YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 138:1-8

ဆာလံကျမ်း 138:1-8 MSBU

အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​ပါ​မည်​။ ဘုရား​များ​ရှေ့​၌ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သန့်ရှင်း​သော ဗိမာန်တော်​သို့​မျက်နှာမူ​၍ ရှိခိုးကိုးကွယ်​ပါ​မည်​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်​သမ္မာတရား​အတွက် နာမ​တော်​ကို​ချီးမွမ်း​ပါ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် နာမ​တော်​နှင့်​ကတိ​တော်​တို့​ကို အရာခပ်သိမ်း​တို့​ထက် ချီးမြှောက်​တော်မူ​ပြီ​။ အကျွန်ုပ်​ခေါ်​သော​နေ့​၌ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​၍ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို အစွမ်းသတ္တိ​နှင့်​ပြည့်​စေ​တော်မူ​၏​။ အို ထာဝရဘုရား​၊ ကမ္ဘာမြေကြီး​ပေါ်​ရှိ ရှင်ဘုရင်​အပေါင်း​တို့​သည် ကိုယ်တော်​၏​နှုတ်​တော်​ထွက်​စကား​တို့​ကို ကြား​ရ​သည်​ဖြစ်၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။ ထာဝရဘုရား​၏​လမ်း​တော်​တို့​အကြောင်း​ကို​လည်း သီကျူး​ကြ​ပါ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် ကြီးမား​လှ​ပါ​၏​။ အကယ်စင်စစ် ထာဝရဘုရား​သည် မြင့်မြတ်​တော်မူ​သော်လည်း နှိမ့်ချ​သော​သူ​တို့​ကို ကြည့်ရှု​တော်မူ​၏​။ ဘဝင်မြင့်​သော​သူ​တို့​ကို​ကား အဝေး​ကပင် သိ​တော်မူ​၏​။ အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​ထဲ​၌ ကျင်လည်​ရ​သော်လည်း ကိုယ်တော်​သည် အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ရန်သူ​တို့​၏​အမျက်ဒေါသ​အပေါ်​၌ မိမိ​၏​လက်​တော်​ကို​ဆန့်​၍ ကိုယ်တော်​၏​လက်ယာ​လက်​တော်​ဖြင့် အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​မည်​။ ထာဝရဘုရား​သည် ငါ့​အမှု​ကို ပြီးပြည့်စုံ​စေ​တော်မူ​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​ဖြင့် ပြုလုပ်​သော​အရာ​များ​ကို ပစ်ထား​တော်​မ​မူ​ပါ​နှင့်​။