YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:105-120

ဆာလံ 119:105-120 Judson Bible (JBMLE)

နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​ခြေ​ရှေ့​မှာ မီး​ခွက်​ဖြစ်၍၊ အ​ကျွန်ုပ်​လမ်း​ခ​ရီး​ကို လင်း​စေ​ပါ၏။ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​မည်​ဟု အ​ကျွန်ုပ်​ကျိန်​ဆို​သည် အ​တိုင်း​ပြု​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် စေ​တ​နာ​စိတ်​ရှိ၍၊ ကိုယ်​နှုတ်​နှင့်​ဆက်​သော ပူ​ဇော်​သ​ကာ​တို့​ကို နှစ်​သက်​တော်​မူ​ပါ၏။ စီ​ရင်​တော်​မူ​ချက်​တို့​ကို​လည်း၊ အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ပါ​၏။ အ​ကျွန်ုပ်​အ​သက်​သည် ကိုယ်​လက်၌ အ​စဉ်​ရှိ​ပါ၏။ သို့​သော်​လည်း၊ တ​ရား​တော်​ကို မ​မေ့​မ​လျော့​ပါ။ မ​တ​ရား​သော​သူ​တို့​သည် အ​ကျွန်ုပ်​ဖို့ ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​မှ လွှဲ၍​မ​သွား​ပါ။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​နှ​လုံး​ရွှင်​လန်း​ရာ​ဖြစ်၍၊ ကိုယ်​အ​မွေ​ဥ​စ္စာ​ဖို့ အ​စဉ်​အ​မြဲ ခံ​ယူ​ပါ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ဆုံး​တိုင်​အောင် အ​စဉ် လိုက်​ခြင်း​အ​လို​ငှာ၊ ကိုယ်​စိတ်​နှ​လုံး​ကို တိုက်​တွန်း​ပါ၏။ အ​ကျွန်ုပ်​သည် အ​ဓ​မ္မ​လူ​တို့​ကို မုန်း​၍၊ ကိုယ်​တော်၏​တ​ရား​ကို နှစ်​သက်​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ကွယ်​အ​ကာ၊ အ​ကျွန်ုပ်၏​ဒိုင်း​လွှား ဖြစ်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ၏။ ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ။ ငါ​သည် ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို ကျင့်​စော​င့်​မည်။ အ​ကျွန်ုပ်​သည် အ​သက်​ရှင်​ပါ​မည်​အ​ကြောင်း၊ မိန့်​တော်​မူ​ချက်​အ​တိုင်း ထောက်​မ​တော်​မူ​ပါ။ အ​ကျွန်ုပ် မျှော်​လင့်​ခြင်း​အ​ကြောင်း​မှ မ​ရှက်​မ​ကြောက်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​သည် ချမ်း​သာ​ရ​ပါ​မည်​အ​ကြောင်း မ​စ​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​စဉ်​အ​မြဲ ထောက်​ရှု​ပါ​မည်။ အ​ထုံး​အ​ဖွဲ့​တော်​တို့​မှ လွှဲ​သွား​သ​မျှ​သော​သူ​တို့​ကို ပယ်​တော်​မူ၏။ သူ​တို့​ပ​ရိ​ယာယ်​သည် မု​သား​ဖြစ်​ပါ၏။ မ​တ​ရား​သော မြေ​သား​အ​ပေါင်း​တို့​ကို ချော်​ကဲ့​သို့ မှတ်​တော်​မူ၏။ ထို​ကြောင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​နှစ်​သက်​ပါ၏။ ကိုယ်​တော်​ကို ထိတ်​လန့်​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ကြက်​သီး​မွေး​ညင်း​ထ၍၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ ကြောက်​ပါ၏။

ဆာလံ 119:105-120 Common Language Bible (BCL)

