YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:1-176

ဆာလံ 119:1-176 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း၌ မ​လွဲ​မ​တိမ်း၊ လိုက်​သွား​သော သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်၍၊ ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု၊ လမ်း​ခ​ရီး​တော်၌ လိုက်​သွား​တတ်​ကြ​၏။ အ​ကျွန်ုပ်​တို့​သည် ကြိုး​စား၍ ကျင့်​ဖို့​ရာ၊ ကိုယ်​တော်​သည် ဩ​ဝါ​ဒ​ပေး​တော်​မူ​ပြီ။ ကိုယ်​တော်၏​အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​နိုင်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် လမ်း​ဖြောင့်​ပါ​စေ​သော။ အ​ကျွန်ုပ်​သည် ပ​ညတ်​တော်​အ​လုံး​စုံ​တို့​ကို ထောက်​ထား​သော​အ​ခါ၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ရ​ပါ​၏။ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​များ​ကို အ​ကျွန်ုပ်​လေ့​ကျက်​ပြီး​မှ၊ ဂုဏ်​တော်​ကို ဖြောင့်​သော​သ​ဘော​နှင့် ချီး​မွမ်း​ပါ​မည်။ ကိုယ်​တော်၏ အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​ပါ​မည်။ အ​ကျွန်ုပ်​ကို ရှင်း​ရှင်း စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ လူ​ပျို​သည် မိ​မိ​သွား​သော​လမ်း​ကို အ​ဘယ်​သို့ သန့်​ရှင်း​စေ​နိုင်​ပါ​မည်​နည်း​ဟူ​မူ​ကား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း သတိ​ပြု​ရ​မည်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​ပါ၏။ ပ​ညတ်​တော်​လမ်း​မှ လွဲ​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​တော်​မူ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်​၌ သွန်​သင်​တော်​မူ​ပါ။ စီ​ရင်​တော်​မူ​ရာ နှုတ်​တော်​ထွက် အ​လုံး​စုံ​တို့​ကို အ​ကျွန်ုပ်​သည် ကိုယ်​နှုတ်​နှင့် ဟော​ပြော​ပါ​၏။ ခပ်​သိမ်း​သော စည်း​စိမ်​ဥ​စ္စာ​ကို​ရ​ဘိ​သ​ကဲ့​သို့၊ သက်​သေ​ခံ​တော်​မူ​ရာ​လမ်း၌ ဝမ်း​မြောက်​ပါ​၏။ ပေး​တော်​မူ​သော ဩ​ဝါ​ဒ​ကို​ဆင်​ခြင်၍ လမ်း​ခ​ရီး​တော်​တို့​ကို ကြည့်​ရှု​ပါ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့၌ မွေ့​လျော်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို မ​မှတ်​ဘဲ​မ​နေ​ပါ။ ကိုယ်​တော်၏​ကျွန်​သည် အ​သက်​ရှင်၍၊ နှုတ်​က​ပတ်​တော်​ကို စောင့်​နိုင်​ပါ​မည်​အ​ကြောင်း၊ ကျေး​ဇူး​ပြု​တော်​မူ​ပါ။ တ​ရား​တော်၌ အံ့​ဖွယ်​သော​အ​ရာ​တို့​ကို မြင်​နိုင်​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​မျက်​စိ​တို့​ကို ဖွင့်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ဧည့်​သည်​ဖြစ်​ပါ၏။ ပ​ညတ်​တော်​တို့​ကို ဝှက်​ထား​တော်​မ​မူ​ပါ​နှင့်။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​စဉ်​မ​ပြတ် တောင့်​တ​သော​အား​ဖြင့်၊ အ​ကျွန်ုပ်၏ စိတ်​နှ​လုံး​ကြေ​ကွဲ​လျက်​ရှိ​ပါ၏။ မာ​န​ကြီး​သော​သူ​နှင့် ပ​ညတ်​တော်​တို့​ကို လွန်​ကျူး၍၊ အ​ကျိန်​ခံ​ရ​သော သူ​တို့​ကို ကိုယ်​တော် ဆုံး​မ​တော်​မူ၏။ အ​ကျွန်ုပ်​သည် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​သည်​ဖြစ်၍၊ ကဲ့​ရဲ့​ခြင်း၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​နှင့် ကင်း​လွတ်​စေ​တော်​မူ​ပါ။ မင်း​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ ထိုင်၍ ပြော​ကြ​ပါ၏။ ကိုယ်​တော်၏​ကျွန်​မူ​ကား၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​လျက်​နေ​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​မွေ့​လျော်​ရာ၊ အ​ကျွန်ုပ်​တိုင်​ပင်​ရာ ဖြစ်​ကြ​ပါ၏။ အ​ကျွန်ုပ်၏​အ​သက်​သည် မြေ​မှုန့်၌ မှီ​ဝဲ​လျက်​ရှိ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​အ​ကျင့်​တို့​ကို​ဖော်​ပြ၍၊ ကိုယ်​တော်​သည် နား​ထောင်​တော်​မူ​ပြီ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ။ ပေး​တော်​မူ​သော ဩ​ဝါ​ဒ​လမ်း​ကို အ​ကျွန်ုပ်​နား​လည်​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင် အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​ပါ​မည်။ အ​ကျွန်ုပ် ဝမ်း​နည်း​ခြင်း​အား​ဖြင့် စိတ်​နှ​လုံး​အ​ရည်​ယို​လျက် ရှိ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း တည်​ကြည်​စေ​တော်​မူ​ပါ။ မု​သား​လမ်း​ကို အ​ကျွန်ုပ်​ရှောင်​ပါ​မည်​အ​ကြောင်း၊ ကယ်​မ၍​တ​ရား​တော်​ကို ပေး​သ​နား​တော်​မူ​ပါ။ သ​စ္စာ​လမ်း​ကို အ​ကျွန်ုပ်​ရွေး​ပါ​ပြီ။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​ရှေ့​မှာ ထား​ပါ​ပြီ။ သက်​သေ​ခံ​တော်​မူ​ချက်​တို့၌ မှီ​ဝဲ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ရှက်​ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ဉာဏ်​ကို ပွင့်​စေ​တော်​မူ​သည်​ဖြစ်၍၊ ပ​ညတ်​တော်​လမ်း​သို့ အ​လျင်​အ​မြန် လိုက်​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ထုံး​အ​ဖွဲ့​တော်​လမ်း​ကို အ​ကျွန်ုပ်​အား သွန်​သင်​တော်​မူ​ပါ။ အ​ဆုံး​တိုင်​အောင် လိုက်​သွား​ပါ​မည်။ ဉာဏ်​ကို ပေး​တော်​မူ​ပါ။ တ​ရား​တော်​ကို စောင့်​ပါ​မည်။ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​စောင့်​ပါ​မည်။ ပ​ညတ်​တော်​လမ်း​၌ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​ပါ။ ထို​လမ်း​ကို​နှစ်​သက်​ပါ၏။ အ​ကျွန်ုပ်​စိတ်​နှ​လုံး​ကို လော​ဘ​ဘက်​သို့​မ​ဟုတ်၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ဘက်​သို့ ဆွဲ​တော်​မူ​ပါ။ အ​န​တ္တ​ကို ပ​မာ​ဏ​မ​ပြု​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​မျက်​စိ​ကို အ​ခြား​သို့​လွှဲ​တော်​မူ​ပါ။ လမ်း​ခ​ရီး​တော်၌ အ​ကျွန်ုပ်​အ​သက်​ရှင်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော ကိုယ်​တော်၏​ကျွန်၌ ဗျာ​ဒိတ်​တော်​ကို တည်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကြောက်​သော​ကဲ့​ရဲ့​ခြင်း​ကို ပယ်​ပျောက်​စေ​တော်​မူ​ပါ။ စီ​ရင်​တော်​မူ​ချက်​တို့​သည် ကောင်း​မွန်​ကြ​ပါ၏။ ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​များ​ကို တောင့်​တ​ပါ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ဗျာ​ဒိတ်​တော်​အ​တိုင်း က​ရု​ဏာ​တော်​တည်း​ဟူ​သော ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​တော်​သည် အ​ကျွန်ုပ်၌​ရောက်​ပါ​စေ​သော။ ထို​သို့ အ​ကျွန်ုပ်​သည် နှုတ်​က​ပတ်​တော်​ကို ကိုး​စား​သည်​ဖြစ်၍၊ ကဲ့​ရဲ့​သော​သူ၏​စ​ကား​ကို ချေ​စ​ရာ​အ​ကြောင်း ရှိ​ရ​ပါ​လိမ့်​မည်။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​မျှော်​လင့်​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၏​နှုတ်​ထဲ​က သ​စ္စာ​စ​ကား​ကို အ​လျှင်း ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏​တ​ရား​ကို မ​ခြား​မ​လပ် အ​စဉ်​အ​မြဲ ကျင့်​စောင့်​ပါ​မည်။ ပေး​တော်​မူ​သော ဩ​ဝါ​ဒ​များ​ကို အ​ကျွန်ုပ်​ရှာ​ဖွေ​မေး​မြန်း​သည်​ဖြစ်၍၊ အ​ဆီး​အ​တား​မ​ရှိ​ဘဲ သွား​လာ​ရ​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို မင်း​များ​ထံ​မှာ ပြန်​ပြော၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည် နှစ်​သက်​သော​ပ​ညတ်​တော်​တို့၌ မွေ့​လျော်​ပါ​မည်။ နှစ်​သက်​သော ပ​ညတ်​တော်​တို့​အား​လက်​တို့​ကို​ချီ၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​ပါ​မည်။ အ​ကျွန်ုပ် မျှော်​လင့်​စ​ရာ​အ​ကြောင်း၊ ကိုယ်​တော်၏​ကျွန်၌​ထား​တော်​မူ​သော နှုတ်​က​ပတ်​တော်​ကို အောက်​မေ့​တော်​မူ​ပါ။ ဗျာ​ဒိတ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​အ​သက်​ရှင်​သည်​ဖြစ်၍၊ ဆင်း​ရဲ​ကို​ခံ​ရ​စဉ်​တွင်၊ ထို​နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​သက်​သာ​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။ မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို အ​လွန်​ကဲ့​ရဲ့​သော်​လည်း၊ ကိုယ်​တော်၏​တ​ရား​လမ်း​ကို အ​ကျွန်ုပ်​မ​ရှောင်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ရှေး​ကာ​လ၌ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ် အောက်​မေ့၍၊ ကိုယ်​ကို​ကိုယ် နှစ်​သိမ့်​စေ​ပါ၏။ တ​ရား​တော်​ကို စွန့်​ပယ်​သော အ​ဓ​မ္မ​လူ​တို့​ကြောင့်၊ အ​ကျွန်ုပ်၌ ပူ​လောင်​သော​စိတ် စွဲ​လန်း​လျက် ရှိ​ပါ၏။ အ​ကျွန်ုပ်​ဧည့်​သည် နေ​ရာ​အိမ်​တွင် အ​ထုံး​အ​ဖွဲ့​တော်​တို့​သည် အ​ကျွန်ုပ်​သီ​ချင်း​ဆို​ရာ​အ​ကြောင်း ဖြစ်​ကြ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ည​အ​ချိန်၌ နာ​မ​တော်​ကို အ​ကျွန်ုပ်​အောက်​မေ့၍ တ​ရား​တော်​ကို​စောင့်​ပါ၏။ ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​များ​ကို နား​ထောင်​သော​အား​ဖြင့် အား​ရ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ဖို့ ဖြစ်​တော်​မူ၏။ နှုတ်​က​ပတ်​စ​ကား​တော်​တို့​ကို နား​ထောင်​ပါ​မည်​ဟု အ​ကျွန်ုပ်​ပြော​ထား​ပါ​ပြီ။ ကျေး​ဇူး​တော်​ကို ခံ​ရ​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ တောင်း​ပန်​ပါ၏။ ဗျာ​ဒိတ်​တော်​အ​တိုင်း အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ ကိုယ်​လိုက်​ရာ​လမ်း​ကို ဆင်​ခြင်​သော​အ​ခါ၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သို့ လှည့်၍​လိုက်​ပါ၏။ ပ​ညတ်​တော်​တို့​ကို​စောင့်​ခြင်း​ငှာ မ​ဖင့်​မ​နွှဲ အ​လျင်​အ​မြန် ပြု​ပါ​၏။ မ​တ​ရား​သော​သူ​အ​ပေါင်း​တို့​သည် ကျွန်ုပ်​ကို​ဝိုင်း​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​သည် တ​ရား​တော်​ကို မ​မေ့​မ​လျော့​ပါ။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ချက်​တို့​ကို ထောက်၍၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ၊ သန်း​ခေါင်​အ​ချိန်၌ အ​ကျွန်ုပ် ထ​တတ်​ပါ​၏။ ကိုယ်​တော်​ကို​ကြောက်​ရွံ့​သော​သူ၊ ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​ကို နား​ထောင်​သော​သူ​ရှိ​သ​မျှ​တို့​နှင့် အ​ကျွန်ုပ် ပေါင်း​ဖော်​တတ်​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ မြေ​ကြီး​သည် က​ရု​ဏာ​တော်​နှင့် ပြည့်​ဝ​ပါ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌သွန်သင်တော်မူပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း ကိုယ်​တော်၏​ကျွန်၌ ကျေး​ဇူး​ပြု​တော်​မူ​၏။ ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​ယုံ​ကြည်​သည်​ဖြစ်၍၊ ကောင်း​သော​ဉာဏ်​နှင့် ပ​ညာ​တော်​အ​တတ်​ကို သွင်း​ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဆင်း​ရဲ​မ​ခံ​မီ လမ်း​လွဲ​ပါ၏။ ယ​ခု​မူ​ကား၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကျင့်​စောင့်​ပါ၏။ ကိုယ်​တော်​သည် ကောင်း​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော ရှိ​တော်​မူ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ။ မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ မု​သား​စ​ကား​ကို ကြံ​စည်​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကျင့်​ပါ၏။ သူ​တို့​နှ​လုံး​သည် ဆီ​ဥ​ကဲ့​သို့ ခဲ​လျက်​ရှိ၏။ အ​ကျွန်ုပ်​မူ​ကား၊ ကိုယ်​တော်၏​တ​ရား၌ မွေ့​လျော်​ပါ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​ဆင်း​ရဲ​ခံ​ရ​သော ကျေး​ဇူး​သည် ကြီး​ပါ၏။ နှုတ်​တော်​ထွက် တ​ရား​တော်​သည် ရွှေ​ငွေ​အ​ထောင်​အ​သောင်း​ထက်​မ​က၊ အ​ကျွန်ုပ်၌ သာ၍​ကောင်း​ပါ၏။ ကိုယ်​တော်၏​လက်​တို့​သည် အ​ကျွန်ုပ်​ကို​ဖန်​ဆင်း၍၊ ပုံ​သ​ဏ္ဌာန်​ကို ပေး​တော်​မူ​ပြီ။ ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​သင်​နိုင်​သော ဉာဏ်​နှင့် ပြည့်​စုံ​စေ​တော်​မူ​ပါ။ နှုတ်​က​ပတ်​တော်​ကို အ​ကျွန်ုပ်​မျှော်​လင့်​သော​ကြောင့်၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို​မြင်၍ ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​ချက်​တို့​သည် ဟုတ်​မှန်​ကြောင်း​ကို​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို ဆင်း​ရဲ​စေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း အ​ကျွန်ုပ်​သိ​ပါ၏။ ကိုယ်​တော်၏​ကျွန်၌ မိန့်​တော်​မူ​ချက်​အ​တိုင်း၊ က​ရု​ဏာ​တော်​သည် အ​ကျွန်ုပ်​ကို ချမ်း​သာ​ပေး​ပါ​စေ​သော​ဟု