YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 126:1-6

ဆာလံ 126:1-6 Judson Bible (JBMLE)

ဖမ်း​သွား​ချုပ်​ထား​သော ဇိ​အုန်​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပြန်​လာ​စေ​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် အိပ်​မက်​သော​သူ​ကဲ့​သို့ ဖြစ်​ကြ၏။ ထို​အ​ခါ ငါ​တို့​နှုတ်​သည် ရယ်​ခြင်း​နှင့်​လည်း​ကောင်း၊ ငါ​တို့​လျှာ​သည် သီ​ချင်း​ဆို​ခြင်း​နှင့်​လည်း​ကောင်း ပြည့်​ဝ၏။ တစ်​ပါး​အ​မျိုး​သား​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ဖို့ ကြီး​သော​အ​မှု​ကို​ပြု​တော်​မူ​ပြီ​ဟု ဆို​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အ​ဖို့ ကြီး​သော​အ​မှု​ကို​ပြု​တော်​မူ​ပြီ။ ငါ​တို့​သည်​လည်း ဝမ်း​မြောက်​လျက်​နေ​ကြ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ဖမ်း​သွား​ချုပ်​ထား​ခြင်း​ကို​ခံ​ရ​သော အ​ကျွန်ုပ်​တို့​ကို တောင်​မျက်​နှာ​ချောင်း​ရေ​ကဲ့​သို့ တစ်​ဖန် ပြန်​လာ​စေ​တော်​မူ​ပါ။ မျက်​ရည်​ကျ​လျက် မျိုး​စေ့​ကြဲ​သော​သူ​တို့​သည် ရွှင်​လန်း​လျက် စ​ပါး​ရိတ်​ကြ​လိမ့်​မည်။ မျက်​ရည်​ကျ​လျက် ကြဲ​ရန်​မျိုး​စေ့​ကို​ဆောင်၍ ထွက်​သွား​သော​သူ​သည်၊ ကောက်​လှိုင်း​များ​ကို​ဆောင်​လျက် ရွှင်​လန်း​သော​စိတ်​နှင့် အ​မှန်​ပြန်​လာ​လိမ့်​မည်။

ဆာလံ 126:1-6 Common Language Bible (BCL)

ငါ​တို့​အား​ဇိ​အုန်​မြို့​သို့ ထာ​ဝ​ရ​ဘု​ရား​ပြန်​လည်​ခေါ်​ဆောင်​သည်​မှာ အိပ်​မက်​ကဲ့​သို့​ဖြစ်​ပါ​၏။ ငါ​တို့​သည်​များ​စွာ​ရယ်​မော​ကြ​ရ​လျက် ပျော်​ရွှင်​စွာ​သီ​ချင်း​ဆို​ကြ​ရ​၏။ ထို​အ​ခါ​အ​ခြား​လူ​မျိုး​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​သူ​တို့​အ​တွက် ကြီး​မြတ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။ ကိုယ်​တော်​သည်​အ​မှန်​ပင်​ငါ​တို့​အ​တွက် ကြီး​မြတ်​သော​အ​မှု​ကို​ပြု​တော်​မူ​ပြီ။ ငါ​တို့​သည်​အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​ခဲ့ ကြ ပါ​သည်​တ​ကား။ အို ထာ​ဝ​ရ​ဘု​ရား၊ မိုး​ရေ​သည်​ခြောက်​သွေ့​သည့်​ချောင်း​များ​ကို ရေ​ဖြင့်​တစ်​ဖန်​ပြည့်​စေ​သ​ကဲ့​သို့ ကျွန်​တော်​မျိုး​တို့​ကို​တစ်​ဖန်​ကြီး​ပွား​တိုး​တက် စေ​တော်​မူ​ပါ။ မျက်​ရည်​ကျ​လျက်​စိုက်​ပျိုး​ကြ​ရ​သူ​တို့​အား ဝမ်း​မြောက်​စွာ​သီး​နှံ​များ​ရိတ်​သိမ်း​ရ​သော အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ မျက်​ရည်​ကျ​လျက်​မျိုး​စေ့​များ​ကို ယူ​ဆောင်​သွား​ကြ​သူ​တို့​သည် သီး​နှံ​များ​ကို​သယ်​ဆောင်​ကာ​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​၍​ပြန်​လာ​ကြ​လိမ့်​မည်။

ဆာလံ 126:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​သည် ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော ဇိအုန်​သား​တို့​ကို ပြန်လာ​စေ​တော်မူ​သောအခါ ငါ​တို့​သည် အိပ်မက်မက်​နေ​သူ​ကဲ့သို့​ဖြစ်​ကြ​၏​။ ထိုအခါ ငါ​တို့​နှုတ်​သည် ရယ်မော​ခြင်း​နှင့်​လည်းကောင်း​၊ ငါ​တို့​လျှာ​သည် ရွှင်လန်း​စွာ ကြွေးကြော်​ခြင်း​နှင့်​လည်းကောင်း ပြည့်ဝ​၏​။ လူ​တို့​က​လည်း “​ထာဝရဘုရား​သည် သူ​တို့​အတွက် ကြီးမြတ်​သော​အမှု​ကို ပြု​တော်မူ​ပြီ​”​ဟု တိုင်းနိုင်ငံ​တို့​အလယ်​တွင်​ပြောဆို​ကြ​၏​။ ထာဝရဘုရား​သည် ငါ​တို့​အတွက် ကြီးမြတ်​သော​အမှု​ကို​ပြု​တော်မူ​ပြီ​။ ငါ​တို့​သည် ဝမ်းမြောက်​ကြ​၏​။ အို ထာဝရဘုရား​၊ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​အကျွန်ုပ်​တို့​ကို နေဂေ့​အရပ်​မှ​ချောင်းရေ​များ​ကဲ့သို့ ပြန်လာ​စေ​တော်မူ​ပါ​။ မျက်ရည်​ဖြင့် မျိုးစေ့ကြဲ​သော​သူ​တို့​သည် ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် ရိတ်သိမ်း​ရ​ကြ​လိမ့်မည်​။ မျက်ရည်ကျ​လျက် ကြဲစရာ​မျိုးစေ့​ကို​သယ်ဆောင်​၍ ထွက်သွား​သော​သူ​သည် မိမိ​၏​ကောက်လှိုင်း​များ​ကို​သယ်ဆောင်​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် မုချ​ပြန်လာ​လိမ့်မည်​။