YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:28-38

ဆာလံ 119:28-38 Judson Bible (JBMLE)

အ​ကျွန်ုပ် ဝမ်း​နည်း​ခြင်း​အား​ဖြင့် စိတ်​နှ​လုံး​အ​ရည်​ယို​လျက် ရှိ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း တည်​ကြည်​စေ​တော်​မူ​ပါ။ မု​သား​လမ်း​ကို အ​ကျွန်ုပ်​ရှောင်​ပါ​မည်​အ​ကြောင်း၊ ကယ်​မ၍​တ​ရား​တော်​ကို ပေး​သ​နား​တော်​မူ​ပါ။ သ​စ္စာ​လမ်း​ကို အ​ကျွန်ုပ်​ရွေး​ပါ​ပြီ။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​ရှေ့​မှာ ထား​ပါ​ပြီ။ သက်​သေ​ခံ​တော်​မူ​ချက်​တို့၌ မှီ​ဝဲ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ရှက်​ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ဉာဏ်​ကို ပွင့်​စေ​တော်​မူ​သည်​ဖြစ်၍၊ ပ​ညတ်​တော်​လမ်း​သို့ အ​လျင်​အ​မြန် လိုက်​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ထုံး​အ​ဖွဲ့​တော်​လမ်း​ကို အ​ကျွန်ုပ်​အား သွန်​သင်​တော်​မူ​ပါ။ အ​ဆုံး​တိုင်​အောင် လိုက်​သွား​ပါ​မည်။ ဉာဏ်​ကို ပေး​တော်​မူ​ပါ။ တ​ရား​တော်​ကို စောင့်​ပါ​မည်။ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​စောင့်​ပါ​မည်။ ပ​ညတ်​တော်​လမ်း​၌ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​ပါ။ ထို​လမ်း​ကို​နှစ်​သက်​ပါ၏။ အ​ကျွန်ုပ်​စိတ်​နှ​လုံး​ကို လော​ဘ​ဘက်​သို့​မ​ဟုတ်၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ဘက်​သို့ ဆွဲ​တော်​မူ​ပါ။ အ​န​တ္တ​ကို ပ​မာ​ဏ​မ​ပြု​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​မျက်​စိ​ကို အ​ခြား​သို့​လွှဲ​တော်​မူ​ပါ။ လမ်း​ခ​ရီး​တော်၌ အ​ကျွန်ုပ်​အ​သက်​ရှင်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော ကိုယ်​တော်၏​ကျွန်၌ ဗျာ​ဒိတ်​တော်​ကို တည်​စေ​တော်​မူ​ပါ။

ဆာလံ 119:28-38 Common Language Bible (BCL)

