YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:57-72

ဆာလံ 119:57-72 Judson Bible (JBMLE)

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ဖို့ ဖြစ်​တော်​မူ၏။ နှုတ်​က​ပတ်​စ​ကား​တော်​တို့​ကို နား​ထောင်​ပါ​မည်​ဟု အ​ကျွန်ုပ်​ပြော​ထား​ပါ​ပြီ။ ကျေး​ဇူး​တော်​ကို ခံ​ရ​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ တောင်း​ပန်​ပါ၏။ ဗျာ​ဒိတ်​တော်​အ​တိုင်း အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ ကိုယ်​လိုက်​ရာ​လမ်း​ကို ဆင်​ခြင်​သော​အ​ခါ၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သို့ လှည့်၍​လိုက်​ပါ၏။ ပ​ညတ်​တော်​တို့​ကို​စောင့်​ခြင်း​ငှာ မ​ဖင့်​မ​နွှဲ အ​လျင်​အ​မြန် ပြု​ပါ​၏။ မ​တ​ရား​သော​သူ​အ​ပေါင်း​တို့​သည် ကျွန်ုပ်​ကို​ဝိုင်း​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​သည် တ​ရား​တော်​ကို မ​မေ့​မ​လျော့​ပါ။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ချက်​တို့​ကို ထောက်၍၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ၊ သန်း​ခေါင်​အ​ချိန်၌ အ​ကျွန်ုပ် ထ​တတ်​ပါ​၏။ ကိုယ်​တော်​ကို​ကြောက်​ရွံ့​သော​သူ၊ ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​ကို နား​ထောင်​သော​သူ​ရှိ​သ​မျှ​တို့​နှင့် အ​ကျွန်ုပ် ပေါင်း​ဖော်​တတ်​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ မြေ​ကြီး​သည် က​ရု​ဏာ​တော်​နှင့် ပြည့်​ဝ​ပါ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌သွန်သင်တော်မူပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း ကိုယ်​တော်၏​ကျွန်၌ ကျေး​ဇူး​ပြု​တော်​မူ​၏။ ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​ယုံ​ကြည်​သည်​ဖြစ်၍၊ ကောင်း​သော​ဉာဏ်​နှင့် ပ​ညာ​တော်​အ​တတ်​ကို သွင်း​ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဆင်း​ရဲ​မ​ခံ​မီ လမ်း​လွဲ​ပါ၏။ ယ​ခု​မူ​ကား၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကျင့်​စောင့်​ပါ၏။ ကိုယ်​တော်​သည် ကောင်း​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော ရှိ​တော်​မူ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ။ မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ မု​သား​စ​ကား​ကို ကြံ​စည်​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကျင့်​ပါ၏။ သူ​တို့​နှ​လုံး​သည် ဆီ​ဥ​ကဲ့​သို့ ခဲ​လျက်​ရှိ၏။ အ​ကျွန်ုပ်​မူ​ကား၊ ကိုယ်​တော်၏​တ​ရား၌ မွေ့​လျော်​ပါ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​ဆင်း​ရဲ​ခံ​ရ​သော ကျေး​ဇူး​သည် ကြီး​ပါ၏။ နှုတ်​တော်​ထွက် တ​ရား​တော်​သည် ရွှေ​ငွေ​အ​ထောင်​အ​သောင်း​ထက်​မ​က၊ အ​ကျွန်ုပ်၌ သာ၍​ကောင်း​ပါ၏။

