ငါသည် တောင်များဆီသို့ မျှော်ကြည့်၏။ ငါ့ကိုကူညီမစခြင်းအကြောင်းသည် မည်သည့်အရပ်မှလာသနည်း။ ငါ့ကိုကူညီမစခြင်းအကြောင်းသည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှလာ၏။ ကိုယ်တော်သည် သင်၏ခြေကိုချော်စေတော်မမူ။ သင့်ကို စောင့်ရှောက်တော်မူသောအရှင်သည် ငိုက်မျဉ်းခြင်းရှိတော်မမူ။ အကယ်စင်စစ် အစ္စရေးအမျိုးကို စောင့်ရှောက်တော်မူသောအရှင်သည် ငိုက်မျဉ်းအိပ်ပျော်ခြင်း ရှိတော်မမူ။ ထာဝရဘုရားသည် သင့်ကိုစောင့်ရှောက်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ယာဘက်၌ရှိသောအရိပ် ဖြစ်တော်မူ၏။ နေ့အချိန်၌ နေသည်လည်းကောင်း၊ ညအချိန်၌ လသည်လည်းကောင်း သင့်ကိုထိခိုက်မည်မဟုတ်။ ထာဝရဘုရားသည် ဘေးအန္တရာယ်အပေါင်းတို့မှ သင့်ကိုစောင့်ရှောက်တော်မူလိမ့်မည်။ သင်၏အသက်ကိုစောင့်ရှောက်တော်မူလိမ့်မည်။ ထာဝရဘုရားသည် သင်၏သွားခြင်း၊ လာခြင်းတို့ကို ယခုမှစ၍ ကာလအစဉ်အဆက် စောင့်ရှောက်တော်မူလိမ့်မည်။
ဆာလံကျမ်း 121 ကိုဖတ်ပါ။
နားထောင်ပါ။ ဆာလံကျမ်း 121
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 121:1-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