နှုတ်​က​ပတ်​တော်​သည်​မီး​ခွက်​ဖြစ်​၍​ကွန်​တော်​မျိုး သွား​ရာ​လမ်း​ကို​လင်း​စေ​ပါ​၏။ ဖြောင့်​မှန်​စွာ​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​တို့​ကို လိုက်​နာ​ပါ​မည်​ဟု​ကွန်​တော်​မျိုး ကိန်​ဆို​ခဲ့​သည့်​အ​တိုင်း​ပြု​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​အ​လွန်​ပင်​ဒုက္ခ​ဝေ​ဒ​နာ ခံ​စား​နေ​ရ​ပါ​၏။ က​တိ​တော်​အ​တိုင်း​ကွန်​တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​ကေး​ဇူး​တော်​ခီး​မွမ်း​သည့် ဆု​တောင်း​ပတ္ထနာ​ကို​လက်​ခံ​တော်​မူ​၍ စီ​ရင်​တော်​မူ​ခက်​တို့​ကို​ကွန်​တော်​မျိုး​အား သွန်​သင်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​နေ့​စဉ်​နှင့်​အ​မှ အ​သက်​အန္တ​ရာယ်​နှင့်​တေ"​ကြုံ​နေ​ရ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​မေ့​မ​လော့​ပါ။ သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​အ​တွက် ကော့​ကွင်း​ကို​ထောင်​ကြ​ပါ​၏။ သို့​သော်​လည်း​ကွန်​တော်​မျိုး​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့​မှ​သွေ​ဖည်​၍​မ​သွား ပါ။ ပ​ညတ်​တော်​တို့​သည်​ကွန်​တော်​မျိုး​၏ ထာ​ဝ​ရ​ပိုင်​ဆိုင်​ရာ​ဖြစ်​၍​ကွန်​တော်​မျိုး​အား ရ"င်​လန်း​ဝမ်း​မြောက်​စေ​ပါ​၏။ ကွန်​တော်​မျိုး​သည်​သေ​သည့်​တိုင်​အောင် ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန်​သန္နိ​ဋ္ဌာန် ပြု​ပါ​ပြီ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​ပေ"​၌ ဒွိ​ဟ​သ​ဘော​ရှိ​သူ​တို့​ကို​မုန်း​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​မူ​ကား နှစ်​သက်​မြတ်​နိုး​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ​နှင့် ခို​လှုံ​ရာ​ဖြစ်​တော်​မူ​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကတိ​တော်​ကို စောင့်​မှော်​လက်​နေ​ပါ​၏။ အ​ခင်း​အ​ပြစ်​ကူး​သူ​တို့"ငါ့​ထံ​မှ​သွား ကြ​လော့။ ငါ​၏​ဘု​ရား​သ​ခင်​ပ​ညတ်​တော်​တို့​ကို ငါ​စောင့်​ထိန်း​မည်။ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​ကို​ခွန်​အား​ပေး​တော်​မူ​ပါ။ သို့​ပြု​လှင်​ကွန်​တော်​မျိုး​သည်​အ​သက်​ရှင် ရ​ပါ​လိမ့်​မည်။ ကွန်​တော်​မျိုး​၏​မှော်​လင့်​ခက်​ကို​ပက်​ပြယ် စေ​တော်​မ​မူ​ပါ​နှင့်။ ဘေး​မဲ့​လုံ​ခြုံ​မှု​ရ​ရှိ​စေ​ရန်​ကွန်​တော်​မျိုး​အား ထူ​ပင့်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​စဉ်​အ​မြဲ​ဂ​ရု​စိုက်​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​ပ​ညတ်​တော်​တို့​ကို​ချိုး​ဖောက်​သူ အ​ပေါင်း​တို့​အား​ပစ်​ပယ်​တော်​မူ​ပါ​၏။ ထို​သူ​တို့​၏​လိမ်​လည်​လှည့်​စား​သည့်​အ​ကြံ​အ​စည် မား​သည်​အ​ခည်း​နှီး​ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင် သူ​ယုတ်​မာ​အ​ပေါင်း​တို့​သည်​အ​မှိုက်​သ​ရိုက် ကဲ့​သို့ ဖြစ်​ပါ​၏။ သို့​ဖြစ်​၍​ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ပေး​တော်​မူ​သော​ဆုံး​မ​သွန်​သင်​ခက်​တို့​ကို နှစ်​သက်​မြတ်​နိုး​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​သ​ဖြင့်​ကွန်​တော် မျိုး​သည် ကြက်​သီး​မွေး​ညင်း​ထ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​တော်​မူ​ခက်​တို့​ကြောင့် ကွန်​တော်​မျိုး​ကြောက်​ပါ​၏။