ကွန်​တော်​မျိုး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု ခံ​စား​လက်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​ခွန်​အား​ပေး​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​လမ်း​လွဲ​၍​မ​သွား​စေ​ရန် ကူ​မ​တော်​မူ​ပါ။ က​ရု​ဏာ​တော်​ကို​ထောက်​၍​ကွန်​တော်​မျိုး​အား တ​ရား​တော်​ကို​သွန်​သင်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​စ​ကား တော်​ကို နား​ထောင်​ရန်​ရွေး​ခယ်​ပါ​ပြီ။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​ဆုံး​ဖြတ်​ခက်​တို့​ကို အာ​ရုံ​စိုက်​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ သြ​ဝါ​ဒ​မား​ကို​လိုက်​နာ​ပါ​ပြီ။ ကွန်​တော်​မျိုး​အား​အ​ရှက်​ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​အား​အ​သိ​ဉာဏ် ပို​မို​ပွင့်​လင်း​စေ​တော်​မူ​မည်​ဖြစ်​၍ ကွန်​တော်​မျိုး​သည်​အ​မိန့်​တော်​တို့​ကို စိတ်​အား​ထက်​သန်​စွာ​လိုက်​နာ​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​အား​အ​ထုံး​အ​ဖွဲ့​တော်​တို့​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သွန်​သင်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​အ​မြဲ​တ​စေ လိုက်​လှောက်​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​ရှင်း​လင်း ဖော်​ပြ​တော်​မူ​ပါ။ ယင်း​ကို​ကွန်​တော်​မျိုး​သည်​လိုက်​နာ​ပါ​မည်။ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​စောင့်​ထိန်း​ပါ​မည်။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​မား​ကို​နှစ်​သက်​သည်​ဖြစ်​၍ ပ​ညတ်​တော်​မား​ကို​စောင့်​ထိန်း​နိုင်​ရန် ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ စည်း​စိမ်​ဥစ္စာ​ခမ်း​သာ​ကြွယ်​ဝ​လို​စိတ်​အ​စား ကိုယ်​တော်​ရှင်​၏​ဆုံး​မ​သွန်​သင်​ခက်​တို့​ကို လိုက်​နာ​စိတ်​ကွန်​တော်​မျိုး​အား​ပေး​တော်​မူ​ပါ။ အ​ကျိုး​မ​ရှိ​သည့်​အ​ရာ​မား​ကို​အာ​ရုံ​ပြု​မှု​နှင့် ကင်း​ဝေး​စေ​တော်​မူ​၍ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ က​တိ​တော်​အ​တိုင်း​ကေး​ဇူး​ပြု​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​တို့​အား ထား​တော်​မူ​သည့်​က​တိ​တော်​ကို​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကွန်​တော်​မျိုး​အား​ခံ​စား​စေ​တော်​မူ​ပါ။

ဆာလံ 119:28-38 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ပူဆွေးခြင်း​ကြောင့် ငိုယို​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို အားဖြည့်​ပေး​တော်မူ​ပါ​။ မုသား​လမ်း​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​၍ ကိုယ်တော်​၏​တရားတော်​ကို အကျွန်ုပ်​အား​ပေးသနား​တော်မူ​ပါ​။ အကျွန်ုပ်​သည် သစ္စာတရား​လမ်း​ကို ရွေးချယ်​ပါ​ပြီ​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို မျက်မှောက်ပြု​ပါ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို ဖက်တွယ်​ထား​ပါ​၏​။ အကျွန်ုပ်​ကို အရှက်ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို ကျယ်စွာ​ဖွင့်ပေး​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​လမ်း​အတိုင်း ပြေး​ပါ​မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​လမ်း​ကို အကျွန်ုပ်​အား သွန်သင်ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ၎င်း​ကို အဆုံး​တိုင်အောင် လိုက်နာကျင့်သုံး​ပါ​မည်​။ အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို လိုက်နာကျင့်သုံး​ပါ​မည်​။ ထို​အရာ​ကို စိတ်နှလုံး​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​လမ်း​ကို နှစ်သက်​သည်​ဖြစ်၍ ထို​လမ်း​၌ အကျွန်ုပ်​ကို ဦးဆောင်​လမ်းပြ​တော်မူ​ပါ​။ အကျွန်ုပ်​၏​စိတ်နှလုံး​ကို မတရား​သော​အကျိုး​စီးပွား​ဘက်​သို့​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​သက်သေခံချက်​များ​ဘက်​သို့ တိမ်းညွတ်​စေ​တော်မူ​ပါ​။ အချည်းနှီး​သော​အရာ​ကို​မ​ကြည့်​မိ​စေရန် အကျွန်ုပ်​၏​မျက်စိ​ကို​လွှဲ​တော်မူ​ပါ​။ ကိုယ်တော်​၏​လမ်း​၌ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ ကိုယ်တော်​ကို​ကြောက်ရွံ့​ခြင်း​ရှိ​စေရန် ကိုယ်တော်​၏​ကတိ​တော်​ကို ကိုယ်တော်​၏​အစေအပါး​၌ ပြည့်စုံ​စေ​တော်မူ​ပါ​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။