ဆု​တောင်း​ပါ၏။ ကိုယ်​တော်၏​တ​ရား​သည် အ​ကျွန်ုပ်​မွေ့​လျော်​ရာ ဖြစ်​ပါ၏။ ထို​ကြောင့် အ​ကျွန်ုပ်​အ​သက်​ရှင်​မည်​အ​ကြောင်း၊ သ​နား​စုံ​မက်​တော်​မူ​ခြင်း​သည် သက်​ရောက်​ပါ​စေ​သော။ မာ​န​ကြီး​သော​သူ​တို့​သည် ရှက်​ကြောက်​ကြ​ပါ​စေ​သော။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်၌ မ​တ​ရား​သ​ဖြင့် ပြု​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​မူ​ကား ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို ဆင်​ခြင်​အောက်​မေ့​ပါ​မည်။ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို သိ​သော​သူ​တို့​သည် အ​ကျွန်ုပ်​ထံ​သို့ လှည့်​ကြ​ပါ​စေ​သော။ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​နှ​လုံး​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့၌ စုံ​လင်​ပါ​စေ​သော။ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို တောင့်​တ​လျက်​နှင့် ခွန်​အား​လျော့​ပါ၏။ သို့​သော်​လည်း၊ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​ပါ၏။ အ​ကျွန်ုပ်​ကို အ​ဘယ်​ကာ​လ​မှ ချမ်း​သာ​ပေး​တော်​မူ​ပါ​မည်​နည်း​ဟူ၍၊ အ​ကျွန်ုပ်​မျက်​စိ​တို့​သည် ဗျာ​ဒိတ်​တော်​ကို မျှော်​လင့်​လျက် အား​ကုန်​ပါ​၏။ မီး​ခိုး၌​ရှိ​သော သား​ရေ​ဘူး​ကဲ့​သို့ အ​ကျွန်ုပ်​ဖြစ်​ပါ၏။ သို့​သော်​လည်း၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို မ​မေ့​မ​လျော့​ပါ။ ကိုယ်​တော်၏​ကျွန်​နေ​ရ​သော နေ့​ရက်​ကာ​လ အ​ဘယ်​မျှ​လောက် ကြာ​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​အား၊ အ​ဘယ်​ကာ​လ​မှ တ​ရား​ဆုံး​ဖြတ်​တော်​မူ​မည်​နည်း။ မာ​န​ကြီး​သော​သူ၊ ကိုယ်​တော်၏​တ​ရား​ကို လွန်​ကျူး​သော သူ​တို့​သည် အ​ကျွန်ုပ်​အ​ဖို့ တွင်း​များ​ကို တူး​ကြ​ပါ​ပြီ။ အ​လုံး​စုံ​သော ပ​ညတ်​တော်​တို့​သည် သ​စ္စာ​နှင့် ပြည့်​စုံ​ကြ​ပါ၏။ သူ​တစ်​ပါး​တို့​သည် အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​ကြ​သည်​ဖြစ်၍၊ မ​စ​တော်​မူ​ပါ။ သူ​တို့​သည် အ​ကျွန်ုပ်​ကို မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​လု​ပါ​ပြီ။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို အ​ကျွန်ုပ်​မ​စွန့်​ပါ။ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ နှုတ်​တော်​ထွက် ဗျာ​ဒိတ်​တော်​ကို စောင့်​ပါ​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ နှုတ်​က​ပတ်​တော်​သည် ကောင်း​ကင်​ဘုံ၌ အ​စဉ်​အ​မြဲ​တည်​ပါ၏။ သ​စ္စာ​တော်​သည် လူ​မျိုး​အ​ဆက်​ဆက် မြဲ​မြံ​ပါ၏။ မြေ​ကြီး​ကို တည်​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် အ​မြဲ​နေ​ပါ၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်၍ စီ​ရင်​တော်​မူ​သည်​နှင့်​အ​ညီ၊ ယ​နေ့​တိုင်​အောင် အ​မြဲ​နေ​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​တ​ရား၌ မွေ့​လျော်​ခြင်း​မ​ရှိ​လျှင်၊ အ​ထက်​က​ဆင်း​ရဲ​ခံ​စဉ် ပျက်​စီး​ပါ​ပြီ။ ကိုယ်​တော်၏ ဥ​ပ​ဒေ​များ​ကို အ​စဉ်​မ​မေ့​မ​လျော့​နိုင်​ပါ။ အ​ကြောင်း​မူ​ကား၊ ထို​ဥ​ပ​ဒေ​သ​များ​အား​ဖြင့်၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ၏။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ပါ၏။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို ရှာ​ဖွေ​လိုက်​စစ်​သော​ကြောင့် အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ​တို့​သည် စောင့်​လျက်​နေ​ကြ​ပါ၏။ သို့​သော်​လည်း၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​ဆင်​ခြင် အောက်​မေ့​ပါ​မည်။ ခပ်​သိမ်း​သော စုံ​လင်​ခြင်း၏​အ​ဆုံး​ကို အ​ကျွန်ုပ် မြင်​ပါ​ပြီ။ ပ​ညတ်​တ​ရား​တော်​မူ​ကား၊ အ​လွန်​ကျယ်​ဝန်း​ပါ၏။ ကိုယ်​တော်၏​တ​ရား​ကို အ​ကျွန်ုပ်​သည် အ​လွန် နှစ်​သက်​ပါ၏။ တစ်​နေ့​လုံး ဆင်​ခြင်​အောက်​မေ့​လျက် နေ​ပါ၏။ ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၏​ရန်​သူ​တို့​ထက်၊ အ​ကျွန်ုပ်​ကို​သာ၍ ပ​ညာ​ရှိ​စေ​ပါ၏။ ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၌ အ​စဉ်​တည်​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​သည် ဆင်​ခြင်​အောက်​မေ့​သော​ကြောင့်၊ အ​ကျွန်ုပ်၏ ဆ​ရာ​အ​ပေါင်း​တို့​ထက် သာ၍​နား​လည်​ပါ၏။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို စောင့်​သော​ကြောင့်၊ အ​သက်​ကြီး​သူ​တို့​ထက် သာ၍ ဉာဏ်​ကောင်း​ပါ၏။ နှုတ်​က​ပတ်​တော်​ကို စောင့်​လို​သော​ငှာ၊ မ​ကောင်း​သော​လမ်း​ရှိ​သ​မျှ​တို့​ကို လွှဲ​ရှောင်​ပါ၏။ ကိုယ်​တော်​သည် သွန်​သင်​တော်​မူ​သော​ကြောင့်၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ အ​ကျွန်ုပ်​လွှဲ၍ မ​သွား​ပါ။ မိန့်​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​အာ​ခေါင်၌ အ​လွန်​ချို​ကြ​ပါ၏။ ခံ​တွင်း​ထဲ​မှာ ပျား​ရည်​ထက်​သာ၍ ချို​ကြ​ပါ​၏။ ကိုယ်​တော်​၏ ဥ​ပ​ဒေ​သ​များ​အား​ဖြင့်၊ အ​ကျွန်ုပ်​သည် ဉာဏ်​တိုး​ပွား၍၊ မိ​စ္ဆာ​လမ်း​ရှိ​သ​မျှ​တို့​ကို မုန်း​ပါ၏။ နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​ခြေ​ရှေ့​မှာ မီး​ခွက်​ဖြစ်၍၊ အ​ကျွန်ုပ်​လမ်း​ခ​ရီး​ကို လင်း​စေ​ပါ၏။ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​မည်​ဟု အ​ကျွန်ုပ်​ကျိန်​ဆို​သည် အ​တိုင်း​ပြု​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် စေ​တ​နာ​စိတ်​ရှိ၍၊ ကိုယ်​နှုတ်​နှင့်​ဆက်​သော ပူ​ဇော်​သ​ကာ​တို့​ကို နှစ်​သက်​တော်​မူ​ပါ၏။ စီ​ရင်​တော်​မူ​ချက်​တို့​ကို​လည်း၊ အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ပါ​၏။ အ​ကျွန်ုပ်​အ​သက်​သည် ကိုယ်​လက်၌ အ​စဉ်​ရှိ​ပါ၏။ သို့​သော်​လည်း၊ တ​ရား​တော်​ကို မ​မေ့​မ​လျော့​ပါ။ မ​တ​ရား​သော​သူ​တို့​သည် အ​ကျွန်ုပ်​ဖို့ ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​မှ လွှဲ၍​မ​သွား​ပါ။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​နှ​လုံး​ရွှင်​လန်း​ရာ​ဖြစ်၍၊ ကိုယ်​အ​မွေ​ဥ​စ္စာ​ဖို့ အ​စဉ်​အ​မြဲ ခံ​ယူ​ပါ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ဆုံး​တိုင်​အောင် အ​စဉ် လိုက်​ခြင်း​အ​လို​ငှာ၊ ကိုယ်​စိတ်​နှ​လုံး​ကို တိုက်​တွန်း​ပါ၏။ အ​ကျွန်ုပ်​သည် အ​ဓ​မ္မ​လူ​တို့​ကို မုန်း​၍၊ ကိုယ်​တော်၏​တ​ရား​ကို နှစ်​သက်​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ကွယ်​အ​ကာ၊ အ​ကျွန်ုပ်၏​ဒိုင်း​လွှား ဖြစ်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ၏။ ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ။ ငါ​သည် ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို ကျင့်​စော​င့်​မည်။ အ​ကျွန်ုပ်​သည် အ​သက်​ရှင်​ပါ​မည်​အ​ကြောင်း၊ မိန့်​တော်​မူ​ချက်​အ​တိုင်း ထောက်​မ​တော်​မူ​ပါ။ အ​ကျွန်ုပ် မျှော်​လင့်​ခြင်း​အ​ကြောင်း​မှ မ​ရှက်​မ​ကြောက်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​သည် ချမ်း​သာ​ရ​ပါ​မည်​အ​ကြောင်း မ​စ​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​စဉ်​အ​မြဲ ထောက်​ရှု​ပါ​မည်။ အ​ထုံး​အ​ဖွဲ့​တော်​တို့​မှ လွှဲ​သွား​သ​မျှ​သော​သူ​တို့​ကို ပယ်​တော်​မူ၏။ သူ​တို့​ပ​ရိ​ယာယ်​သည် မု​သား​ဖြစ်​ပါ၏။ မ​တ​ရား​သော မြေ​သား​အ​ပေါင်း​တို့​ကို ချော်​ကဲ့​သို့ မှတ်​တော်​မူ၏။ ထို​ကြောင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​နှစ်​သက်​ပါ၏။ ကိုယ်​တော်​ကို ထိတ်​လန့်​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ကြက်​သီး​မွေး​ညင်း​ထ၍၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ ကြောက်​ပါ၏။ အ​ကျွန်ုပ်​သည် တ​ရား​ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို ပြု​ပါ​ပြီ။ ညှဉ်း​ဆဲ​သော သူ​တို့​လက်၌ အ​ကျွန်ုပ်​ကို ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏ ကျွန်​အ​ဖို့​အ​လို​ငှာ အာ​မ​ခံ​တော်​မူ​ပါ။ မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို မ​နှိပ်​စက်​ကြ​ပါ​စေ​နှင့်။ ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​နှင့် ယှဉ်​သော ဗျာ​ဒိတ်​တော်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မျက်​စိ​သည်​မျှော်၍ အား​ကုန်​ပါ​ပြီ။ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ ကိုယ်​တော်၏​ကျွန်၌​ပြု၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို နား​လည်​နိုင်​သော ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​ချိန် ရောက်​ပါ​ပြီ။ သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို ပယ်​ကြ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား၊ ပ​ညတ်​တော်​တို့​ကို ရွှေ​ထက်​မ​က၊ ရွှေ​စင်​ထက် သာ၍ နှစ်​သက်​ပါ၏။ သို့​ဖြစ်​လျှင်၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​အ​လုံး​စုံ​တို့​သည် ဖြောင့်​ကြ​သည်​ဟု ထင်​မှတ်​လျက်၊ မိ​စ္ဆာ​လမ်း​ရှိ​သ​မျှ​တို့​ကို မုန်း​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်၍၊ အ​ကျွန်ုပ်​ဝိ​ညာဉ်​သည် စောင့်​ရှောက်​တတ်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို ဖွင့်​ပြ​ခြင်း​သည် အ​လင်း​ကို​ပေး၍၊ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်​ပါ၏။ ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​တောင့်​တ​အား​ကြီး​သ​ဖြင့်၊ နှုတ်​ကို​ဖွင့်၍ ပန်း​ဟိုက်​ပါ၏။ နာ​မ​တော်​ကို​ချစ်​သော သူ​တို့၌ ပြု​တော်​မူ​တတ်​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို ကြည့်​ရှု၍ ကယ်​မ​သ​နား​တော်​မူ​ပါ။ မိန့်​တော်​မူ​ချက်​အ​စဉ်​အ​တိုင်း အ​ကျွန်ုပ်​ခြေ​လှမ်း​တို့​ကို ဖြောင့်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို အ​ဘယ်​မည်​သော ဒု​စ​ရိုက်​မျှ အ​စိုး​မ​ရ​ပါ​စေ​နှင့်။ လူ​တို့၏​ညှဉ်း​ဆဲ​ခြင်း​ထဲ​က အ​ကျွန်ုပ်​ကို ရွေး​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို စောင့်​ပါ​မည်။ မျက်​နှာ​တော်၏​အ​လင်း​ကို ကိုယ်​တော်၏​ကျွန်​အ​ပေါ်​မှာ ထွန်း​လင်း​စေ၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို​မ​စောင့်​သော​ကြောင့်၊ အ​ကျွန်ုပ်​မျက်​စိ​တို့​မှ မျက်​ရည်​သည် မြစ်​ရေ​ကဲ့​သို့ စီး​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ၏။ စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မတ်​ကြ​ပါ​၏။ ထား​တော်​မူ​သော သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည်​လည်း တ​ရား​နှင့်​ညီ၍ သ​စ္စာ​မြဲ​ကြ​ပါ၏။ ရန်​သူ​တို့​သည် စ​ကား​တော်​တို့​ကို မေ့​လျော့​သော​ကြောင့်၊ စွဲ​လန်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​ပါ​၏။ နှုတ်​က​ပတ်​တော်​သည် အ​လွန်​စင်​ကြယ်​သည်​ဖြစ်၍၊ ကိုယ်​တော်၏​ကျွန်​သည် နှစ်​သက်​ပါ၏။ အ​ကျွန်ုပ်​သည် ငယ်​သော​သူ၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို မ​မေ့​မ​လျော့​ပါ။ ဖြောင့်​မတ်​တော်​မူ​ခြင်း​သည် နိ​စ္စ​ထာ​ဝ​ရ​ဖြောင့်​မတ်​ခြင်း​ဖြစ်​ပါ၏။ ကိုယ်​တော်၏​တ​ရား​သည် သ​စ္စာ​တ​ရား​ဖြစ်​ပါ၏။ ဆင်း​ရဲ​ညှိုး​ငယ်​ခြင်း​သို့ ရောက်​သော်​လည်း၊ ပ​ညတ်​တော်​တို့​သည် အ​ကျွန်ုပ်​မွေ့​လျော်​ရာ ဖြစ်​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​စဉ်​အ​မြဲ ဖြောင့်​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် အ​သက်​ရှင်​ပါ​မည်​အ​ကြောင်း၊ ဉာဏ်​ကို​ပေး​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​အော်​ဟစ်​ပါ​၏။ အို​ထာ​ဝ​ရ​ဘု​ရား နား​ထောင်​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို စောင့်​ပါ​မည်။ ကိုယ်​တော်​ကို အော်​ဟစ်​ပါ၏။ ကယ်​တင်​တော်​မူ​ပါ။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​မည်။ မိုး​မ​လင်း​မီ အ​ကျွန်ုပ် အော်​ဟစ်​တတ်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ၏။ ဗျာ​ဒိတ်​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​လို​သော​ငှာ၊ ညဉ့်​ယံ​မ​လွန်​မီ အ​ကျွန်ုပ်​နိုး​တတ်​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ စီ​ရင်​တော်​မူ​ချက်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ မ​ကောင်း​သော​အ​ကြံ​အ​စည်၌ ကျင်​လည်​သော သူ​တို့​သည် အ​နီး​သို့​ချဉ်း​ကြ​ပါ၏။ သူ​တို့​သည် ကိုယ်​တော်၏​တ​ရား​နှင့် ဝေး​ကြ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နီး​တော်​မူ၏။ အ​လုံး​စုံ​သော ပ​ညတ်​တော်​တို့​သည် သ​စ္စာ​ဖြစ်​ကြ​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​စဉ်​အ​မြဲ​ထား​တော်​မူ​ကြောင်း​ကို၊ ရှေ့​ဦး​စွာ​မှ​စ၍ အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​ကို​ကြည့်​ရှု၍၊ ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်၏​တ​ရား​ကို မ​မေ့​မ​လျော့​ပါ။ အ​ကျွန်ုပ်​အ​မှု​ကို​စောင့်၍ အ​ကျွန်ုပ်​ကို ရွေး​နုတ်​တော်​မူ​ပါ။ ဗျာ​ဒိတ်​တော်​အား​ဖြင့် အ​သက်​ရှင်​စေ​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​တို့​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို မ​ရှာ​သော​ကြောင့်၊ ကယ်​တင်​ခြင်း​နှင့် ဝေး​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ သ​နား​စုံ​မက်​တော်​မူ​ခြင်း သ​ဘော​သည် ကြွယ်​ဝ​ပါ၏။ စီ​ရင်​တော်​မူ​ချက်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​နှင့် ရန်​ဘက်​ပြု​သော​သူ​တို့​သည် များ​ကြ​ပါ၏။ သို့​သော်​လည်း၊ အ​ကျွန်ုပ်​သည် သက်​သေ​ခံ​တော်​မူ​ချက်​တို့​မှ လွှဲ၍​မ​သွား​ပါ။ သ​စ္စာ​မ​ရှိ​သော​သူ​တို့​ကို အ​ကျွန်ုပ်​သည်​မြင်၍ စိတ်​နာ​ပါ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဗျာ​ဒိတ်​တော်​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ပါ၏။ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို အ​ကျွန်ုပ်​နှစ်​သက်​ကြောင်း​ကို မှတ်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ နှုတ်​က​ပတ်​တော်​အ​လုံး​စုံ​တို့​သည် ဟုတ်​မှန်​ပါ၏။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ချက်​ရှိ​သ​မျှ​တို့​သည် အ​စဉ်​အ​မြဲ တည်​ကြ​ပါ၏။ အ​စိုး​ရ​သော​သူ​တို့​သည် အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို​ညှဉ်း​ဆဲ​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​စိတ်​နှ​လုံး​သည် စ​ကား​တော်​ကို ကြောက်​ရွံ့​ပါ၏။ လက်​ရ​ဥ​စ္စာ​များ​ကို​တွေ့​သ​ကဲ့​သို့ ဗျာ​ဒိတ်​တော်​စ​ကား​ကြောင့် အ​ကျွန်ုပ်​ဝမ်း​မြောက်​ပါ၏။ မု​သား​စ​ကား​ကို ကြား​ပြင်း​ရွံ​ရှာ​ပါ၏။ တ​ရား​တော်​ကို​ကား နှစ်​သက်​ပါ၏။ ဖြောင့်​မတ်​စွာ​စီ​ရင်​တော်​မူ​ချက်​များ​ကြောင့် ကိုယ်​တော်​ကို တစ်​ရက်​လျှင် ခု​နစ်​ကြိမ်​ချီး​မွမ်း​တတ်​ပါ၏။ တ​ရား​တော်​ကို​နှစ်​သက်​သော​သူ​တို့၌ ကြီး​စွာ​သော​ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ၏။ သူ​တို့ စိတ်​ပျက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​ကို အ​ကျွန်ုပ်​မျှော်​လင့်၍၊ ပ​ညတ်​တော်​တို့​ကို ကျင့်​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​ဝိ​ညာဉ်​သည် စောင့်​ပါ၏။ အ​လွန်​နှစ်​သက်​ပါ၏။ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​တို့​နှင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ၏။ အ​ကျွန်ုပ်​အ​ကျင့်​ရှိ​သ​မျှ​တို့​သည် ရှေ့​တော်၌​ရှိ​ကြ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အော်​ဟစ်​သံ​သည် ရှေ့​တော်​သို့ ရောက်​ပါ​စေ​သော။ နှုတ်​က​ပတ်​တော်​အ​တိုင်း ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။ အ​သ​နား​ခံ​သော​စ​ကား​သည် ရှေ့​တော်​သို့ ရောက်​ပါ​စေ​သော။ ဗျာ​ဒိတ်​တော်​အ​တိုင်း အ​ကျွန်ုပ်​ကို ကယ်​နုတ်​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်၏​နှုတ်​သည် ချီး​မွမ်း​ခြင်း​ကို မြွက်​ဆို​ပါ​မည်။ အ​လုံး​စုံ​သော​ပ​ညတ်​တော်​တို့​သည် ဖြောင့်​မတ်​ပါ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​လျှာ​သည် ဗျာ​ဒိတ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို နှစ်​သက်​ပါ​သည်​ဖြစ်၍၊ လက်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​ပါ​စေ​သော။ အို ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​တောင့်​တ​ပါ၏။ တ​ရား​တော်​သည်​လည်း အ​ကျွန်ုပ်​မွေ့​လျော်​ရာ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​သည် အ​သက်​ရှင်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​စေ​သော။ စီ​ရင်​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​ကို မ​စ​ကြ​ပါ​စေ​သော။ ပျောက်​သော​သိုး​ကဲ့​သို့ အ​ကျွန်ုပ်​သည် လမ်း​လွဲ​ပါ​ပြီ။ ကိုယ်​တော်၏​ကျွန်​ကို ရှာ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ပ​ညတ်​တော်​တို့​ကို မ​မေ့​မ​လျော့​ပါ။

ဆာလံ 119:1-176 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​လိုက်​လှောက် လက် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​သက်​ရှင်​လှုပ်​ရှား သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သွန်​သင်​တော်​မူ​ခက်​တို့​ကို​လိုက်​နာ​၍ ကိုယ်​တော်​၏​စ​ကား​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့ ခံ​ယူ​သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​ဒု​စ​ရိုက်​ကို​မ​ပြု​မ​ကင့်​ဘဲ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​လမ်း​အ​တိုင်း လိုက်​လှောက်​တတ်​ကြ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ပ​ညတ်​တော်​တို့​ကို ကွန်​တော်​မျိုး​တို့​အား​ပေး​အပ်​တော်​မူ​လက် ယင်း​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ ရန် မှာ​ကြား​တော်​မူ​ပါ​ပြီ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ည"န်​ကြား​ခက်​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း လိုက်​နာ​ရန် ဆန္ဒ​ပြင်း​ပြ​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော် ရှိ​သ​မှ​ကို​အ​လေး​ဂ​ရု​ပြု​ပါ​လှင် အ​ရှက်​တ​ကွဲ​အ​ကျိုး​နည်း​ရ​လိမ့်​မည်​မ​ဟုတ်​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန် သည့် စီ​ရင်​တော်​မူ​ခက်​မား​ကို​ခံ​ယူ​မှတ်​သား​ကာ ဖြူ​စင်​သည့်​စိတ်​နှ​လုံး​ဖြင့်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ် တော်​မား အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​ပါ​မည်။ ကွန်​တော်​မျိုး​အား​အ​ဘယ်​အ​ခါ​၌​မှ စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ လူ​ငယ်​လူ​ရွယ်​သည်​အ​ဘယ်​သို့​အား​ဖြင့် ဖြောင့်​မတ်​စွာ​ကင့်​ကြံ​ပြု​မူ​နိုင်​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့်​ဖြောင့်​မတ်​စွာ ကင့်​ကြံ​ပြု​မူ​နိုင်​ပါ​၏။ ကွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​၏ အ​စေ​ကို​ခံ​နိုင်​ရန်​ကြိုး​စား​ပါ​မည်။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​မှ​သွေ​ဖည်​၍​မ​သွား​ပါ​စေ​နှင့်။ ကိုယ်​တော်​ရှင်​အား​မ​ပြစ်​မှား​စေ​ရန် ကွန်​တော်​မျိုး​သည်​မိ​မိ​၏​စိတ်​နှ​လုံး​ထဲ​တွင် ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​သို​ထား​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​မား​ကို​သွန်​သင်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပေး​အပ်​တော် မူ​သော ပ​ညတ်​တော်​အ​ပေါင်း​ကို​အ​သံ​ကယ်​စွာ ရွတ်​ဆို​ပါ​မည်။ ကွန်​တော်​မျိုး​သည်​စည်း​စိမ်​ဥစ္စာ​မား​ထက် ကိုယ်​တော်​ရှင်​ဆုံး​မ​သွန်​သင်​တော်​မူ​ခက်​တို့​ကို ပို​၍​နှစ်​သက်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ​တော်​တို့​ကို ဆင်​ခြင်​လက် နည်း​လမ်း​တော်​တို့​ကို​အ​စဉ်​အာ​ရုံ​စိုက်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို နှစ်​သက်​ပါ​၏။ အ​မိန့်​တော်​တို့​ကို​မေ့​လော့​မည်​မ​ဟုတ်ပါ။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး​အား ကေး​ဇူး​ပြု​တော်​မူ​ပါ။ သို့​မှ​သာ​လှင်​ကွန်​တော်​မျိုး​သည်​အ​သက်​ရှင်​လက် ကိုယ်​တော်​ရှင်​၏​သွန်​သင်​ခက်​တို့​ကို လိုက်​နာ​နိုင်​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​မှ​အံ့​သြ​ဖွယ်​ရာ​မား​ကို တေ"​မြင်​နိုင်​ရန်​ကွန်​တော်​မျိုး​၏​မက်​စိ​တို့​ကို ဖွင့်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ဤ​ကမ္ဘာ​မြေ​ပေ"​တွင် ခေတ္တ​ခ​ဏ​မှ​သာ​နေ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို ကွန်​တော်​မျိုး​ထံ​မှ​ဝှက်​ထား​တော်​မ​မူ​ပါ နှင့်။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ စီ​ရင်​ဆုံးဖြတ်​ခက်​တို့​ကို​အ​ခါ​ခပ်​သိမ်း စိတ်​စွဲ​လမ်း​တောင့်​တ​လက်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မာန်​မာ​န​ကြီး​သူ​တို့​ကို ကြပ်​တည်း​စွာ​ဆို​ဆုံး​မ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​မား​မှ သွေ​ဖည်​သွား​ကြ​သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ကြ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို စောင့်​ထိန်း​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​ထို​သူ​တို့​၏​စော်​ကား​မှု​နှင့် မ​ထီ​မဲ့​မြင်​ပြု​မှု​တို့​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ။ အာ​ဏာ​ပိုင်​တို့​သည်​ကွန်​တော်​မျိုး​အား ဆန့်​ကင်​ဘက်​ပြု​၍​တိုင်​ပင်​ကြံ​စည်​လက် နေ​ကြ​၏။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး မူ​ကား ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​လေ့​လာ​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ဆုံး​မ​သွန်​သင်​တော်​မူ​ခက် တို့​သည် ကွန်​တော်​မျိုး​အား​စိတ်​ရ"င်​လန်း​စေ​ပါ​၏။ ယင်း​တို့​သည်​ကွန်​တော်​မျိုး​အား​လမ်း​ည"န် ကြ​ပါ​၏။ အ​ရေး​ရှုံး​နိမ့်​၍​ကွန်​တော်​မျိုး​သည် မြေ​မှုန့်​၌​လဲ​လက်​ရှိ​သ​ဖြင့် က​တိ​တော်​ရှိ​သည်​အ​တိုင်း​အ​သက်​ရှင်​စေ​တော် မူ​ပါ။ ကွန်​တော်​မျိုး​သည်​မိ​မိ​ပြု​မိ​သ​မှ​သော အ​ပြစ်​တို့​ကို​ဖော်​ပြ​ဝန်​ခံ​သည်​ဖြစ်​၍ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​၏​ပန်​ကြား ခက်​ကို နား​ညောင်း​တော်​မူ​ပါ​၏။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​တို့​ကို​သွန်​သင်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို​နား​လည် နိုင်​ရန် ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အံ့​သြ​ဖွယ်​ကောင်း​သည့်​သွန်​သင်​ခက် တို့​ကို ဆင်​ခြင်​ပါ​မည်။ ကွန်​တော်​မျိုး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု ခံ​စား​လက်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​ခွန်​အား​ပေး​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​လမ်း​လွဲ​၍​မ​သွား​စေ​ရန် ကူ​မ​တော်​မူ​ပါ။ က​ရု​ဏာ​တော်​ကို​ထောက်​၍​ကွန်​တော်​မျိုး​အား တ​ရား​တော်​ကို​သွန်​သင်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​စ​ကား တော်​ကို နား​ထောင်​ရန်​ရွေး​ခယ်​ပါ​ပြီ။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​ဆုံး​ဖြတ်​ခက်​တို့​ကို အာ​ရုံ​စိုက်​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ သြ​ဝါ​ဒ​မား​ကို​လိုက်​နာ​ပါ​ပြီ။ ကွန်​တော်​မျိုး​အား​အ​ရှက်​ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​အား​အ​သိ​ဉာဏ် ပို​မို​ပွင့်​လင်း​စေ​တော်​မူ​မည်​ဖြစ်​၍ ကွန်​တော်​မျိုး​သည်​အ​မိန့်​တော်​တို့​ကို စိတ်​အား​ထက်​သန်​စွာ​လိုက်​နာ​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​အား​အ​ထုံး​အ​ဖွဲ့​တော်​တို့​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သွန်​သင်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​အ​မြဲ​တ​စေ လိုက်​လှောက်​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​ရှင်း​လင်း ဖော်​ပြ​တော်​မူ​ပါ။ ယင်း​ကို​ကွန်​တော်​မျိုး​သည်​လိုက်​နာ​ပါ​မည်။ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​စောင့်​ထိန်း​ပါ​မည်။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​မား​ကို​နှစ်​သက်​သည်​ဖြစ်​၍ ပ​ညတ်​တော်​မား​ကို​စောင့်​ထိန်း​နိုင်​ရန် ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ စည်း​စိမ်​ဥစ္စာ​ခမ်း​သာ​ကြွယ်​ဝ​လို​စိတ်​အ​စား