YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 121:1-8

ဆာလံ 121:1-8 Judson Bible (JBMLE)

ငါ့​ကို​မ​စ​ခြင်း​အ​ကြောင်း​သည် ပေါ်​ထွက်​ရ​သော​တောင်​ရိုး​သို့ ငါ​မျှော်​ကြည့်၏။ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ၊ ငါ့​ကို​မ​စ​ခြင်း​အ​ကြောင်း​သည် ပေါ်​ထွက်​ရ၏။ သင်၏​ခြေ​ကို​ချော်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင့်​ကို စောင့်​သော​သူ​သည် အိပ်​တော်​မ​မူ။ အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး​ကို​စောင့်​သော​သူ​သည် ငိုက်​မျဉ်းအိပ်​ပျော်​ခြင်း ရှိ​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​စောင့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​လက်​ယာ​ဘက်၌​ရှိ​သော သင်​ခို​လှုံ​ရာ အ​ရိပ်​ဖြစ်​တော်​မူ၏။ နေ့​အ​ချိန်၌ နေ​အား​ဖြင့်​လည်း​ကောင်း၊ ည​အ​ချိန်၌ လ​အား​ဖြင့်​လည်း​ကောင်း အ​ထိ​အ​ခိုက်​မ​ရှိ​ရာ။ ထာ​ဝ​ရ​ဘု​ရား​သည် မ​ကောင်း​သော​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​ကို​ကွယ်​ကာ၍၊ သင်၏​အ​သက်​ကို စောင့်​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ထွက်​ခြင်း​နှင့် ဝင်​ခြင်း​တို့​ကို ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် စောင့်​တော်​မူ​လိမ့်​မည်။

ဆာလံ 121:1-8 Common Language Bible (BCL)

ငါ​သည်​တောင်​ရိုး​များ​သို့​မျှော်​ကြည့်​၏။ အ​ဘယ်​မှ​ကူ​ညီ​မ​စ​မှု​ကို​ငါ​ရ​ပါ​မည်​နည်း။ ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ရ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင့်​အား​ခြေ​ချော်​၍ လဲ​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော အ​ရှင်​သည်​အိပ်​တော်​မ​မူ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​သည် အ​ဘယ်​အ​ခါ​၌​မျှ​ငိုက်​မျည်း​အိပ်​စက်​ခြင်း ရှိ​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​စောင့်​ကြပ်​တော် မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​၏​အ​နီး​တွင်​ရှိ​သော​သင့်​ကို ကွယ်​ကာ​ရာ​အ​ရိပ်​ဖြစ်​တော်​မူ​၏။ နေ​သည်​နေ့​အ​ခါ​၌​လည်း​ကောင်း၊ လ​သည်​ညဥ့်​အ​ခါ​၌​လည်း​ကောင်း သင့်​ကို​ဥ​ပဒ်​ပေး​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘေး​အန္တ​ရာယ်​အ​ပေါင်း တို့​မှ သင့်​ကို​ကွယ်​ကာ​တော်​မူ​လိမ့်​မည်။ သင့်​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ယ​ခု​မှ​စ​၍​ကာ​လ​အ​စဉ်​မ​ပြတ် သင်​သွား​လာ​လေ​ရာ​တို့​၌​သင့်​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။

ဆာလံ 121:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် တောင်​များ​ဆီသို့ မျှော်ကြည့်​၏​။ ငါ့​ကို​ကူညီမစ​ခြင်း​အကြောင်း​သည် မည်သည့်​အရပ်​မှ​လာ​သနည်း​။ ငါ့​ကို​ကူညီမစ​ခြင်း​အကြောင်း​သည် ကောင်းကင်​နှင့်​မြေကြီး​ကို​ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။ ကိုယ်တော်​သည် သင်​၏​ခြေ​ကို​ချော်​စေ​တော်​မ​မူ​။ သင့်​ကို စောင့်ရှောက်​တော်မူ​သော​အရှင်​သည် ငိုက်မျဉ်း​ခြင်း​ရှိ​တော်​မ​မူ​။ အကယ်စင်စစ် အစ္စရေး​အမျိုး​ကို စောင့်ရှောက်​တော်မူ​သော​အရှင်​သည် ငိုက်မျဉ်း​အိပ်ပျော်​ခြင်း ရှိ​တော်​မ​မူ​။ ထာဝရဘုရား​သည် သင့်​ကို​စောင့်ရှောက်​တော်မူ​၏​။ ထာဝရဘုရား​သည် သင်​၏​လက်ယာ​ဘက်​၌​ရှိ​သော​အရိပ် ဖြစ်​တော်မူ​၏​။ နေ့​အချိန်​၌ နေ​သည်​လည်းကောင်း​၊ ညအချိန်​၌ လ​သည်​လည်းကောင်း သင့်​ကို​ထိခိုက်​မည်​မ​ဟုတ်​။ ထာဝရဘုရား​သည် ဘေးအန္တရာယ်​အပေါင်း​တို့​မှ သင့်​ကို​စောင့်ရှောက်​တော်မူ​လိမ့်မည်​။ သင်​၏​အသက်​ကို​စောင့်ရှောက်​တော်မူ​လိမ့်မည်​။ ထာဝရဘုရား​သည် သင်​၏​သွား​ခြင်း​၊ လာ​ခြင်း​တို့​ကို ယခု​မှစ၍ ကာလ​အစဉ်အဆက် စောင့်ရှောက်​တော်မူ​လိမ့်မည်​။