ဆာလံ 119:57-72 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​သာ​လှင် တောင့်​တ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​ရန်​က​တိ​ပြု​ပါ​၏။ ကိုယ်​တော်​ရှင်​က​တိ​ရှိ​တော်​မူ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ​ရန် စိတ်​ရော​ကိုယ်​ပါ​တောင်း​လှောက်​ပါ​၏။ ကွန်​တော်​မျိုး​သည်​မိ​မိ​၏​နေ​ထိုင်​ပုံ​ကို ပြန်​လည်​ဆင်​ခြင်​သုံး​သပ်​ပါ​၏။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော ဆုံး​မ​သွန်​သင်​ခက်​မား​အ​တိုင်း​လိုက်​နာ​ရန် က​တိ​ပြု​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို မ​ဆိုင်း​မ​တွ​ဘဲ​လိုက်​နာ​စောင့်​ထိန်း​ပါ​မည်။ သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​အ​တွက် ကော့​ကွင်း​ကို​ထောင်​ထား​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တရား​တော် ကို မ​မေ့​မ​လော့​ပါ။ ကွန်​တော်​မျိုး​သည်​သန်း​ခေါင်​ယံ​တွင်​နိုး​ထ​လက် ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန်​တော်​မူ​သည့် စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​အ​တွက်​ကိုယ်​တော် ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ကို ခံ​သူ​အ​ပေါင်း​နှင့် ဥ​ပ​ဒေ​သ​တော်​တို့​ကို​ကင့်​သုံး​စောင့်​ထိန်း​သူ အ​ပေါင်း​တို့​၏​မိတ်​ဆွေ​ဖြစ်​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​နှင့်​ပြည့်​ဝ​ပါ​၏။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​သွန်​သင်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​က​တိ​တည်​တော်​မူ​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး​အား ကေး​ဇူး​ပြု​တော်​မူ​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို ကိုး​စား​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ဒဏ်​ခတ်​တော်​မ​မူ​မီ​အ​ခါ​က ကွန်​တော်​မျိုး​သည်​လမ်း​လွဲ​သော်​လည်း ယ​ခု​မှာ​မူ​နှုတ်​က​ပတ်​တော်​အ​တိုင်း​ပြု​ကင့်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​ကောင်း​မြတ်​၍ သ​နား​ကြင်​နာ​တော်​မူ​ပါ​၏။ ကွန်​တော်​မျိုး​အား​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​၏ အ​ကြောင်း​ကို​လိမ်​လည်​၍​ပြော​ဆို​ကြ​ပါ​၏။ ကွန်​တော်​မျိုး​မူ​ကား​ဥ​ပ​ဒေ​သ​တို့​ကို အ​စွမ်း​ကုန် လိုက်​နာ​ပါ​၏။ ထို​သူ​တို့​သည်​အ​သိ​ဉာဏ်​ရှိ​သူ​မား​မ​ဟုတ်​ပါ။ ကွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို နှစ်​သက်​ပါ​၏။ ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သည်​မှာ​ကွန်​တော် မျိုး အ​တွက်​ကောင်း​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​ခံ​ရ​ခြင်း​အား​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို​သိ​ရှိ​နား​လည်​၍ လာ​သော​ကြောင့်​ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော​တ​ရား​တော်​သည် ကွန်​တော်​မျိုး​အ​တွက်​လော​က​ရေ"​ငွေ ရှိ​သ​မှ​ထက်​ပို​၍​အ​ဖိုး​ထိုက်​ပါ​၏။

ဆာလံ 119:57-72 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​သည် အကျွန်ုပ်​၏​ဝေစု​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​ကို စောင့်ထိန်း​ပါ​မည်​ဟု အကျွန်ုပ်​ကတိပြု​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​မျက်နှာ​တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​ပါ​၏​။ ကိုယ်တော်​၏​ကတိ​တော်​အတိုင်း အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကျွန်ုပ်​သည် မိမိ​၏​ဘဝလမ်း​ကို ဆင်ခြင်​၍ အကျွန်ုပ်​၏​ခြေလှမ်း​ကို ကိုယ်တော်​၏​သက်သေခံချက်​များ​ထံသို့ ပြန်လှည့်​စေ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို စောင့်ထိန်း​ရန် တုံ့ဆိုင်း​မ​နေ​ဘဲ အလျင်အမြန်​လုပ်ဆောင်​ပါ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​ကြိုး​များ​သည် အကျွန်ုပ်​ကို​ပတ်ရစ်​ထား​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​တို့​ကို မ​မေ့လျော့​ပါ​။ ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​တို့​အတွက် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ရန် ည​သန်းခေါင်​အချိန်​တွင် အကျွန်ုပ်​ထ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို ကြောက်ရွံ့​သော​သူ​တို့​နှင့် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စောင့်ထိန်း​သော​သူ​ရှိသမျှ​တို့​၏ အပေါင်းအဖော်​ဖြစ်​ပါ​၏​။ အို ထာဝရဘုရား​၊ ကမ္ဘာမြေကြီး​သည် ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့်​ပြည့်ဝ​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​အတိုင်း ကိုယ်တော်​၏​အစေအပါး​အပေါ် ကောင်းမြတ်​တော်မူ​ပြီ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို ယုံကြည်​စိတ်ချ​သည်​ဖြစ်၍ ကောင်းမြတ်​သော​ဆင်ခြင်တုံတရား​နှင့် အသိပညာ​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ဒုက္ခဝေဒနာ​မ​ခံစား​ရ​မီ လမ်းလွဲ​ခဲ့​ပါ​၏​။ ယခု​မူကား ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို စောင့်ထိန်း​ပါ​၏​။ ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၏​။ ကောင်း​သော​အမှု​ကို​လည်း​ပြု​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​မုသား​ဖြင့် ညစ်ပေ​စေ​ကြ​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စိတ်နှလုံး​အကြွင်းမဲ့​လိုက်နာကျင့်သုံး​ပါ​၏​။ သူ​တို့​၏​စိတ်နှလုံး​သည် အဆီ​ကဲ့သို့ ထူပိန်း​ထိုင်းမှိုင်း​ပါ​၏​။ အကျွန်ုပ်​မူကား ကိုယ်တော်​၏​တရားတော်​၌ မွေ့လျော်​ပါ​၏​။ ဒုက္ခဝေဒနာ​ခံစား​ရ​ခြင်း​သည် အကျွန်ုပ်​အတွက် ကောင်း​ပါ​၏​။ သို့မှ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​သင်ယူ​နိုင်​မည်​။ ကိုယ်တော်​၏​နှုတ်​တော်​ထွက်​တရား​သည် အကျွန်ုပ်​အတွက် ထောင်​ပေါင်း​များစွာ​သော​ရွှေ​ငွေ​တို့​ထက် ပို၍​ကောင်း​ပါ​၏​။