ဆာလံ 119:105-120 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် အကျွန်ုပ်​၏​ခြေ​အတွက် မီးခွက်​ဖြစ်ပြီး အကျွန်ုပ်​၏​လမ်းခရီး​အတွက် အလင်း​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​ပါ​မည်​ဟု အကျွန်ုပ်​ကျိန်ဆို​၍ အတည်ပြု​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ဒုက္ခဝေဒနာ​များစွာ​ခံစား​ရ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ နှလုံးသား​ပါ​လျက်​အကျွန်ုပ်​နှုတ်​၏​ချီးမွမ်းခြင်းယဇ်​ကို လက်ခံ​တော်မူ​ပါ​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်း အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် အသက်အန္တရာယ်​နှင့် အစဉ်​ကြုံတွေ့​နေ​ရ​သော်လည်း ကိုယ်တော်​၏​တရားတော်​ကို မ​မေ့လျော့​ပါ​။ ဆိုးယုတ်​သော​သူ​တို့​သည် အကျွန်ုပ်​အတွက် ကျော့ကွင်း​ထောင်​ထား​ကြ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​မှ လမ်းလွဲ​မ​သွား​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အမွေ​အဖြစ် ထာဝရ​ဆက်ခံ​ရရှိ​ပါ​၏​။ အကြောင်းမူကား ထို​အရာ​တို့​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ရွှင်မြူးရာ​ဖြစ်​ကြ​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အဆုံး​တိုင်အောင် အစဉ်အမြဲ​လိုက်နာ​ရန် အကျွန်ုပ်​၏​စိတ်နှလုံး​ကို​ပြင်ဆင်​ထား​ပါ​၏​။ အကျွန်ုပ်​သည် စိတ်​နှစ်ခွ​ရှိ​သော​သူ​တို့​ကို မုန်း​ပါ​၏​။ သို့သော် ကိုယ်တော်​၏​တရားတော်​ကို မြတ်နိုး​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ကွယ်ကာ​ရာ​၊ အကျွန်ုပ်​၏​ဒိုင်းလွှား ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​ပါ​၏​။ ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၊ ငါ့​ထံမှ​ဖယ်ခွာ​ကြ​လော့​။ ငါ​သည် ငါ့​ဘုရားသခင်​၏​ပညတ်တော်​တို့​ကို လိုက်နာကျင့်သုံး​မည်​။ အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် ကိုယ်တော်​၏​ကတိ​တော်​အတိုင်း အကျွန်ုပ်​ကို​ထောက်မ​တော်မူ​ပါ​။ အကျွန်ုပ်​၏​မျှော်လင့်ချက်​အတွက် အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ အကျွန်ုပ်​ကယ်တင်​ခြင်း​ခံရ​ရန် အကျွန်ုပ်​ကို​ဖေးမ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အစဉ်မပြတ် အရေးတယူ​ပြု​ပါ​မည်​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​မှ လမ်းလွဲ​သော​သူ​အပေါင်း​တို့​ကို ကိုယ်တော်​ပယ်​တော်မူ​၏​။ အကြောင်းမူကား သူ​တို့​၏​လှည့်စားမှု​သည် အချည်းနှီး​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ပေါ်​ရှိ ဆိုးယုတ်​သော​သူ​ရှိသမျှ​တို့​ကို ချော်​ကဲ့သို့ ဖယ်ရှား​တော်မူ​၏​။ ထို့ကြောင့် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အကျွန်ုပ်​မြတ်နိုး​ပါ​၏​။ ကိုယ်တော်​ကို​ကြောက်ရွံ့​၍ အကျွန်ုပ်​အသား​သည် တဆတ်ဆတ်တုန်​နေ​ပါ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်း အကျွန်ုပ်​ကြောက်ရွံ့​ပါ​၏​။