YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 138:1-8

ဆာလံ 138:1-8 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ အ​ကျွန်ုပ်​ချီး​မွမ်း​ပါ​မည်။ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ရှေ့​မှာ ကိုယ်​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။ သန့်​ရှင်း​သော ဗိ​မာန်​တော်​သို့ မျက်​နှာ​ပြု​လျက် ပျပ်​ဝပ်​ကိုး​ကွယ်၍ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကြောင့် နာ​မ​တော်​ကို​ချီး​မွမ်း​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ က​တိ​တော်​ကို သ​တင်း​တော်​ရှိ​သ​မျှ​ထက် ချီး​မြှောက်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​အော်​ဟစ်​သော​နေ့​တွင် နား​ထောင်​တော်​မူ၍၊ စိတ်​ဝိ​ညာဉ်​ထဲ​သို့ ခွန်​အား​ကို​သွင်း​သ​ဖြင့်၊ အ​ကျွန်ုပ်​ကို ခိုင်​မာ​စေ​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ လော​ကီ​ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် နှုတ်​တော်​ထွက်​စ​ကား​တို့​ကို ကြား​ရ​သည်​ဖြစ်၍၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​လမ်း​ခ​ရီး​တော်​တို့၌ လိုက်၍ သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ကြီး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​မြတ်​တော်​မူ​သော်​လည်း၊ စိတ်​နှိမ့်​ချ​သော သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ စိတ်​မြင့်​သော သူ​တို့​ကို​ကား၊ အ​ဝေး​က​သိ​တော်​မူ၏။ အ​ကျွန်ုပ်​သည် ဆင်း​ရဲ​ဒု​က္ခ​များ၌ ကျင်​လည်​သော်​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​လိမ့်​မည်။ လက်​တော်​ကို​ဆန့်​လျက်၊ ရန်​သူ​တို့၏ အ​မျက်​ဒေါ​သ​ကို​ဆီး​တား၍၊ လက်​ယာ​လက်​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ တည်​ပါ​သည်​ဖြစ်၍၊ ကိုယ်​တော်၏​လက်​နှင့်​ပြု​စု​သော အ​မှု​တို့​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

ဆာလံ 138:1-8 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။ ဘု​ရား​များ​ရှေ့​တွင်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​သီ​ချင်း​ဆို​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​မြင့်​မြတ် သန့်​ရှင်း​သော​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက် ဦး​ညွှတ်​ပျပ်​ဝပ်​ကာ​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​နှင့်​သစ္စာ​တော်​ကြောင့်​နာ​မ​တော်​ကို ထော​မ​နာ​ပြု​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​နှင့်​က​တိ​တော်​တို့​သည် အ​ထွတ်​အ​မြတ်​ဆုံး​ဖြစ်​ကြောင်း​ပြ​သ တော်​မူ​ပြီ။ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​သော အ​ခါ ကိုယ်​တော်​ရှင်​သည်​ထူး​တော်​မူ​၍​ကျွန်​တော်​မျိုး​အား အား​သစ်​လောင်း​တော်​မူ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ရှင်​၏​က​တိ​တော်​များ​ကို​ကြား သိ​ရ​သ​ဖြင့် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော် အ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကြီး​မြတ်​သော​ဘုန်း​အ​သ​ရေ​တော် အ​ကြောင်း​ကို​လည်း​ကောင်း သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​သော်​လည်း နိမ့်​ကျ​သူ​တို့​အား​ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၏။ မာန်​မာ​န​ကြီး​သူ​တို့​ကို​မူ​ကား​အ​ဝေး​က သိ​တော်​မူ​၏။ ဒုက္ခ​များ​ပတ်​လည်​ဝိုင်း​လျက်​နေ​ချိန်​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​သက်​ကို ကာ​ကွယ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​၏ အ​မျက်​ကို​ဆီး​တား​တော်​မူ​လျက် တန်​ခိုး​တော်​အား​ဖြင့်​ကျွန်​တော်​မျိုး​ကို ကယ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း​ပြု​တော်​မူ ပါ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​တော်​မူ​ပါ​၏။ အ​စ​ပြု​တော်​မူ​သော​အ​မှု​တော်​ကို ပြီး​စီး​စေ​တော်​မူ​ပါ။

ဆာလံ 138:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​ပါ​မည်​။ ဘုရား​များ​ရှေ့​၌ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သန့်ရှင်း​သော ဗိမာန်တော်​သို့​မျက်နှာမူ​၍ ရှိခိုးကိုးကွယ်​ပါ​မည်​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်​သမ္မာတရား​အတွက် နာမ​တော်​ကို​ချီးမွမ်း​ပါ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် နာမ​တော်​နှင့်​ကတိ​တော်​တို့​ကို အရာခပ်သိမ်း​တို့​ထက် ချီးမြှောက်​တော်မူ​ပြီ​။ အကျွန်ုပ်​ခေါ်​သော​နေ့​၌ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​၍ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို အစွမ်းသတ္တိ​နှင့်​ပြည့်​စေ​တော်မူ​၏​။ အို ထာဝရဘုရား​၊ ကမ္ဘာမြေကြီး​ပေါ်​ရှိ ရှင်ဘုရင်​အပေါင်း​တို့​သည် ကိုယ်တော်​၏​နှုတ်​တော်​ထွက်​စကား​တို့​ကို ကြား​ရ​သည်​ဖြစ်၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။ ထာဝရဘုရား​၏​လမ်း​တော်​တို့​အကြောင်း​ကို​လည်း သီကျူး​ကြ​ပါ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် ကြီးမား​လှ​ပါ​၏​။ အကယ်စင်စစ် ထာဝရဘုရား​သည် မြင့်မြတ်​တော်မူ​သော်လည်း နှိမ့်ချ​သော​သူ​တို့​ကို ကြည့်ရှု​တော်မူ​၏​။ ဘဝင်မြင့်​သော​သူ​တို့​ကို​ကား အဝေး​ကပင် သိ​တော်မူ​၏​။ အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​ထဲ​၌ ကျင်လည်​ရ​သော်လည်း ကိုယ်တော်​သည် အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ရန်သူ​တို့​၏​အမျက်ဒေါသ​အပေါ်​၌ မိမိ​၏​လက်​တော်​ကို​ဆန့်​၍ ကိုယ်တော်​၏​လက်ယာ​လက်​တော်​ဖြင့် အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​မည်​။ ထာဝရဘုရား​သည် ငါ့​အမှု​ကို ပြီးပြည့်စုံ​စေ​တော်မူ​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​ဖြင့် ပြုလုပ်​သော​အရာ​များ​ကို ပစ်ထား​တော်​မ​မူ​ပါ​နှင့်​။