ကိုယ်​တော်​ရှင်​၏​ဆုံး​မ​သွန်​သင်​ခက်​တို့​ကို လိုက်​နာ​စိတ်​ကွန်​တော်​မျိုး​အား​ပေး​တော်​မူ​ပါ။ အ​ကျိုး​မ​ရှိ​သည့်​အ​ရာ​မား​ကို​အာ​ရုံ​ပြု​မှု​နှင့် ကင်း​ဝေး​စေ​တော်​မူ​၍ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ က​တိ​တော်​အ​တိုင်း​ကေး​ဇူး​ပြု​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​တို့​အား ထား​တော်​မူ​သည့်​က​တိ​တော်​ကို​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကွန်​တော်​မျိုး​အား​ခံ​စား​စေ​တော်​မူ​ပါ။ ကွန်​တော်​မျိုး​ကြောက်​လန့်​သည့်​စော်​ကား​မှု​မား​မှ ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​တို့​သည် အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ် တော်​တို့​ကို အ​လွန်​စောင့်​ထိန်း​လို​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​တ​ရား​မှ​တ​တော်​မူ​သည် ဖြစ်​၍ ကွန်​တော်​မျိုး​အား​အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​အ​ဘယ်​မှ ခစ်​တော်​မူ​ကြောင်း​ကို​ပြ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​က​တိ​တော်​အ​တိုင်း ကွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ထို​အ​ခါ​ကွန်​တော်​မျိုး​သည်​မိ​မိ​အား​စော်​ကား သူ​တို့​ကို​ပြန်​လည်​ခေ​ပ​နိုင်​ပါ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကွန်​တော်​မျိုး​သည် နှုတ်​က​ပတ်​တော်​ကို​ကိုး​စား​သော​ကြောင့် ဖြစ်​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ စီ​ရင်​ဆုံး​ဖြတ်​ခက်​တို့​ကို​စောင့်​မှော်​သည်​ဖြစ်​၍ အ​ခါ​ခပ်​သိမ်း​သစ္စာ​စ​ကား​ကို​ပြော​ဆို​နိုင်​ရန် ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား တော်​ကို အ​စဉ်​အ​မြဲ​လိုက်​နာ​ပါ​မည်။ ကာ​လ​အ​စဉ်​အ​ဆက်​လိုက်​နာ​ပါ​မည်။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သြ​ဝါ​ဒ မား​ကို ကြိုး​စား​၍​လိုက်​နာ​သ​ဖြင့် လွတ်​လပ်​မှု​အ​ပြည့်​အ​ဝ​ဖြင့်​သွား​လာ​နေ​ထိုင် ရ​ပါ​လိမ့်​မည်။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဆုံး​မ​သွန်​သင်​ခက်​မား​ကို​ဘု​ရင်​တို့​ရှေ့​တွင် ဖော်​ပြ​ကြေ​ညာ​ပါ​မည်။ ကွန်​တော်​မျိုး​သည်​အ​ရှက်​တ​ကွဲ​ဖြစ်​ရ​လိမ့်​မည် မ​ဟုတ်​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို နှစ်​သက်​မြတ်​နိုး​သည်​ဖြစ်​၍​ယင်း​တို့​ကို​လိုက်​နာ စောင့်​ထိန်း​ရာ​တွင်​ရ"င်​လန်း​အား​ရ​မှု​ရှိ​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​လေး​စား​မြတ်​နိုး​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော် မျိုး​အား ထား​တော်​မူ​သော​က​တိ​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ ယင်း​က​တိ​တော်​သည်​ကွန်​တော်​မျိုး​အား မှော်​လင့်​ခက်​ကို​ပေး​ပါ​ပြီ။ ကိုယ်​တော်​ရှင်​၏​က​တိ​တော်​သည်​ကွန်​တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​သည်​ဖြစ်​၍ ဆင်း​ရဲ​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌​ပင်​လှင် ကွန်​တော်​မျိုး​သည်​စိတ်​သက်​သာ​မှု​ကို​ရ​ရှိ​ပါ​၏။ မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​ကို အ​စဉ်​ပင် ကဲ့​ရဲ့​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​မှ သွေ​ဖည်​၍​မ​သွား​ပါ။ အ​တိတ်​ကာ​လ​က​ကိုယ်​တော်​ရှင်​ပေး​တော်​မူ ခဲ့​သော စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​ကို​သ​တိ​ရ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ယင်း​တို့​သည်​ကွန်​တော်​မျိုး​အား​စိတ်​သက်​သာ​စေ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​သူ​ယုတ်​မာ​တို့ စွန့်​ပယ်​ကြ​သည်​ကို​မြင်​သော​အ​ခါ ကွန်​တော်​မျိုး​သည်​အ​မက်​ထွက်​ပါ​၏။ ကွန်​တော်​မျိုး​သည်​ဤ​လော​က​၌​ခေတ္တ​မှ အ​သက်​ရှင်​နေ​ရ​ခိန်​၌ ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​မား​အ​ကြောင်း​ကို သီ​ခင်း​စပ်​၍​ဆို​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ညဥ့်​အ​ခါ​၌​ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို သ​တိ​ရ​လက် ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​ဆင်​ခြင်​စဉ်း​စား ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ရ​ခြင်း​သည်​ကွန်​တော်​မျိုး​အား ဝမ်း​မြောက်​စေ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​သာ​လှင် တောင့်​တ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​ရန်​က​တိ​ပြု​ပါ​၏။ ကိုယ်​တော်​ရှင်​က​တိ​ရှိ​တော်​မူ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ​ရန် စိတ်​ရော​ကိုယ်​ပါ​တောင်း​လှောက်​ပါ​၏။ ကွန်​တော်​မျိုး​သည်​မိ​မိ​၏​နေ​ထိုင်​ပုံ​ကို ပြန်​လည်​ဆင်​ခြင်​သုံး​သပ်​ပါ​၏။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော ဆုံး​မ​သွန်​သင်​ခက်​မား​အ​တိုင်း​လိုက်​နာ​ရန် က​တိ​ပြု​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို မ​ဆိုင်း​မ​တွ​ဘဲ​လိုက်​နာ​စောင့်​ထိန်း​ပါ​မည်။ သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​အ​တွက် ကော့​ကွင်း​ကို​ထောင်​ထား​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တရား​တော် ကို မ​မေ့​မ​လော့​ပါ။ ကွန်​တော်​မျိုး​သည်​သန်း​ခေါင်​ယံ​တွင်​နိုး​ထ​လက် ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန်​တော်​မူ​သည့် စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​အ​တွက်​ကိုယ်​တော် ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ကို ခံ​သူ​အ​ပေါင်း​နှင့် ဥ​ပ​ဒေ​သ​တော်​တို့​ကို​ကင့်​သုံး​စောင့်​ထိန်း​သူ အ​ပေါင်း​တို့​၏​မိတ်​ဆွေ​ဖြစ်​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​နှင့်​ပြည့်​ဝ​ပါ​၏။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​သွန်​သင်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​က​တိ​တည်​တော်​မူ​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး​အား ကေး​ဇူး​ပြု​တော်​မူ​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို ကိုး​စား​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ဒဏ်​ခတ်​တော်​မ​မူ​မီ​အ​ခါ​က ကွန်​တော်​မျိုး​သည်​လမ်း​လွဲ​သော်​လည်း ယ​ခု​မှာ​မူ​နှုတ်​က​ပတ်​တော်​အ​တိုင်း​ပြု​ကင့်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​ကောင်း​မြတ်​၍ သ​နား​ကြင်​နာ​တော်​မူ​ပါ​၏။ ကွန်​တော်​မျိုး​အား​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​၏ အ​ကြောင်း​ကို​လိမ်​လည်​၍​ပြော​ဆို​ကြ​ပါ​၏။ ကွန်​တော်​မျိုး​မူ​ကား​ဥ​ပ​ဒေ​သ​တို့​ကို အ​စွမ်း​ကုန် လိုက်​နာ​ပါ​၏။ ထို​သူ​တို့​သည်​အ​သိ​ဉာဏ်​ရှိ​သူ​မား​မ​ဟုတ်​ပါ။ ကွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို နှစ်​သက်​ပါ​၏။ ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သည်​မှာ​ကွန်​တော် မျိုး အ​တွက်​ကောင်း​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​ခံ​ရ​ခြင်း​အား​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို​သိ​ရှိ​နား​လည်​၍ လာ​သော​ကြောင့်​ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော​တ​ရား​တော်​သည် ကွန်​တော်​မျိုး​အ​တွက်​လော​က​ရေ"​ငွေ ရှိ​သ​မှ​ထက်​ပို​၍​အ​ဖိုး​ထိုက်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​ကို​ဖန်​ဆင်း​တော်​မူ​၍ ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို​သိ​ရှိ နား​လည်​နိုင်​ရန် ကွန်​တော်​မျိုး​အား​အ​သိ​ဉာဏ်​ကို​ပေး​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​က​တိ​တော်​ကို အား​ကိုး​သည်​ဖြစ်​၍ ကိုယ်​တော်​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​သူ​တို့​သည် ကွန်​တော်​မျိုး​ကို​မြင်​၍​ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက် တို့​သည် တ​ရား​မှ​တ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း" သစ္စာ​တော်​နှင့်​အ​ညီ​ကွန်​တော်​မျိုး​အား ဒဏ်​ခတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ကွန်​တော်​မျိုး​သိ​ပါ​၏။ က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကိုယ်​တော်​ရှင်​၏ ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကိုယ်​တော့်​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး​အား စိတ်​သက်​သာ​မှု​ကို​ပေး​တော်​မူ​ပါ​စေ​သော။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား တော်​ကို နှစ်​သက်​မြတ်​နိုး​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ သို့​ပြု​လှင်​ကွန်​တော်​မျိုး​အ​သက်​ရှင်​ရ​ပါ လိမ့်​မည်။ မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​အား လိမ်​လည် စွပ်​စွဲ​ကြ​သည့်​အ​တွက်​အ​ရှက်​ရ​ကြ​ပါ​စေ​သော။ ကွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​တို့​ကို​ဆင်​ခြင်​ပါ​မည်။ ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ" ကိုယ်​တော်​၏​ဆုံး​မ​သွန်​သင်​တော်​မူ​ခက်​တို့​ကို သိ​သော​သူ​တို့​သည် ကွန်​တော်​မျိုး​၏​ထံ​သို့​လာ​ကြ​ပါ​စေ​သော။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လှောက်​သ​ဖြင့် အ​ရေး​ရှုံး​နိမ့်​၍​အ​ရှက်​ကွဲ​မှု​နှင့် ကင်း​လွတ်​ပါ​စေ​သော။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကယ်​တော် မူ​မည်​ကို စောင့်​ဆိုင်း​ရ​၍​အား​အင်​ကုန်​ခန်း​လက်​ရှိ​ပါ​၏။ ကွန်​တော်​မျိုး​သည်​နှုတ်​က​ပတ်​တော်​ကို ကိုး​စား​ပါ​၏။ ``ကွန်​တော်​မျိုး​အား​အ​ဘယ်​သော​အ​ခါ​၌ ကူ​မ​တော်​မူ​ပါ​မည်​နည်း'' ဟု​မေး​လှောက်​ကာ ကိုယ်​တော်​ရှင်​က​တိ​ထား​တော်​မူ​သည်​ကို စောင့်​မှော်​နေ​ရ​သည်​မှာ​ကွန်​တော်​မျိုး​၏ မက်​စိ​မား​သည်​ညောင်း​ညာ​လက်​နေ​ပါ​၏။ ကွန်​တော်​မျိုး​သည်​စွန့်​ပစ်​ထား​သည့်​သား​ရေ ဘူး​ကဲ့​သို့ အ​သုံး​မ​ဝင်​တော့​ပါ။ သို့​သော်​လည်း​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို မ​မေ့​မ​လော့​ပါ။ ကွန်​တော်​မျိုး​သည်​အ​ဘယ်​မှ​ကြာ​အောင် ဆိုင်း​ငံ့​ရ​ပါ​ဦး​မည်​နည်း။ ကွန်​တော်​မျိုး​အား​ညှဉ်း​ဆဲ​နှိပ်​စက်​သူ​တို့​ကို အ​ဘယ်​အ​ခါ​မှ​ဒဏ်​ခတ်​တော်​မူ​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​မ​လိုက်​နာ​ကြ​သော မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​အား ထောင်​ဖမ်း​ရန်​တွင်း​မား​ကို​တူး​ကြ​ပါ​ပြီ။ ပ​ညတ်​တော်​ရှိ​သ​မှ​တို့​သည်​စိတ်​ခ​ယုံ​ကြည်​ရ​ပါ​၏။ လူ​တို့​သည်​မု​သား​ပြော​ဆို​လက်​ကွန်​တော်​မျိုး​အား နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​ပါ​၏။ ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ သူ​တို့​သည်​ကွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ရာ​တွင် အောင်​မြင်​လု​နီး​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​တို့​ကို​လစ်​လူ​မ​ရှု​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​နိုင်​ရန် ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကြောင့် ကွန်​တော်​မျိုး​အား​ကေး​ဇူး​ပြု​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား" နှုတ်​က​ပတ်​တော်​သည်​ကောင်း​ကင်​ဘုံ​၌ ထာ​ဝ​စဉ်​တည်​ရှိ​ပါ​၏။ သစ္စာ​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင်​နေ​ရာ​ခ​ထား တော်​မူ​သည့်​အ​တိုင်း​တည်​လက်​ရှိ​ပါ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​မား​ဖြစ်​သ​ဖြင့် ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော်​အ​ရ​ယ​နေ့​တိုင်​အောင် တည်​လက်​ရှိ​ကြ​ပါ​၏။ အ​ကယ်​၍​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​သည် ကွန်​တော်​မျိုး​အ​တွက်​ရ"င်​လန်း​အား​ရ​ဖွယ် မ​ဖြစ်​ပါ​မူ ကွန်​တော်​မျိုး​သည်​မိ​မိ​ခံ​ရ​သည့် ဆင်း​ရဲ​ဒုက္ခ​ကြောင့်​ပင်​လှင်​သေ​မည်​ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ဥ​ပ​ဒေ​သ​တော်​မား​အား​ဖြင့် ကွန်​တော်​မျိုး​အား​အ​သက်​ရှင်​စေ​တော်​မူ​သည် ဖြစ်​၍ ကွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​အ​ဘယ်​အ​ခါ ၌​မှ လစ်​လူ​ရှု​လိမ့်​မည်​မ​ဟုတ်​ပါ။ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​ကို​ပိုင်​တော် မူ​ပါ​၏။ သို့​ဖြစ်​၍​ကယ်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ တော် တို့​ကို​ကြိုး​စား​၍​စောင့်​ထိန်း​ပါ​၏။ သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​ကို​သတ်​ရန် စောင့်​လက်​နေ​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​တို့​ကို အောက်​မေ့​ဆင်​ခြင်​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​မှ​ပြီး​ပြည့်​စုံ​လင်​ခြင်း မ​ရှိ​ကြောင်း​ကို​ကွန်​တော်​မျိုး​သိ​မြင်​လာ ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား တော်​ကို အ​လွန်​နှစ်​သက်​မြတ်​နိုး​ပါ​၏။ ထို​တ​ရား​တော်​အ​ကြောင်း​ကို​ကွန်​တော်​မျိုး​သည် တစ်​နေ့​လုံး​အောက်​မေ့​ဆင်​ခြင်​လက်​နေ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​သည် ကွန်​တော်​မျိုး​နှင့်​အ​တူ​အ​စဉ်​ရှိ​တော်​မူ​ပါ​၏။ ပ​ညတ်​တော်​အား​ဖြင့်​ကွန်​တော်​မျိုး​သည် ရန်​သူ​မား​ထက်​ပ​ညာ​သာ​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပေး​တော် မူ​သော ဆုံး​မ​သွန်​သင်​ခက်​မား​ကို​အောက်​မေ့ ဆင်​ခြင်​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​၏​ဆ​ရာ​အ​ပေါင်း​တို့​ထက်​ပို​မို သိ​ရှိ​နား​လည်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ​တော်​တို့​ကို လိုက်​နာ​သည်​ဖြစ်​၍​အ​သက်​ကြီး​သူ​မား​ထက် ပို​၍​ပ​ညာ​ဉာဏ်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​အ​တိုင်း လိုက်​နာ​လို​သည်​ဖြစ်​၍​အ​ကင့်​ဆိုး​ဟူ​သ​မှ​ကို ရှောင်​ပါ​၏။ ကွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​သူ​မှာ ကိုယ်​တော်​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ခ​မှတ်​တော်​မူ​သည့်​စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​မှ သွေ​ဖည်​၍​မ​သွား​ပါ။ ဆုံး​မ​သွန်​သင်​တော်​မူ​ခက်​တို့​သည်​ကွန်​တော်​မျိုး​၏ ခံ​တွင်း​၌​လွန်​စွာ​ချို​ပါ​၏။ ပား​ရည်​ထက်​ပင်​ချို​ပါ​၏။ ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​မား​မှ ဉာဏ်​ပ​ညာ​ကို​ရ​ရှိ​သ​ဖြင့်​အ​ကင့်​ဆိုး ဟူ​သ​မှ​ကို​မုန်း​ပါ​၏။ နှုတ်​က​ပတ်​တော်​သည်​မီး​ခွက်​ဖြစ်​၍​ကွန်​တော်​မျိုး သွား​ရာ​လမ်း​ကို​လင်း​စေ​ပါ​၏။ ဖြောင့်​မှန်​စွာ​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​တို့​ကို လိုက်​နာ​ပါ​မည်​ဟု​ကွန်​တော်​မျိုး ကိန်​ဆို​ခဲ့​သည့်​အ​တိုင်း​ပြု​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​အ​လွန်​ပင်​ဒုက္ခ​ဝေ​ဒ​နာ ခံ​စား​နေ​ရ​ပါ​၏။ က​တိ​တော်​အ​တိုင်း​ကွန်​တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​ကေး​ဇူး​တော်​ခီး​မွမ်း​သည့် ဆု​တောင်း​ပတ္ထနာ​ကို​လက်​ခံ​တော်​မူ​၍ စီ​ရင်​တော်​မူ​ခက်​တို့​ကို​ကွန်​တော်​မျိုး​အား သွန်​သင်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​နေ့​စဉ်​နှင့်​အ​မှ အ​သက်​အန္တ​ရာယ်​နှင့်​တေ"​ကြုံ​နေ​ရ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​မေ့​မ​လော့​ပါ။ သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​အ​တွက် ကော့​ကွင်း​ကို​ထောင်​ကြ​ပါ​၏။ သို့​သော်​လည်း​ကွန်​တော်​မျိုး​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့​မှ​သွေ​ဖည်​၍​မ​သွား ပါ။ ပ​ညတ်​တော်​တို့​သည်​ကွန်​တော်​မျိုး​၏ ထာ​ဝ​ရ​ပိုင်​ဆိုင်​ရာ​ဖြစ်​၍​ကွန်​တော်​မျိုး​အား ရ"င်​လန်း​ဝမ်း​မြောက်​စေ​ပါ​၏။ ကွန်​တော်​မျိုး​သည်​သေ​သည့်​တိုင်​အောင် ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန်​သန္နိ​ဋ္ဌာန် ပြု​ပါ​ပြီ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​ပေ"​၌ ဒွိ​ဟ​သ​ဘော​ရှိ​သူ​တို့​ကို​မုန်း​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​မူ​ကား နှစ်​သက်​မြတ်​နိုး​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ​နှင့် ခို​လှုံ​ရာ​ဖြစ်​တော်​မူ​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကတိ​တော်​ကို စောင့်​မှော်​လက်​နေ​ပါ​၏။ အ​ခင်း​အ​ပြစ်​ကူး​သူ​တို့"ငါ့​ထံ​မှ​သွား ကြ​လော့။ ငါ​၏​ဘု​ရား​သ​ခင်​ပ​ညတ်​တော်​တို့​ကို ငါ​စောင့်​ထိန်း​မည်။ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​ကို​ခွန်​အား​ပေး​တော်​မူ​ပါ။ သို့​ပြု​လှင်​ကွန်​တော်​မျိုး​သည်​အ​သက်​ရှင် ရ​ပါ​လိမ့်​မည်။ ကွန်​တော်​မျိုး​၏​မှော်​လင့်​ခက်​ကို​ပက်​ပြယ် စေ​တော်​မ​မူ​ပါ​နှင့်။ ဘေး​မဲ့​လုံ​ခြုံ​မှု​ရ​ရှိ​စေ​ရန်​ကွန်​တော်​မျိုး​အား ထူ​ပင့်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​စဉ်​အ​မြဲ​ဂ​ရု​စိုက်​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​ပ​ညတ်​တော်​တို့​ကို​ချိုး​ဖောက်​သူ အ​ပေါင်း​တို့​အား​ပစ်​ပယ်​တော်​မူ​ပါ​၏။ ထို​သူ​တို့​၏​လိမ်​လည်​လှည့်​စား​သည့်​အ​ကြံ​အ​စည် မား​သည်​အ​ခည်း​နှီး​ဖြစ်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင် သူ​ယုတ်​မာ​အ​ပေါင်း​တို့​သည်​အ​မှိုက်​သ​ရိုက် ကဲ့​သို့ ဖြစ်​ပါ​၏။ သို့​ဖြစ်​၍​ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ပေး​တော်​မူ​သော​ဆုံး​မ​သွန်​သင်​ခက်​တို့​ကို နှစ်​သက်​မြတ်​နိုး​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​သ​ဖြင့်​ကွန်​တော် မျိုး​သည် ကြက်​သီး​မွေး​ညင်း​ထ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​တော်​မူ​ခက်​တို့​ကြောင့် ကွန်​တော်​မျိုး​ကြောက်​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကောင်း​ရာ​မှန်​ရာ​ကို​ပြု​ပါ​ပြီ။ ကွန်​တော်​မျိုး​အား​ရန်​သူ​မား​၏​လက်​တွင် စွန့်​ပစ်​၍​ထား​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​အား ကူ​မ​တော်​မူ​မည်​ဟူ​သော​က​တိ​တော်​ကို ပေး​တော်​မူ​ပါ။ ကွန်​တော်​မျိုး​ကို​ဖိ​နှိပ်​ရန်​မာန်​မာ​န​ကြီး သူ​တို့​အား ခွင့်​ပြု​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​၏​ကူ​မ​တော်​မူ​ခြင်း"က​တိ​ထား​တော် မူ​သော ကယ်​နုတ်​ခြင်း​ကို​စောင့်​မှော်​ရ​သည်​မှာ ကွန်​တော်​မျိုး​၏​မက်​စိ​ညောင်း​ညာ​လက်​နေ​ပါ​၏။ ခိုင်​မြဲ​သော​မေတ္တာ​တော်​ရှိ​သည့်​အ​တိုင်း ကွန်​တော်​မျိုး​အား​ကေး​ဇူး​ပြု​တော်​မူ​၍ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို​သွန်​သင်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဖြစ်​သ​ဖြင့် သွန်​သင်​တော်​မူ​ခက်​တို့​ကို နား​လည်​နိုင်​ရန်​ကွန်​တော်​မျိုး​အား​အ​သိ​ဉာဏ် ပေး​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား" လူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို ချိုး​ဖောက်​ကြ​သည်​ဖြစ်​၍ ကိုယ်​တော်​ရှင်​အ​ရေး​ယူ​တော်​မူ​ရန်​အ​ခိန်​သည် ယ​ခု​က​ရောက်​ပါ​ပြီ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​ရေ"​ထက်​မ​က​ရေ"​စင်​ထက် ပို​၍​နှစ်​သက်​မြတ်​နိုး​ပါ​၏။ သို့​ဖြစ်​၍​ကွန်​တော်​မျိုး​သည်​ဥ​ပ​ဒေ​သ​တော် ရှိ​သ​မှ​တို့​ကို​စောင့်​ထိန်း​၍ လမ်း​မှား​ရှိ​သ​မှ​တို့​ကို​မုန်း​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ဆုံး​မ​သွန်​သင်​ခက်​တို့​သည် အံ့​သြ​ဖွယ်​ကောင်း​ပါ​၏။ ယင်း​တို့​ကို​ကွန်​တော်​မျိုး​သည်​အ​စွမ်း​ရှိ​သ​မှ​နှင့် လိုက်​နာ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​ကို ရှင်း​လင်း​ဖော်​ပြ​မှု​သည်​အ​လင်း​ကို​ပေး​၍ ပ​ညာ​မဲ့​သူ​တို့​ကို​ပ​ညာ​ရ​ရှိ​စေ​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​ခုံ​မင်​တောင့်​တ​လှ​သည် ဖြစ်​၍ မော​ဟိုက်​နေ​ပါ​၏။ ကိုယ်​တော်​ရှင်​အား​ခစ်​သော​သူ​တို့​ကို သ​နား​တော်​မူ​သည့်​နည်း​တူ ကွန်​တော်​မျိုး​အား​ရှု​ကြည့်​၍​သ​နား​တော် မူ​ပါ။ က​တိ​တော်​ရှိ​သည့်​အ​တိုင်း​ကွန်​တော်​မျိုး မ​လဲ​စိမ့်​သော​ငှာ​စောင့်​ထိန်း​တော်​မူ​ပါ။ အ​ပြစ်​ဒု​စ​ရိုက်​သည်​ကွန်​တော်​မျိုး​အား အ​စိုး​မ​ရ​ပါ​စေ​နှင့်။ ကွန်​တော်​မျိုး​သည်​ဥ​ပ​ဒေ​သ​တော်​တို့​ကို စောင့်​ထိန်း​နိုင်​ရန် ကွန်​တော်​မျိုး​အား​ဖိ​စီး​နှိပ်​စက်​သူ​တို့​၏ လက်​မှ ကယ်​တော်​မူ​ပါ။ မက်​နှာ​တော်​၏​အ​လင်း​ကွန်​တော်​မျိုး​အ​ပေ" ထွန်း​လင်း​စေ​၍ ကွန်​တော်​မျိုး​အား​ပ​ညတ်​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ လူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​လိုက်​နာ​ကြ​သ​ဖြင့် ကွန်​တော်​မျိုး​၏​မက်​ရည်​မား​သည်​မြစ်​ရေ ကဲ့​သို့ စီး​ဆင်း​လက်​ရှိ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​တ​ရား​မှ​တ​တော်​မူ​ပါ​၏။ ပ​ညတ်​တော်​တို့​သည်​လည်း​တ​ရား​မှ​တ​ပါ​၏။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော နည်း​ဥ​ပ​ဒေ​သ​တော်​တို့​သည်​လုံး​ဝ တ​ရား​မှ​တ​၍​မှန်​ကန်​ပါ​၏။ ကွန်​တော်​မျိုး​၏​ရန်​သူ​မား​သည်​နှုတ်​က​ပတ် တော်​ကို ပ​မာ​ဏ​မ​ပြု​ကြ​သ​ဖြင့် ကွန်​တော်​မျိုး​၏​အ​မက်​ဒေါ​သ​သည်​မီး​လှံ​သ​ဖွယ် တောက်​လောင်​လက်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​က​တိ​တော်​သည်​လွန်​စွာ စိတ်​ခ​ရ​ပါ​၏။ ကွန်​တော်​မျိုး​သည်​က​တိ​တော်​ကို​လွန်​စွာ နှစ်​သက်​မြတ်​နိုး​ပါ​၏။ ကွန်​တော်​မျိုး​သည်​သိမ်​ငယ်​၍​မ​ထီ​လေး​စား ပြု​ခြင်း​ကို​ခံ​ရ​သူ​ဖြစ်​ပါ​၏။ သို့​သော်​လည်း​ဥ​ပ​ဒေ​သ​တော်​တို့​ကို မ​မေ့​မ​လော့​ပါ။ ကိုယ်​တော်​ရှင်​၏​ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ထာ​ဝ​စဉ်​တည်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​သည်​အ​စဉ် မှန်​ကန်​ပါ​၏။ ကွန်​တော်​မျိုး​သည်​ပူ​ပင်​သော​က​ရောက်​လက် ရှိ​ပါ​၏။ သို့​ရာ​တွင်​ပ​ညတ်​တော်​မား​က​ကွန်​တော် မျိုး​အား စိတ်​ရ"င်​လန်း​မှု​ကို​ပေး​ပါ​၏။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော ဆုံး​မ​သွန်​သင်​ခက်​တို့​သည် အ​စဉ်​အ​မြဲ​ဖြောင့်​မှန်​ပါ​၏။ ကွန်​တော်​မျိုး​အား အ​သိ​ပ​ညာ​ကို​ပေးတော်​မူ​ပါ။ သို့​ပြု​တော်​မူ​လှင် ကွန်​တော်​မျိုး​သည် အ​သက်​ရှင်​ရ​ပါ​လိမ့်​မည်။ ကွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ​ပတ္ထ​နာ​ပြု​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​အား​ထူး​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို လိုက်​နာ​ပါ​မည်။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ဟစ်ခေ"​ပါ​၏။ ကွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ပါ​မည်။ ကူ​မ​တော်​မူ​ရန်​ကွန်​တော်​မျိုး​သည်​နေ​မ​ထွက်​မီ ကိုယ်​တော်​ရှင်​ကို​ဟစ်​ခေ"​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ကတိ​တော်​တို့​ကို​မှော်​ကိုး​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဆုံး​မ​သွန်​သင်​ခက်​တို့​ကို​အောက်​မေ့​ဆင်​ခြင်​ရန် တစ်​ညဥ့်​လုံး​မ​အိပ်​ဘဲ​လဲ​လောင်း​လက်​နေ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​၏​မေတ္တာ​တော်​ခိုင်​မြဲ​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​၏​ပတ္ထနာ​ကို​နား​ညောင်း​တော်​မူ​ပါ။ က​ရု​ဏာ​ထား​တော်​မူ​၍ ကွန်​တော်​မျိုး​အား အသက်​ရှင်​စေ​တော်​မူ​ပါ။ ကွန်​တော်​မျိုး​အား​ရက်​စက်​စွာ ညဉ်း​ပန်း​နှိပ်စက်​သူ​မား​သည်​အ​နီး​သို့ ခဉ်း​ကပ်​၍​လာ​နေ​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မလိုက်​မ​လှောက်​ကြ​သူ​မား​ဖြစ်​ပါ​၏။ သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​၏​အ​နီး​တွင် ရှိ​တော်​မူ​ပါ​၏။ ပ​ညတ်​တော်​ရှိ​သ​မှ​တို့​သည်​မှန်​ကန်​ပါ​၏။ ငယ်​စဉ်​အ​ခါ​က​ပင်​လှင်​ကွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​၏ဆုံး​မ​သွန်​သင်​ခက်​မား​ကို သိ​ခဲ့​ပါ​၏။ ယင်း​တို့​ကို​ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​စဉ် တည်​မြဲ​စေ​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​မေ့​မ​လော့​ပါ။ သို့​ဖြစ်​၍​ကွန်​တော်​မျိုး​၏​ဒုက္ခ​ကို​ရှု​မှတ်​လက် ကယ်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​၏​အ​မှု​တွင်​ကွန်​တော်​မျိုး​၏​ဘက်​မှ ခေ​ပ​တော်​မူ​၍ ကွန်​တော်​မျိုး​အား​လွတ်​ငြိမ်း​ခမ်း​သာ​ခွင့် ရ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ သူ​ယုတ်​မာ​တို့​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​မ​လိုက်​နာ​ကြ​သ​ဖြင့် ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ကယ်တော်​မူ​လိမ့်​မည် မ​ဟုတ်​ပါ။ သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​၏​က​ရု​ဏာ​တော်​သည် ကြီး​မား​တော်​မူ​သည်​ဖြစ်​ရာ က​ရု​ဏာ​ထား​တော်​မူ​၍​ကွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု​သူ​နှင့်​ဖိ​နှိပ်​ညှဉ်း​ဆဲ​သူ အ​မား​ပင်​ရှိ​ပါ​၏။ သို့​ရာ​တွင်​ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​ရန်​မ​ပက်​ကွက်​ပါ။ သူ​တို့​သည်​ဥ​ပ​ဒေ​သ​တော်​တို့​ကို မ​စောင့်​ထိန်း​ကြ​ပါ။ သို့​ဖြစ်​၍​ထို​သ​စ္စာ​ဖောက်​တို့​ကို​မြင်​သော​အ​ခါ ကွန်​တော်​မျိုး​သည်​နှ​လုံး​နာ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကိုအ​ဘယ်​မှ​နှစ်​သက်​မြတ်​နိုး​သည်​ကို သိမှတ်​တော်​မူ​ပါ။ ကိုယ်​တော်​၏​မေတ္တာ​တော်​မ​ပြောင်း​လဲ​သော​ကြောင့် ကွန်​တော်​မျိုး​အား​ကယ်တော်​မူ​ပါ။ ကိုယ်​တော်​ရှင့်​တ​ရား​တော်​၏​အ​ခက်​အ​ခာ​မှာ သစ္စာ​တ​ရား​ပင်​ဖြစ်​ပါ​၏။ ဖြောင့်​မှန်​သော​စီ​ရင်​တော်​မူ​ခက်​အ​ပေါင်း​တို့​သည် ထာ​ဝ​စဉ်​တည်​ပါ​၏။ တန်​ခိုး​အာ​ဏာ​ရှိ​သူ​တို့​သည်​ကွန်​တော်​မျိုး​အား မ​တ​ရား​နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​ပါ​၏။ သို့​ရာ​တွင်​ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင်​၏ တ​ရား​တော်​ကို​ရိုသေ​လေး​စား​ပါ​၏။ ကိုယ်​တော်​ရှင်​၏​က​တိ​တော်​မား​ကြောင့် ကွန်တော်​မျိုး​သည်​လွန်​စွာ​ပော်​ပါ​၏။ မား​စွာ​သော​လက်​ရ​ပစ္စည်း​တို့​ကို တေ"​ရှိ​ရ​သူ​ကဲ့​သို့​ပော်​ပါ​၏။ ကွန်​တော်​မျိုး​သည်​မု​သား​မှန်​သ​မှ​ကို မုန်း​တီး​စက်​ဆုပ်​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို နှစ်​သက်​မြတ်​နိုး​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန်​သော တ​ရား​စီ​ရင်​တော်​မူ​ခက်​မား​အ​တွက်​နေ့​စဉ် ခု​နစ်​ကြိမ်​ကေး​ဇူး​တော်​ကို​ခီး​မွမ်း​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​နှစ်​သက် မြတ်နိုး​သူ​မား​သည် ကြီး​စွာ​သော​စိတ်​ခမ်း​သာ​မှု​ကို​ရ​ရှိ​ကြ​ပါ​၏။ အ​ဘယ်​အ​ရာ​မှ​သူ​တို့​အား​ပြို​လဲ​စေ​နိုင်​လိမ့်​မည် မ​ဟုတ်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင် ကယ်​တော်​မူ​မည်​ကို​စောင့်​မှော်​ကာ​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​မား​ကို​စောင့်​ထိန်း​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သည့် ဆုံး​မ​သွန်​သင်​ခက်​တို့​ကို​လိုက်​နာ​ပါ​၏။ ယင်း​တို့​ကို​ကွန်​တော်​မျိုး​သည်​အ​လွန် နှစ်သက်​မြတ်​နိုး​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​မား​နှင့်ပ​ညတ်​တော်​မား​ကို လိုက်​နာ​ပါ​၏။ ကွန်​တော်​မျိုး​ပြု​သ​မှ​သော​အ​မှု​တို့​ကို ကိုယ်တော်​ရှင်​မြင်​တော်​မူ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကူ​မ​တော်​မူ​ရန် ကွန်​တော်​မျိုး​၏​အော်​ဟစ်​တောင်း​လှောက်​သံ​သည် နား​တော်​သို့​ရောက်​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည့်​အ​တိုင်း​ကွန်​တော်​မျိုး​အား အ​သိ​ဉာဏ်​ကို​ပေး​တော်​မူ​ပါ။ ကွန်​တော်​မျိုး​၏ဆု​တောင်း​ပတ္ထနာ​ကို ကြား​တော်​မူ​၍ က​တိ​တော်​အ​တိုင်းကွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​အား​ပညတ်​တော်​ကို သွန်​သင်​တော်​မူ​သ​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​အ​စဉ်​အ​မြဲ ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော​ဆုံး​မ သွန်​သင်​ခက်​မား​သည်​တ​ရား​မှတ​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ တရား​တော်​အ​ကြောင်း​ကို သီ​ခင်း​ဆို​ပါ​မည်။ ကွန်​တော်​မျိုး​သည်​ဥ​ပ​ဒေ​သ​တော်​တို့​ကို စောင့်​ထိန်း​သည်​ဖြစ်​၍ ကွန်​တော်​မျိုး​အား​ကူ​မ​ရန် အ​စဉ်​အ​သင့်​ရှိ​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင်​၏ ကယ်​တင်​တော်​မူ​ခြင်း​ကေး​ဇူး​ကို တောင့်​တ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​သည် ကွန်​တော်​မျိုး​အား​ပော်​ရ"င်​စေ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​ထော​မ​နာ​ပြု​နိုင်​ရန် ကွန်တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​ပါ။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​မား​သည် ကွန်တော်​မျိုး​အား ကူ​မ​တော်​မူ​ပါ​စေ​သော။ ကွန်​တော်​မျိုး​သည်​ပောက်​သွား​သော​သိုး​ကဲ့​သို့ လမ်း​မှား​လက်​ရှိ​ပါ​၏။ သို့​ဖြစ်​၍​ကြွ​တော်​မူ​လက်​ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကွန်​တော်​မျိုး​အား ရှာ​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​ကို​မ​မေ့​မ​လော့​ပါ။

ဆာလံ 119:1-176 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​၏​တရားတော်​အတိုင်း အသက်ရှင်​လျှောက်လှမ်း​၍ စုံလင်​သော​တရားလမ်း​ကို​လိုက်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​၍ ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။ ထို​သူ​တို့​သည် မတရားမှု​ကို​မ​ပြု​၊ ကိုယ်တော်​၏​လမ်း​တော်​များ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ကြ​၏​။ ကိုယ်တော်​သည် တစ်သမတ်တည်း​စောင့်ထိန်း​ရ​မည့် မိမိ​၏​ဥပဒေသ​တို့​ကို ချမှတ်​ထား​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​နိုင်​ရန် အကျွန်ုပ်​၏​လမ်းခရီး​တို့​သည် တည်မြဲ​ခြင်း​ရှိ​ပါစေသော​။ ထိုအခါ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​အလုံးစုံ​တို့​ကို ကြည့်ရှုဆင်ခြင်​သဖြင့် အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​တို့​ကို သင်ယူ​ရ​သောအခါ ဖြောင့်မှန်​သော​စိတ်နှလုံး​ဖြင့် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ပါ​မည်​။ အကျွန်ုပ်​ကို အလျှင်း​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။ လူငယ်​သည် မိမိ​၏​ဘဝလမ်း​ကို မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်​စေ​နိုင်​ပါ​မည်နည်း​ဟူမူကား ကိုယ်တော်​၏​နှုတ်ကပတ်တော်​အတိုင်း စောင့်ထိန်း​ရ​မည်​ဖြစ်​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​ပါ​၏​။ အကျွန်ုပ်​ကို ကိုယ်တော်​၏​ပညတ်တော်​တို့​မှ လမ်းလွဲ​စေ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​ကို​မ​ပြစ်မှား​မိ​စေရန် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ၌ သိုမှီး​ထား​ပါ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် မင်္ဂလာရှိ​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​၏​နှုတ်​ဖြင့် ကိုယ်တော်​၏​နှုတ်​တော်​ထွက် စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ပြောကြား​ပါ​၏​။ အကျွန်ုပ်​သည် စည်းစိမ်ဥစ္စာ​အလုံးစုံ​တို့​အပေါ်​၌ ရွှင်မြူး​ခြင်း​ရှိ​သကဲ့သို့ ကိုယ်တော်​၏​သက်သေခံချက်​လမ်း​၌ ရွှင်မြူး​ခြင်း​ရှိ​ပါ​၏​။ ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ဆင်ခြင်အောက်မေ့​လျက် ကိုယ်တော်​၏​လမ်းစဉ်​တို့​ကို ကြည့်ရှုဆင်ခြင်​ပါ​မည်​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​၌ မွေ့လျော်​ပါ​မည်​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို​လည်း မ​မေ့လျော့​ပါ​။ ကိုယ်တော်​၏​အစေအပါး​သည် အသက်ရှင်​၍ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို​စောင့်ထိန်း​နိုင်​ရန် ကျေးဇူးပြု​တော်မူ​ပါ​။ ကိုယ်တော်​၏​တရားတော်​ထဲမှ အံ့ဖွယ်​သော​အမှု​တို့​ကို​မြင်​နိုင်​ရန် အကျွန်ုပ်​၏​မျက်စိ​ကို ဖွင့်ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကမ္ဘာမြေကြီး​ပေါ်တွင် ဧည့်သည်​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို ဝှက်ထား​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို အစဉ်အမြဲ စွဲလမ်း​တောင့်တ​သော​အားဖြင့် ကြေကွဲ​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​တို့​မှ​လမ်းလွဲ​သွား​ကြ​၍ မာနထောင်လွှား​သော​သူ​တို့​နှင့် ကျိန်ဆဲ​ခြင်း​ခံရ​သော​သူ​တို့​ကို ကိုယ်တော်​ဆုံးမ​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​သည်​ဖြစ်၍ ကဲ့ရဲ့ပြစ်တင်​ခြင်း​နှင့် မထီမဲ့မြင်ပြု​ခြင်း​ကို အကျွန်ုပ်​ထံမှ​ဖယ်ရှား​တော်မူ​ပါ​။ အကြီးအကဲ​တို့​သည် ထိုင်​၍ အကျွန်ုပ်​ကို​ဆန့်ကျင်​ပြောဆို​ကြ​သော်လည်း ကိုယ်တော်​၏​အစေအပါး​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို ဆင်ခြင်အောက်မေ့​လျက်​နေ​ပါ​မည်​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အကျွန်ုပ်​မွေ့လျော်​ရာ​၊ အကျွန်ုပ်​တိုင်ပင်ဖက်​ဖြစ်​ကြ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် မြေမှုန့်​၌​ကပ်​နေ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ အကျွန်ုပ်​၏​ဘဝလမ်း​အကြောင်း​တို့​ကို အကျွန်ုပ်​ဖော်ပြ​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ ကိုယ်တော်​၏​ဥပဒေသ​လမ်း​ကို အကျွန်ုပ်​အား နားလည်​စေ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​မည်​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ပူဆွေးခြင်း​ကြောင့် ငိုယို​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို အားဖြည့်​ပေး​တော်မူ​ပါ​။ မုသား​လမ်း​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​၍ ကိုယ်တော်​၏​တရားတော်​ကို အကျွန်ုပ်​အား​ပေးသနား​တော်မူ​ပါ​။ အကျွန်ုပ်​သည် သစ္စာတရား​လမ်း​ကို ရွေးချယ်​ပါ​ပြီ​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို မျက်မှောက်ပြု​ပါ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို ဖက်တွယ်​ထား​ပါ​၏​။ အကျွန်ုပ်​ကို အရှက်ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို ကျယ်စွာ​ဖွင့်ပေး​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​လမ်း​အတိုင်း ပြေး​ပါ​မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​လမ်း​ကို အကျွန်ုပ်​အား သွန်သင်ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ၎င်း​ကို အဆုံး​တိုင်အောင် လိုက်နာကျင့်သုံး​ပါ​မည်​။ အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို လိုက်နာကျင့်သုံး​ပါ​မည်​။ ထို​အရာ​ကို စိတ်နှလုံး​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​လမ်း​ကို နှစ်သက်​သည်​ဖြစ်၍ ထို​လမ်း​၌ အကျွန်ုပ်​ကို ဦးဆောင်​လမ်းပြ​တော်မူ​ပါ​။ အကျွန်ုပ်​၏​စိတ်နှလုံး​ကို မတရား​သော​အကျိုး​စီးပွား​ဘက်​သို့​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​သက်သေခံချက်​များ​ဘက်​သို့ တိမ်းညွတ်​စေ​တော်မူ​ပါ​။ အချည်းနှီး​သော​အရာ​ကို​မ​ကြည့်​မိ​စေရန် အကျွန်ုပ်​၏​မျက်စိ​ကို​လွှဲ​တော်မူ​ပါ​။ ကိုယ်တော်​၏​လမ်း​၌ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ ကိုယ်တော်​ကို​ကြောက်ရွံ့​ခြင်း​ရှိ​စေရန် ကိုယ်တော်​၏​ကတိ​တော်​ကို ကိုယ်တော်​၏​အစေအပါး​၌ ပြည့်စုံ​စေ​တော်မူ​ပါ​။ အကျွန်ုပ်​ကြောက်​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို လွှဲဖယ်​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် ကောင်းမြတ်​ကြ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စွဲလမ်း​တောင့်တ​ပါ​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ထဲ၌ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကတိ​တော်​အတိုင်း ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့်​ကိုယ်တော်​၏​ကယ်တင်​ခြင်း​သည် အကျွန်ုပ်​ထံ ရောက်လာ​ပါစေသော​။ ထိုအခါ အကျွန်ုပ်​အား​ကဲ့ရဲ့ပြစ်တင်​သော​သူ​တို့​ကို တုံ့ပြန်​ပြောဆို​နိုင်​ပါ​မည်​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို ယုံကြည်ကိုးစား​ပါ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို အကျွန်ုပ်​မျှော်လင့်ကိုးစား​သည်​ဖြစ်၍ သမ္မာတရား​နှင့်ဆိုင်သော​နှုတ်ကပတ်တော်​ကို အကျွန်ုပ်​၏​နှုတ်​မှ အလျှင်း​ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို ကာလ​အစဉ်အဆက် အမြဲမပြတ်​စောင့်ထိန်း​ပါ​မည်​။ ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရှာမှီး​ပြီ​ဖြစ်၍ လွတ်လပ်​ခြင်း​ထဲ၌ သွားလာ​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို ရှင်ဘုရင်​များ​ရှေ့​တွင်​ပြောကြား​ပါ​မည်​။ အကျွန်ုပ်​သည် အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​မြတ်နိုး​သော ကိုယ်တော်​၏​ပညတ်တော်​တို့​၌ အကျွန်ုပ်​မွေ့လျော်​ပါ​၏​။ အကျွန်ုပ်​မြတ်နိုး​သော ကိုယ်တော်​၏​ပညတ်တော်​တို့​အတွက် အကျွန်ုပ်​၏​လက်​ကို​မြှောက်​၍ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​မည်​။ ကိုယ်တော်​၏​အစေအပါး​အား မိန့်​တော်မူ​သော​နှုတ်ကပတ်တော်​ကို အောက်မေ့​တော်မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို ထို​နှုတ်ကပတ်တော်​၌ မျှော်လင့်ကိုးစား​စေ​ပါ​၏​။ ကိုယ်တော်​၏​ကတိ​တော်​သည် အကျွန်ုပ်​ကို​အသက်ရှင်​စေ​သည်​ဖြစ်၍ အကျွန်ုပ်​ဖိစီးနှိပ်စက်မှု​ခံရ​စဉ်တွင် အကျွန်ုပ်​အတွက်​နှစ်သိမ့်စရာ​အကြောင်း​ဖြစ်​ပါ​၏​။ မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​လွန်စွာ​ပြက်ရယ်​ပြု​ကြ​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​မှ သွေဖည်​မ​သွား​ပါ​။ အို ထာဝရဘုရား​၊ ရှေးကာလ​မှ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို အကျွန်ုပ်​အောက်မေ့​သောအခါ နှစ်သိမ့်မှု​ကို​ရရှိ​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​ကို​စွန့်ပယ်​သည့် ဆိုးယုတ်​သော​သူ​တို့​ကြောင့် ပူလောင်​သော​ဒေါသ​စိတ်​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​သည် အကျွန်ုပ်​တည်းခိုနေထိုင်​ရာ​အိမ်​၌ အကျွန်ုပ်​အတွက်​တေးသီချင်း​များ​ဖြစ်​ကြ​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ညအချိန်​၌ ကိုယ်တော်​၏​နာမ​တော်​ကို သတိရ​၍ ကိုယ်တော်​၏​တရားတော်​ကို စောင့်ထိန်း​ပါ​၏​။ ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာကျင့်သုံး​ခြင်း​သည် အကျွန်ုပ်​အတွက်​အလေ့အကျင့်​ဖြစ်လာ​ပါ​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​၏​ဝေစု​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​ကို စောင့်ထိန်း​ပါ​မည်​ဟု အကျွန်ုပ်​ကတိပြု​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​မျက်နှာ​တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​ပါ​၏​။ ကိုယ်တော်​၏​ကတိ​တော်​အတိုင်း အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကျွန်ုပ်​သည် မိမိ​၏​ဘဝလမ်း​ကို ဆင်ခြင်​၍ အကျွန်ုပ်​၏​ခြေလှမ်း​ကို ကိုယ်တော်​၏​သက်သေခံချက်​များ​ထံသို့ ပြန်လှည့်​စေ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို စောင့်ထိန်း​ရန် တုံ့ဆိုင်း​မ​နေ​ဘဲ အလျင်အမြန်​လုပ်ဆောင်​ပါ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​ကြိုး​များ​သည် အကျွန်ုပ်​ကို​ပတ်ရစ်​ထား​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​တို့​ကို မ​မေ့လျော့​ပါ​။ ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​တို့​အတွက် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ရန် ည​သန်းခေါင်​အချိန်​တွင် အကျွန်ုပ်​ထ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို ကြောက်ရွံ့​သော​သူ​တို့​နှင့် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စောင့်ထိန်း​သော​သူ​ရှိသမျှ​တို့​၏ အပေါင်းအဖော်​ဖြစ်​ပါ​၏​။ အို ထာဝရဘုရား​၊ ကမ္ဘာမြေကြီး​သည် ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့်​ပြည့်ဝ​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​အတိုင်း ကိုယ်တော်​၏​အစေအပါး​အပေါ် ကောင်းမြတ်​တော်မူ​ပြီ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို ယုံကြည်​စိတ်ချ​သည်​ဖြစ်၍ ကောင်းမြတ်​သော​ဆင်ခြင်တုံတရား​နှင့် အသိပညာ​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ဒုက္ခဝေဒနာ​မ​ခံစား​ရ​မီ လမ်းလွဲ​ခဲ့​ပါ​၏​။ ယခု​မူကား ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို စောင့်ထိန်း​ပါ​၏​။ ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၏​။ ကောင်း​သော​အမှု​ကို​လည်း​ပြု​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​မုသား​ဖြင့် ညစ်ပေ​စေ​ကြ​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စိတ်နှလုံး​အကြွင်းမဲ့​လိုက်နာကျင့်သုံး​ပါ​၏​။ သူ​တို့​၏​စိတ်နှလုံး​သည် အဆီ​ကဲ့သို့ ထူပိန်း​ထိုင်းမှိုင်း​ပါ​၏​။ အကျွန်ုပ်​မူကား ကိုယ်တော်​၏​တရားတော်​၌ မွေ့လျော်​ပါ​၏​။ ဒုက္ခဝေဒနာ​ခံစား​ရ​ခြင်း​သည် အကျွန်ုပ်​အတွက် ကောင်း​ပါ​၏​။ သို့မှ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​သင်ယူ​နိုင်​မည်​။ ကိုယ်တော်​၏​နှုတ်​တော်​ထွက်​တရား​သည် အကျွန်ုပ်​အတွက် ထောင်​ပေါင်း​များစွာ​သော​ရွှေ​ငွေ​တို့​ထက် ပို၍​ကောင်း​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ဖန်ဆင်း​၍ ပုံဖော်​ဖြစ်တည်​စေ​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​သင်ယူ​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​သည်​ဖြစ်၍ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် အကျွန်ုပ်​ကို​မြင်​သောအခါ ဝမ်းမြောက်​ကြ​ပါ​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် ဖြောင့်မတ်​ကြောင်း​ကို​လည်းကောင်း​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို သစ္စာ​တော်​နှင့်အညီ ဒုက္ခဝေဒနာ​ခံစား​စေ​တော်မူ​ကြောင်း​ကို​လည်းကောင်း အကျွန်ုပ်​သိ​ပါ​၏​။ ကိုယ်တော်​၏​အစေအပါး​အပေါ်​ထားရှိ​သော ကိုယ်တော်​၏​ကတိ​တော်​အတိုင်း ကိုယ်တော်​၏​မေတ္တာကရုဏာ​သည် အကျွန်ုပ်​ကို နှစ်သိမ့်​ပေး​ပါစေသော​။ ကိုယ်တော်​၏​တရားတော်​သည် အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​သောကြောင့် အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သည် အကျွန်ုပ်​အပေါ်​သက်ရောက်​ပါစေသော​။ မာနထောင်လွှား​သော​သူ​တို့​သည် အကြောင်းမရှိ​ဘဲ အကျွန်ုပ်​ကို​တလွဲစီရင်​ကြ​သည်​ဖြစ်၍ အရှက်ကွဲ​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​မူကား ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​မည်​။ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​နှင့် ကိုယ်တော်​၏​သက်သေခံချက်​များ​ကို သိ​သော​သူ​တို့​သည် အကျွန်ုပ်​ထံသို့ ပြန်လှည့်​လာ​ကြ​ပါစေသော​။ အကျွန်ုပ်​သည် အရှက်ကွဲ​ခြင်း​နှင့် ကင်းလွတ်​မည့်​အကြောင်း အကျွန်ုပ်​၏​စိတ်နှလုံး​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​နှင့်​ပတ်သက်၍ အပြစ်တင်စရာ​ကင်း​ပါစေသော​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို​တောင့်တ​လျက် အားအင်ကုန်ခန်း​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​ပါ​၏​။ အကျွန်ုပ်​၏​မျက်စိ​သည် ကိုယ်တော်​၏​ကတိ​တော်​ကို​တောင့်တ​လျက် အားအင်ကုန်ခန်း​သဖြင့် “​ကိုယ်တော်​သည် မည်သည့်​အချိန်​မှ အကျွန်ုပ်​ကို နှစ်သိမ့်​ပေး​တော်မူ​မည်နည်း​”​ဟု ဆို​ပါ​၏​။ အကျွန်ုပ်​သည် အခိုးရိုက်​သော သားရေဘူး​ကဲ့သို့​ဖြစ်​သော်လည်း ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​ကို မ​မေ့လျော့​ပါ​။ ကိုယ်တော့်​အစေအပါး​၏​နေ့ရက်​တို့​သည် မည်မျှ​ကြာ​ပါ​မည်နည်း​။ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သော​သူ​တို့​ကို မည်သည့်​အချိန်​မှ တရားစီရင်​တော်မူ​မည်နည်း​။ မာနထောင်လွှား​သော​သူ​တို့​သည် ကိုယ်တော်​၏​တရားတော်​နှင့်အညီ လိုက်လျှောက်​ခြင်း​မ​ရှိ​ဘဲ အကျွန်ုပ်​အတွက် ထောင်ချောက်​တွင်း​များ​ကို​တူး​ကြ​ပါ​ပြီ​။ ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​သည် သစ္စာ​နှင့်​ပြည့်စုံ​ကြ​ပါ​၏​။ ထို​သူ​တို့​သည် အကြောင်းမရှိ​ဘဲ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​ကြ​သည်​ဖြစ်၍ အကျွန်ုပ်​ကို ကူညီမစ​တော်မူ​ပါ​။ သူ​တို့​သည် အကျွန်ုပ်​ကို ကမ္ဘာမြေကြီး​ပေါ်မှ အပြီးသတ်​သုတ်သင်​လုနီးပါး​ဖြစ်​ခဲ့​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို မ​စွန့်ပယ်​ပါ​။ ကိုယ်တော်​၏​နှုတ်​တော်​ထွက်​သက်သေခံချက်​တို့​ကို အကျွန်ုပ်​စောင့်ထိန်း​နိုင်​ရန် ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် ကောင်းကင်ဘုံ​၌ အစဉ်အမြဲ​တည်​ပါ​၏​။ ကိုယ်တော်​၏​သစ္စာ​တော်​သည် မျိုးဆက်​အစဉ်အဆက်​မြဲမြံ​ပါ​၏​။ ကိုယ်တော်​သည် မြေကြီး​ကို​တည်​တော်မူ​သဖြင့် ၎င်း​သည်​တည်မြဲ​လျက်​ရှိ​ပါ​၏​။ ခပ်သိမ်း​သော​အရာ​တို့​သည် ကိုယ်တော်​၏​အသုံးတော်ခံ​များ​ဖြစ်၍ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ ယနေ့​တိုင်အောင် တည်မြဲ​လျက်​ရှိ​ကြ​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည် အကျွန်ုပ်​မွေ့လျော်​ရာ မ​ဖြစ်​ခဲ့​ပါ​လျှင် အကျွန်ုပ်​သည် ဖိစီးနှိပ်စက်မှု​ခံရ​စဉ်တွင် ပျက်စီး​ခဲ့​ပေ​လိမ့်မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​ကို မည်သည့်​အခါ​မျှ​မ​မေ့လျော့​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် ထို​ဥပဒေသ​များ​အားဖြင့် အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ပိုင်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရှာမှီး​ပြီ​ဖြစ်၍ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ ဆိုးယုတ်​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဖျက်ဆီး​ရန် စောင့်​နေ​ကြ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အလေးအနက်​ဆင်ခြင်​ပါ​၏​။ ပြည့်စုံ​မှု​ရှိသမျှ​တို့​၌ အကန့်အသတ်​ရှိ​ကြောင်း​ကို အကျွန်ုပ်​မြင်​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​မူကား အလွန်​ကျယ်ပြန့်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို အလွန်​မြတ်နိုး​ပါ​၏​။ ထို​တရားတော်​သည် တစ်နေ့လုံး အကျွန်ုပ်​ဆင်ခြင်အောက်မေ့စရာ​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​သည် အကျွန်ုပ်​၏​ရန်သူ​များ​ထက် အကျွန်ုပ်​ကို ပို၍​ဉာဏ်ပညာရှိ​စေ​ပါ​၏​။ အကြောင်းမူကား ထို​ပညတ်တော်​သည် အကျွန်ုပ်​နှင့်အတူ အစဉ်အမြဲ​ရှိ​ပါ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အကျွန်ုပ်​ဆင်ခြင်အောက်မေ့စရာ​ဖြစ်​သောကြောင့် အကျွန်ုပ်​သည် အကျွန်ုပ်​၏​ဆရာ​အားလုံး​တို့​ထက် ပို၍​ပညာသတိ​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာကျင့်သုံး​သည်​ဖြစ်၍ အသက်ကြီး​သော​သူ​တို့​ထက် ပို၍​အသိဉာဏ်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို စောင့်ထိန်း​နိုင်​ရန် အကျွန်ုပ်​၏​ခြေ​ကို မကောင်း​သော​လမ်း​ရှိသမျှ​တို့​မှ ကင်းဝေး​စေ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို သွန်သင်​တော်မူ​သောကြောင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​မှ ဖယ်ခွာ​မ​သွား​ပါ​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​သည် အကျွန်ုပ်​၏​လျှာ​၌ ချိုမြ​လှ​ပါ​၏​။ အကျွန်ုပ်​၏​ခံတွင်း​၌ ပျားရည်​ထက် ပို၍​ချိုမြ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​အားဖြင့် အသိဉာဏ်​ကို​ရရှိ​ပါ​၏​။ ထို့ကြောင့် မှားယွင်း​သော​လမ်း​ရှိသမျှ​တို့​ကို အကျွန်ုပ်​မုန်း​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် အကျွန်ုပ်​၏​ခြေ​အတွက် မီးခွက်​ဖြစ်ပြီး အကျွန်ုပ်​၏​လမ်းခရီး​အတွက် အလင်း​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​ပါ​မည်​ဟု အကျွန်ုပ်​ကျိန်ဆို​၍ အတည်ပြု​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ဒုက္ခဝေဒနာ​များစွာ​ခံစား​ရ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ နှလုံးသား​ပါ​လျက်​အကျွန်ုပ်​နှုတ်​၏​ချီးမွမ်းခြင်းယဇ်​ကို လက်ခံ​တော်မူ​ပါ​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်း အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် အသက်အန္တရာယ်​နှင့် အစဉ်​ကြုံတွေ့​နေ​ရ​သော်လည်း ကိုယ်တော်​၏​တရားတော်​ကို မ​မေ့လျော့​ပါ​။ ဆိုးယုတ်​သော​သူ​တို့​သည် အကျွန်ုပ်​အတွက် ကျော့ကွင်း​ထောင်​ထား​ကြ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​မှ လမ်းလွဲ​မ​သွား​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အမွေ​အဖြစ် ထာဝရ​ဆက်ခံ​ရရှိ​ပါ​၏​။ အကြောင်းမူကား ထို​အရာ​တို့​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ရွှင်မြူးရာ​ဖြစ်​ကြ​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အဆုံး​တိုင်အောင် အစဉ်အမြဲ​လိုက်နာ​ရန် အကျွန်ုပ်​၏​စိတ်နှလုံး​ကို​ပြင်ဆင်​ထား​ပါ​၏​။ အကျွန်ုပ်​သည် စိတ်​နှစ်ခွ​ရှိ​သော​သူ​တို့​ကို မုန်း​ပါ​၏​။ သို့သော် ကိုယ်တော်​၏​တရားတော်​ကို မြတ်နိုး​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ကွယ်ကာ​ရာ​၊ အကျွန်ုပ်​၏​ဒိုင်းလွှား ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​ပါ​၏​။ ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၊ ငါ့​ထံမှ​ဖယ်ခွာ​ကြ​လော့​။ ငါ​သည် ငါ့​ဘုရားသခင်​၏​ပညတ်တော်​တို့​ကို လိုက်နာကျင့်သုံး​မည်​။ အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် ကိုယ်တော်​၏​ကတိ​တော်​အတိုင်း အကျွန်ုပ်​ကို​ထောက်မ​တော်မူ​ပါ​။ အကျွန်ုပ်​၏​မျှော်လင့်ချက်​အတွက် အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ အကျွန်ုပ်​ကယ်တင်​ခြင်း​ခံရ​ရန် အကျွန်ုပ်​ကို​ဖေးမ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အစဉ်မပြတ် အရေးတယူ​ပြု​ပါ​မည်​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​မှ လမ်းလွဲ​သော​သူ​အပေါင်း​တို့​ကို ကိုယ်တော်​ပယ်​တော်မူ​၏​။ အကြောင်းမူကား သူ​တို့​၏​လှည့်စားမှု​သည် အချည်းနှီး​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ပေါ်​ရှိ ဆိုးယုတ်​သော​သူ​ရှိသမျှ​တို့​ကို ချော်​ကဲ့သို့ ဖယ်ရှား​တော်မူ​၏​။ ထို့ကြောင့် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အကျွန်ုပ်​မြတ်နိုး​ပါ​၏​။ ကိုယ်တော်​ကို​ကြောက်ရွံ့​၍ အကျွန်ုပ်​အသား​သည် တဆတ်ဆတ်တုန်​နေ​ပါ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်း အကျွန်ုပ်​ကြောက်ရွံ့​ပါ​၏​။ အကျွန်ုပ်​သည် တရားမျှတ​သော​အမှု​၊ ဖြောင့်မတ်​သော​အမှု​တို့​ကို ပြု​ပါ​ပြီ​။ အကျွန်ုပ်​ကို​နှိပ်စက်​သော​သူ​တို့​ထံ၌ အကျွန်ုပ်​ကို​ထားခဲ့​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော့်​အစေအပါး​၏​ကောင်းကျိုးချမ်းသာ​အတွက် အာမခံ​ပေး​တော်မူ​ပါ​။ မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​မ​နှိပ်စက်​ကြ​ပါစေ​နှင့်​။ အကျွန်ုပ်​၏​မျက်စိ​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​သော​မိန့်​တော်မူ​ချက်​ကို တောင့်တ​လျက် အားအင်ကုန်ခန်း​ပါ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ ကိုယ်တော်​၏​အစေအပါး​အပေါ် ပြု​တော်မူ​ပါ​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို​လည်း အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို နားလည်​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ လူ​တို့​သည် ကိုယ်တော်​၏​တရားတော်​ကို ချိုးဖောက်​ကြ​သည်​ဖြစ်၍ ကိုယ်တော် စီရင်​တော်မူ​ချိန်​ရောက်​ပါ​ပြီ​။ သို့ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို ရွှေ​ထက်မက ရွှေစင်​ထက် ပို၍​မြတ်နိုး​ပါ​၏​။ ထို့ကြောင့် ကိုယ်တော်​၏​ဥပဒေသ​အားလုံး​တို့​သည် အကုန်အစင်​ဖြောင့်မှန်​သည်​ဟု အကျွန်ုပ်​မှတ်ယူ​လျက် မှားယွင်း​သော​လမ်း​ရှိသမျှ​တို့​ကို မုန်း​ပါ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အံ့ဩဖွယ်​ဖြစ်​ကြ​ပါ​၏​။ ထို့ကြောင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ၎င်း​တို့​ကို လိုက်နာကျင့်သုံး​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​ကို​ဖွင့်ပြ​ခြင်း​သည် အလင်း​ကို​ပေး​၍ အသိဉာဏ်​နည်းပါး​သော​သူ​တို့​အား အသိဉာဏ်​ကို​ပေး​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို တောင့်တ​အားကြီး​သဖြင့် ပါးစပ်​ဟ​လျက် မောဟိုက်​နေ​ပါ​၏​။ ကိုယ်တော်​၏​နာမ​တော်​ကို မြတ်နိုး​သော​သူ​တို့​အတွက် ပြု​လေ့​ရှိ​သည့်​အတိုင်း အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​၏​ခြေလှမ်း​တို့​ကို မြဲမြံ​စေ​တော်မူ​ပါ​။ မည်သည့်​အပြစ်ဒုစရိုက်​မျှ အကျွန်ုပ်​ကို​မ​စိုးမိုး​ပါစေ​နှင့်​။ ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စောင့်ထိန်း​နိုင်​ရန် အကျွန်ုပ်​ကို လူ​တို့​၏​ဖိနှိပ်ချုပ်ချယ်မှု​ထဲမှ ရွေးနုတ်ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ကိုယ်တော်​၏​အစေအပါး​အပေါ်​ထွန်းလင်း​စေ​၍ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား​သင်ကြား​ပေး​တော်မူ​ပါ​။ လူ​တို့​သည် ကိုယ်တော်​၏​တရားတော်​ကို မ​စောင့်ထိန်း​ကြ​သောကြောင့် အကျွန်ုပ်​၏​မျက်စိ​တို့​မှ မျက်ရည်​ချောင်း​များ​စီးဆင်း​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည်​လည်း ဖြောင့်မှန်​ကြ​ပါ​၏​။ ကိုယ်တော်​သည် မိမိ​၏​သက်သေခံချက်​တို့​ကို ဖြောင့်မတ်​ခြင်း​နှင့်​လည်းကောင်း​၊ ကြီးမား​သော​သစ္စာ​နှင့်​လည်းကောင်း ချမှတ်​ထား​တော်မူ​၏​။ အကျွန်ုပ်​၏​ရန်သူ​တို့​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မေ့လျော့​ကြ​သောကြောင့် အကျွန်ုပ်​၏​စိတ်အားထက်သန်​ခြင်း​သည် အကျွန်ုပ်​ကို​ဖိစီးလွှမ်းမိုး​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​သည် အလွန်​ခိုင်လုံ​မှန်ကန်​သည်​ဖြစ်၍ ကိုယ်တော်​၏​အစေအပါး​သည် ၎င်း​ကို​မြတ်နိုး​ပါ​၏​။ အကျွန်ုပ်​သည် ငယ်ရွယ်​သော​သူ​ဖြစ်​ပါ​၏​။ မထီမဲ့မြင်ပြု​ခြင်း​ကို​လည်း​ခံရ​ပါ​၏​။ သို့သော် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို မ​မေ့လျော့​ပါ​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် ထာဝရ​ဖြောင့်မတ်​ခြင်း​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည်​လည်း မှန်ကန်​ပါ​၏​။ ဘေးရန်​နှင့်​ကျပ်တည်းမှု​တို့​သည် အကျွန်ုပ်​အပေါ်​သို့​ကျရောက်​ကြ​သော်လည်း ကိုယ်တော်​၏​ပညတ်တော်​တို့​သည် အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​ကြ​ပါ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အစဉ်အမြဲ​ဖြောင့်မတ်​ကြ​ပါ​၏​။ အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော့်​ကို စိတ်နှလုံး​အကြွင်းမဲ့​ခေါ်​ပါ​၏​။ အကျွန်ုပ်​ကို ထူး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို လိုက်နာကျင့်သုံး​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ခေါ်​ပါ​၏​။ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အကျွန်ုပ်​စောင့်ထိန်း​ပါ​မည်​။ အကျွန်ုပ်​သည် မိုး​မ​လင်း​မီ​ထ​၍ အကူအညီ​အော်ဟစ်​တောင်းခံ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို အကျွန်ုပ်​မျှော်လင့်ကိုးစား​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကတိ​တော်​ကို ဆင်ခြင်အောက်မေ့​ရန် ညဥ့်ယံ​တို့​၌ နိုး​လျက်​နေ​ပါ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​၏​အသံ​ကို နားထောင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​ပါ​။ ဆိုးညစ်​သော​အမှု​၌​ကျင်လည်​သော​သူ​တို့​သည် ချဉ်းကပ်​လာ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​၏​တရားတော်​နှင့် ဝေးကွာ​ကြ​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် နီး​တော်မူ​၏​။ ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​သည်​လည်း မှန်ကန်​ပါ​၏​။ ကိုယ်တော်​သည် မိမိ​၏​သက်သေခံချက်​တို့​ကို အစဉ်အမြဲ​တည်​စေ​တော်မူ​ကြောင်း ထို​သက်သေခံချက်​တို့​အားဖြင့် ရှေးယခင်​ကပင် အကျွန်ုပ်​သိ​ခဲ့​ပါ​၏​။ အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို ကြည့်ရှု​တော်မူ​၍ အကျွန်ုပ်​ကို ကယ်မ​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​၏​တရားတော်​ကို အကျွန်ုပ်​မ​မေ့လျော့​ပါ​။ အကျွန်ုပ်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​၍ အကျွန်ုပ်​ကို​ရွေးနုတ်​တော်မူ​ပါ​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ ဆိုးယုတ်​သော​သူ​တို့​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို မ​ရှာမှီး​ကြ​သောကြောင့် ကယ်တင်​ခြင်း​သည် သူ​တို့​နှင့်​ဝေး​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သဘော​သည် ကြီးမား​လှ​ပါ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ အကျွန်ုပ်​ကို လိုက်လံညှဉ်းဆဲ​သော​သူ​တို့​နှင့် အကျွန်ုပ်​၏​ရန်သူ​တို့​သည် များပြား​လှ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံ​တော်မူ​ချက်​တို့​မှ သွေဖည်​မ​သွား​ပါ​။ အကျွန်ုပ်​သည် သစ္စာမဲ့​သော​သူ​တို့​ကို​မြင်​သောအခါ စက်ဆုပ်​ပါ​၏​။ အကြောင်းမူကား သူ​တို့​သည် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​တို့​ကို မ​စောင့်ထိန်း​ကြ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို မည်မျှ​မြတ်နိုး​ကြောင်း ကြည့်ရှု​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ရှိသမျှ​တို့​သည် မှန်ကန်​ပါ​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်ထုံးဖွဲ့ချက် ရှိသမျှ​တို့​သည်​လည်း အစဉ်အမြဲ​တည်​ပါ​၏​။ အကြီးအကဲ​တို့​သည် အကျွန်ုပ်​ကို​အကြောင်းမဲ့ လိုက်လံညှဉ်းဆဲ​ကြ​ပါ​၏​။ သို့သော် အကျွန်ုပ်​၏​စိတ်နှလုံး​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို ကြောက်ရွံ့​ပါ​၏​။ အကျွန်ုပ်​သည် များစွာ​သော​စည်းစိမ်ဥစ္စာ​ကို တွေ့ရှိ​သော​သူ​ကဲ့သို့ ကိုယ်တော်​၏​ကတိ​တော်​ကြောင့် ရွှင်မြူး​ပါ​၏​။ အကျွန်ုပ်​သည် မုသား​ကို​မုန်းတီး​၍ စက်ဆုပ်ရွံရှာ​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​ကို​ကား မြတ်နိုး​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​များ​အတွက် ကိုယ်တော်​ကို တစ်ရက်​လျှင်​ခုနစ်​ကြိမ်​ချီးမွမ်း​ပါ​၏​။ ကိုယ်တော်​၏​တရား​ကို​မြတ်နိုး​သော​သူ​တို့​၌ ကြီးစွာ​သော​ငြိမ်သက်​ခြင်း​ရှိ​ပါ​၏​။ မည်သည့်​အရာ​မျှ သူ​တို့​အတွက် ခလုတ်တံသင်း​ဖြစ်​မည်​မ​ဟုတ်​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို စောင့်မျှော်​၍ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို လိုက်နာ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို စောင့်ထိန်း​ပါ​၏​။ ၎င်း​တို့​ကို အကျွန်ုပ်​အလွန်​မြတ်နိုး​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​နှင့် သက်သေခံချက်​တို့​ကို စောင့်ထိန်း​ပါ​၏​။ အကြောင်းမူကား အကျွန်ုပ်​၏​လမ်းခရီး​ရှိသမျှ​တို့​သည် ကိုယ်တော့်​ရှေ့​၌​ရှိ​ကြ​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဟစ်ကြော်သံ​သည် ရှေ့​တော်​သို့​ရောက်​ပါစေသော​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​၏​အသနားခံချက်​သည် ရှေ့​တော်​သို့ ရောက်​ပါစေသော​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ ကိုယ်တော်​သည် မိမိ​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၏​နှုတ်ခမ်း​သည် ချီးမွမ်း​ခြင်း​ကို​မြွက်ဆို​ပါ​မည်​။ ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​သည် ဖြောင့်မတ်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၏​လျှာ​သည် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို တေးဖွဲ့​သီဆို​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရွေးချယ်​ခဲ့​သည်​ဖြစ်၍ ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​ရန် အဆင်သင့်​ဖြစ်​ပါစေသော​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို အကျွန်ုပ်​စွဲလမ်း​တောင့်တ​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည်​လည်း အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အသက်ရှင်​လျက် ကိုယ်တော်​ကို ချီးမွမ်း​ပါစေသော​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည်​လည်း အကျွန်ုပ်​ကို​ကူညီမစ​ကြ​ပါစေသော​။ အကျွန်ုပ်​သည် ပျောက်​သော​သိုး​ကဲ့သို့​လမ်းလွဲ​ပါ​ပြီ​။ ကိုယ်တော်​၏​အစေအပါး​ကို ရှာ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​မ​မေ့လျော့​ပါ​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။