊ အ​မိ​ဝမ်း​ထဲ​မှာ အ​ကျွန်ုပ်​ကို ဖုံး​အုပ်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။

ဆာလံ 139:1-14 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား စစ်​ဆေး​ကြည့်​ရှု​တော်​မူ​ပြီး​ဖြစ်​၍​ကျွန်​တော် မျိုး​၏ အ​ကြောင်း​ကို​သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ အ​ဝေး​က​ကျွန်​တော်​မျိုး​၏​အ​ကြံ​အ​စည် ရှိ​သ​မျှ​ကို​သိ​မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အ​လုပ်​လုပ်​လျက်​နေ​သည် ဖြစ်​စေ၊ နား​လျက်​နေ​သည်​ဖြစ်​စေ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​နှုတ်​ကို​မ​ဖွင့်​မီ​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ပြော​ဆို​မည့် စ​ကား​တို့​ကို​သိ​ရှိ​ပြီး​ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရှေ့​နောက်​တွင် စောင့်​ကြပ်​လျက်​နေ​တော်​မူ​ပါ​၏။ တန်​ခိုး​တော်​ဖြင့်​ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ကို​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပုံ​မှာ​အံ့​သြ​ဖွယ်​ဖြစ်​ပါ​၏။ ထို​သို့​သော​အ​သိ​ဉာဏ်​သည်​ကျွန်​တော်​မျိုး နား​မ​လည်​နိုင်​အောင်​နက်​နဲ​လှ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​နှင့်​ကင်း​ဝေး​စေ​ရန် အ​ဘယ်​အ​ရပ်​သို့​သွား​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​မျက်​မှောက်​တော်​မှ​ကင်း​လွတ် စေ​ရန် အ​ဘယ်​အ​ရပ်​သို့​ထွက်​ခွာ​နိုင်​ပါ​မည်​နည်း။ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည် ကောင်း​ကင်​သို့​တက်​လျှင်​ထို​အ​ရပ်​တွင် ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ပါ​၏။ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​မ​ရ​ဏာ နိုင်​ငံ​တွင် လဲ​လျောင်း​လျှင် ထို​အ​ရပ်​တွင်​ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ပါ​၏။ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​နေ​ထွက်​ရာ အ​ရပ်​သို့ ပျံ​သွား​လျှင်​လည်း​ကောင်း၊ နေ​ဝင်​ရာ​အ​ရပ်​တွင်​နေ​ထိုင်​လျှင်​လည်း​ကောင်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ရှေ့​ဆောင် လမ်း​ပြ​တော်​မူ​ရန်​ထို​အ​ရပ်​တွင်​ရှိ​နေ​တော် မူ​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ကူ​မ​တော် မူ​ရန် ထို​အ​ရပ်​တွင်​ရှိ​နေ​တော်​မူ​မည်။ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​မိ​မိ​အား ဖုံး​လွှမ်း​ရန် မှောင်​မိုက်​ကို​လည်း​ကောင်း၊ မိ​မိ​၏​ပတ်​လည်​ရှိ​အ​လင်း​ကို​ညဥ့်​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​ရန်​လည်း​ကောင်း​စေ​ခိုင်း​လျှင် ကိုယ်​တော်​၏​အ​တွက်​မှောင်​မိုက်​သည်​ပင်​လျှင် အ​မှောင်​မ​ဟုတ်​ပါ။ ညဥ့်​သည်​လည်း​နေ့​ကဲ့​သို့​ထွန်း​လင်း​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​ဖို့​မှာ​မှောင်​မိုက်​နှင့်​အ​လင်း​သည် အ​တူ​တူ​ပင်​ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ အ​စိတ်​အ​ပိုင်း​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်​ယင်း​တို့​ကို​ကျွန်​တော်​မျိုး မိ​ခင်​၏​ဝမ်း​တွင်း​၌​ဆက်​စပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော​အ​မှု အ​ရာ​တို့​သည် ထူး​ဆန်း​အံ့​သြ​ဖွယ်​ကောင်း​ကြောင်း​ကျွန်​တော်​မျိုး အ​သေ​အ​ချာ​သိ​ပါ​၏။

ဆာလံ 139:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို စစ်ကြော​၍ သိ​တော်မူ​၏​။ အကျွန်ုပ်​၏​ထိုင်​ခြင်း​နှင့် ထ​ခြင်း​ကို သိ​တော်မူ​၏​။ အကျွန်ုပ်​၏​အတွေးအကြံ​ကို အဝေး​ကပင် သိနားလည်​တော်မူ​၏​။ အကျွန်ုပ်​၏​သွားလာ​ခြင်း​နှင့် အိပ်စက်နားနေ​ခြင်း​ကို ခွဲခြား​သိမြင်​တော်မူ​၏​။ အကျွန်ုပ်​၏​လမ်းခရီး​ရှိသမျှ​တို့​နှင့်​လည်း ကျွမ်းဝင်​တော်မူ​၏​။ အကျွန်ုပ်​၏​နှုတ်​၌ စကား​တစ်​ခွန်း​မျှ​မ​ရှိ​သော်လည်း အို ထာဝရဘုရား​၊ ထို​စကား​အလုံးစုံ​တို့​ကို ကိုယ်တော်​သိ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို ရှေ့​နောက်​မှ​ကာဆီး​ပေး​၍ အကျွန်ုပ်​အပေါ်​၌ လက်​တော်​ကို​တင်​တော်မူ​၏​။ ထိုသို့သော​အသိပညာ​သည် အကျွန်ုပ်​အတွက်​အံ့ဩဖွယ်​ကောင်း​လွန်း​ပါ​၏​။ မြင့်မား​လှ​သည်​ဖြစ်၍ အကျွန်ုပ်​မ​မီ​နိုင်​ပါ​။ ကိုယ်တော်​၏​ဝိညာဉ်​တော်​မှ​လွတ်​ရန် မည်သည့်​အရပ်​သို့ အကျွန်ုပ်​သွား​နိုင်​ပါ​မည်နည်း​။ ကိုယ်တော်​၏​ရှေ့​တော်​မှောက်​မှ​လွတ်​ရန် မည်သည့်​အရပ်​သို့ အကျွန်ုပ်​ထွက်ပြေး​နိုင်​ပါ​မည်နည်း​။ အကျွန်ုပ်​သည် ကောင်းကင်​သို့​တက်​လျှင် ထို​အရပ်​၌ ကိုယ်တော်​ရှိ​တော်မူ​၏​။ မရဏာနိုင်ငံ​၌​အိပ်ရာခင်း​လျှင်​လည်း ထို​အရပ်​၌ ကိုယ်တော်​ရှိ​တော်မူ​၏​။ အရုဏ်ဦး​၏​တောင်ပံ​တို့​ကို​ဆောင်ယူ​လျက် သမုဒ္ဒရာ​၏​အစွန်အဖျား​၌ နေထိုင်​လျှင်​လည်း ထို​အရပ်​၌ ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ပို့ဆောင်​လျက်​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အကျွန်ုပ်​ကို​ဆွဲကိုင်​လျက်​ရှိ​ပါ​လိမ့်မည်​။ “​အကယ်စင်စစ် အမှောင်​သည် အကျွန်ုပ်​ကို​ဖုံးလွှမ်း​၍ အကျွန်ုပ်​ကို​ဝန်းရံ​ထား​သော​အလင်း​သည် ည​ဖြစ်သွား​လိမ့်မည်​”​ဟု အကျွန်ုပ်​ဆို​လျှင်​လည်း ကိုယ်တော်​အတွက် အမှောင်​သည် မ​မှောင်​ပါ​။ ည​သည် နေ့​ကဲ့သို့​လင်း​ပါ​၏​။ မှောင်မည်း​ခြင်း​သည်​လည်း အလင်း​ကဲ့သို့​ဖြစ်​ပါ​၏​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​အတွင်းပိုင်း​တို့​ကို ဖန်ဆင်း​၍ အမိ​ဝမ်းတွင်း​၌ အကျွန်ုပ်​ကို​ဆက်စပ်​ဖွဲ့စည်း​တော်မူ​၏​။ အကျွန်ုပ်​ကို ကြောက်ရွံ့​အံ့ဩဖွယ်​ကောင်း​သော လက္ခဏာ​တို့​ဖြင့် ဖန်ဆင်း​တော်မူ​သည်​ဖြစ်၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ပါ​၏​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အံ့ဩဖွယ်​ဖြစ်ကြောင်း​ကို အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကောင်း​စွာ​သိ​ပါ​၏​။