YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 13:3-6

ဆာလံ 13:3-6 Judson Bible (JBMLE)

အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​စ​ကား​ကို မျက်​နှာ​ပြု၍ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​စိ​ကို လင်း​စေ​တော်​မူ​ပါ။ သို့​မ​ဟုတ်​လျှင် အ​သေ​အိပ်​ပျော်​ခြင်း​သို့ ရောက်​ရ​ပါ​မည်။ အ​ကျွန်ုပ်၏​ရန်​သူ​က၊ ငါ​နိုင်​ပြီ​ဟု​ဆို၍၊ အ​ကျွန်ုပ်​ကို​နှောင့်​ယှက်​သော သူ​တို့​သည် အ​ကျွန်ုပ်​လှုပ်​ရှား​သည်​ကို ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည် က​ရု​ဏာ​တော်​ကို ယုံ​ကြည်​ပါ၏။ ကယ်​တင်​တော်​မူ​ခြင်း​အ​ရာ၌ နှ​လုံး​ရွှင်​လန်း​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်၌ ကျေး​ဇူး​ပြု​တော်​မူ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

ဆာလံ 13:3-6 Common Language Bible (BCL)

ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​ကြည့်​တော်​မူ​၍ ထူး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​ပြန်​လည်​၍​ခွန်​အား​ဖြင့် ပြည့်​ဝ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​သေ​စေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည် ``ငါ​တို့​သူ့​ကို​အ​နိုင်​ရ​ပြီ'' ဟူ​၍ ပြော​ဆို​နိုင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​ကျွန်​တော်​မျိုး​၏​ပြို​လဲ​မှု​ကြောင့် ဝမ်း​မြောက်​နိုင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​အား​ကိုး​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​မည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား ကျေး​ဇူး​ပြု​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

ဆာလံ 13:3-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကြည့်ရှုဆင်ခြင်​၍ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ အကျွန်ုပ်​၏​မျက်စိ​ကို​အလင်းပေး​တော်မူ​ပါ​။ သို့မဟုတ်လျှင် အကျွန်ုပ်​သည် သေ​ခြင်း​၌​အိပ်ပျော်​ရ​ပါ​လိမ့်မည်​။ အကျွန်ုပ်​၏​ရန်သူ​က​လည်း “​သူ့​ကို​ငါ​နိုင်​ပြီ​”​ဟု ဆို​ပါ​လိမ့်မည်​။ အကျွန်ုပ်​တုန်လှုပ်​သောအခါ အကျွန်ုပ်​ကို​ရန်ဖက်ပြု​သော​သူ​တို့​သည် ရွှင်လန်း​ကြ​ပါ​လိမ့်မည်​။ သို့ရာတွင် အကျွန်ုပ်​သည် ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို ယုံကြည်ကိုးစား​ပါ​၏​။ အကျွန်ုပ်​၏​စိတ်နှလုံး​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​၌ ရွှင်လန်း​ပါ​မည်​။ ထာဝရဘုရား​သည် အကျွန်ုပ်​ကို ကျေးဇူးပြု​တော်မူ​သောကြောင့် အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့ သီချင်းဆို​ပါ​မည်​။