YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 12:1-8

ဆာလံ 12:1-8 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ပါ။ သူ​တော်​ကောင်း​မျိုး​သည်​ပြတ်၍ သ​စ္စာ​ရှိ​သော​လူ​မျိုး​သည် လူ​သား​တို့​တွင် ကွယ်​ပျောက်​ပါ၏။ အိမ်​နီး​ချင်း​တို့​သည် တစ်​ဦး​ကို​တစ်​ဦး မု​သား​သုံး၍ ချော့​မော့​သော​နှုတ်​ခမ်း၊ နှစ်​ခွ​သော​စိတ်​နှင့် ပြော​တတ်​ကြ​ပါ၏။ ငါ​တို့​သည် ကိုယ်​လျှာ​အား​ဖြင့်​နိုင်​မည်။ ကိုယ်​နှုတ်​ခမ်း​သည် ကိုယ်​အ​မှု​ကို​စောင့်​လိမ့်​မည်။ ငါ​တို့၏​သ​ခင်​ကား အ​ဘယ်​သူ​နည်း​ဟု ပြော​ဆို​သော​သူ​တို့၏ ချော့​မော့​သော​နှုတ်​ခမ်း​နှင့် ဝါ​ကြွား​သော​လျှာ​ရှိ​သ​မျှ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ဖြတ်​တော်​မူ​မည်။ ဆင်း​ရဲ​သော​သူ​သည် ခံ​ရ​သော​ညှဉ်း​ဆဲ​ခြင်း၊ ငတ်​မွတ်​သော​သူ၏ ငို​ကြွေး​ခြင်း​ကြောင့် ယ​ခု​ငါ​ထ​မည်။ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​သူ​အား ချမ်း​သာ​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ချက်​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ၍ မြေ​နှင့်​ကင်း​စင်​စေ​ခြင်း​ငှာ၊ မိုက်၌​ခု​နစ်​ကြိမ်​စစ်​သော ငွေ​ကဲ့​သို့​ဖြစ်​ကြ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထို​သူ​တို့​ကို ဤ​လူ​မျိုး​မှ အ​စဉ်​ကာ​ကွယ် စောင့်​မ​တော်​မူ​မည်။ ဆိုး​ယုတ်​သော​သူ​တို့​သည် ချီး​မြှောက်​ခြင်း​သို့​ရောက်​သည်​ကာ​လ၊ မ​တ​ရား​သော​သူ​တို့​သည် အ​ရပ်​ရပ် လှည့်​လည်​ရ​သော​အ​ခွင့်​ရှိ​ကြ၏။

ဆာလံ 12:1-8 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​တော်​မူ​ပါ။ သူ​တော်​ကောင်း​တစ်​ယောက်​မျှ​မ​ကျန်​မ​ရှိ တော့​ပါ။ ရိုး​သား​ဖြောင့်​မတ်​သူ​များ​ကို​လည်း​ရှာ​၍ မ​တွေ့​နိုင်​တော့​ပါ။ လူ​အ​ပေါင်း​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် ပြော​ဆို​၍ မြှောက်​ပင့်​ကာ​လှည့်​စား​ကြ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား မြှောက်​ပင့်​ပြော​ဆို​တတ်​သည့်​လျှာ​များ​ကို ဖြတ်​ပစ်​တော်​မူ​ပါ။ ဝါ​ကြွား​တတ်​သူ​တို့​၏​နှုတ်​များ​ကို​လည်း ပိတ်​တော်​မူ​၏။ ဝါ​ကြွား​တတ်​သူ​တို့​က``ငါ​တို့​သည်​မိ​မိ​တို့​၏ စ​ကား​အား​ဖြင့်​လို​ချင်​သည့်​အ​ရာ​ကို​ရ​ရှိ ကြ​၏။ ငါ​တို့​သည်​မိ​မိ​တို့​အ​လို​ဆန္ဒ​အ​တိုင်း​ပြော ဆို​မည်။ အ​ဘယ်​သူ​မျှ​ငါ​တို့​အား​ဆီး​တား​၍​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က ``သို့​ရာ​တွင်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​သည်​ဖိ​စီး နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​ကြ​သူ​တို့​သည် ဝေ​ဒ​နာ​နှင့် ညည်း​တွား​နေ​ကြ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​ယ​ခု​ပင်​ကြွ​လာ​မည်။ သူ​တို့​လို​လား​တောင့်​တ​ကြ​သည့်​ဘေး​လွတ် လုံ​ခြုံ​မှု​ကို သူ​တို့​အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော်​များ​ကို ယုံ​ကြည်​စိတ်​ချ​နိုင်​၏။ မီး​ဖို​၌​ခု​နစ်​ကြိမ်​ချွတ်​ပြီး​သော​ငွေ​စင်​ကဲ့​သို့ ယုံ​ကြည်​စိတ်​ချ​နိုင်​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​အား​အ​စဉ်​ပင် ဘေး​လွတ်​လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ။ သူ​ယုတ်​မာ​တို့​၏​လက်​မှ​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​ပါ။ သူ​ယုတ်​မာ​တို့​သည်​နေ​ရာ​တ​ကာ​တွင်​ရှိ​၏။ လူ​အ​ပေါင်း​တို့​သည်​မ​ကောင်း​မှု​ကို​ချီး​ကူး​ကြ​၏။

ဆာလံ 12:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ကယ်တင်​တော်မူ​ပါ​။ အကြောင်းမူကား ဘုရားဝတ်​၌​မွေ့လျော်​သော​သူ​မရှိ​တော့​ပါ​။ သစ္စာရှိ​သော​သူ​တို့​သည်​လည်း လူသား​တို့​ထဲတွင် ပျောက်ကွယ်​သွား​ကြ​ပါ​ပြီ​။ လူ​တို့​သည် မိမိ​၏​အိမ်နီးချင်း​တို့​ကို မဟုတ်မမှန်​ပြောဆို​ကြ​ပါ​၏​။ မြှောက်ပင့်​တတ်​သော​နှုတ်ခမ်း​နှင့် နှစ်ခွ​သော​စိတ်​ဖြင့် ပြောဆို​ကြ​ပါ​၏​။ ထာဝရဘုရား​သည် မြှောက်ပင့်​တတ်​သော​နှုတ်ခမ်း​နှင့် ဝါကြွား​ပြောဆို​တတ်​သော​လျှာ​ရှိသမျှ​တို့​ကို ဖယ်ရှား​တော်မူ​ပါစေ​။ သူ​တို့​က “​ငါ​တို့​သည် ငါ​တို့​၏​စကား​ဖြင့်​အောင်နိုင်​မည်​။ ငါ​တို့​နှုတ်​ကို ငါ​တို့​ပိုင်​၏​။ ငါ​တို့​၏​သခင်​ကား အဘယ်သူ​ဖြစ်​မည်နည်း​”​ဟု ပြောဆို​တတ်​ကြ​ပါ​၏​။ ထာဝရဘုရား​က “​အဖိနှိပ်​ခံရ​သော​သူ​တို့​ကြုံ​ရ​သည့်​ညှဉ်းဆဲ​ခြင်း​နှင့် နွမ်းပါး​သော​သူ​တို့​၏​ညည်းတွား​ခြင်း​ကြောင့် ယခုပင် ငါ​ထ​မည်​။ သူ​တို့​တမ်းတ​သော​လုံခြုံ​ရာ​အရပ်​၌ သူ​တို့​ကို​ငါ​ထား​မည်​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​တို့​သည် စင်ကြယ်​သော​မိန့်​တော်မူ​ချက်​များ​ဖြစ်​ကြ​ပြီး မြေ​နှင့်​လုပ်​ထား​သည့်​မီးပြင်းဖို​၌​ချွတ်​၍ ခုနစ်​ကြိမ်​တိုင်တိုင်​သန့်စင်​ထား​သော ငွေ​ကဲ့သို့​ဖြစ်​ကြ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​ကို​စောင့်ရှောက်​၍ အကျွန်ုပ်​တို့​ကို ဤ​မျိုးဆက်​၏​လက်​မှ အစဉ်အမြဲ​ကာကွယ်​ပေး​တော်မူ​လိမ့်မည်​။ ဆိုးညစ်​သော​အမှု​သည် လူသား​တို့​အလယ်​တွင် မြှောက်စား​ခြင်း​ခံရ​သောအခါ ဆိုးယုတ်​သော​သူ​တို့​သည် နေရာတကာ​သို့​လှည့်လည်​တတ်​ကြ​၏​။