YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:1-16

ဆာလံ 119:1-16 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း၌ မ​လွဲ​မ​တိမ်း၊ လိုက်​သွား​သော သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်၍၊ ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု၊ လမ်း​ခ​ရီး​တော်၌ လိုက်​သွား​တတ်​ကြ​၏။ အ​ကျွန်ုပ်​တို့​သည် ကြိုး​စား၍ ကျင့်​ဖို့​ရာ၊ ကိုယ်​တော်​သည် ဩ​ဝါ​ဒ​ပေး​တော်​မူ​ပြီ။ ကိုယ်​တော်၏​အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​နိုင်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် လမ်း​ဖြောင့်​ပါ​စေ​သော။ အ​ကျွန်ုပ်​သည် ပ​ညတ်​တော်​အ​လုံး​စုံ​တို့​ကို ထောက်​ထား​သော​အ​ခါ၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ရ​ပါ​၏။ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​များ​ကို အ​ကျွန်ုပ်​လေ့​ကျက်​ပြီး​မှ၊ ဂုဏ်​တော်​ကို ဖြောင့်​သော​သ​ဘော​နှင့် ချီး​မွမ်း​ပါ​မည်။ ကိုယ်​တော်၏ အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​ပါ​မည်။ အ​ကျွန်ုပ်​ကို ရှင်း​ရှင်း စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ လူ​ပျို​သည် မိ​မိ​သွား​သော​လမ်း​ကို အ​ဘယ်​သို့ သန့်​ရှင်း​စေ​နိုင်​ပါ​မည်​နည်း​ဟူ​မူ​ကား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း သတိ​ပြု​ရ​မည်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​ပါ၏။ ပ​ညတ်​တော်​လမ်း​မှ လွဲ​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​တော်​မူ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်​၌ သွန်​သင်​တော်​မူ​ပါ။ စီ​ရင်​တော်​မူ​ရာ နှုတ်​တော်​ထွက် အ​လုံး​စုံ​တို့​ကို အ​ကျွန်ုပ်​သည် ကိုယ်​နှုတ်​နှင့် ဟော​ပြော​ပါ​၏။ ခပ်​သိမ်း​သော စည်း​စိမ်​ဥ​စ္စာ​ကို​ရ​ဘိ​သ​ကဲ့​သို့၊ သက်​သေ​ခံ​တော်​မူ​ရာ​လမ်း၌ ဝမ်း​မြောက်​ပါ​၏။ ပေး​တော်​မူ​သော ဩ​ဝါ​ဒ​ကို​ဆင်​ခြင်၍ လမ်း​ခ​ရီး​တော်​တို့​ကို ကြည့်​ရှု​ပါ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့၌ မွေ့​လျော်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို မ​မှတ်​ဘဲ​မ​နေ​ပါ။

ဆာလံ 119:1-16 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​လိုက်​လှောက် လက် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​သက်​ရှင်​လှုပ်​ရှား သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သွန်​သင်​တော်​မူ​ခက်​တို့​ကို​လိုက်​နာ​၍ ကိုယ်​တော်​၏​စ​ကား​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့ ခံ​ယူ​သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​ဒု​စ​ရိုက်​ကို​မ​ပြု​မ​ကင့်​ဘဲ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​လမ်း​အ​တိုင်း လိုက်​လှောက်​တတ်​ကြ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ပ​ညတ်​တော်​တို့​ကို ကွန်​တော်​မျိုး​တို့​အား​ပေး​အပ်​တော်​မူ​လက် ယင်း​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ ရန် မှာ​ကြား​တော်​မူ​ပါ​ပြီ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ ည"န်​ကြား​ခက်​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း လိုက်​နာ​ရန် ဆန္ဒ​ပြင်း​ပြ​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော် ရှိ​သ​မှ​ကို​အ​လေး​ဂ​ရု​ပြု​ပါ​လှင် အ​ရှက်​တ​ကွဲ​အ​ကျိုး​နည်း​ရ​လိမ့်​မည်​မ​ဟုတ်​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန် သည့် စီ​ရင်​တော်​မူ​ခက်​မား​ကို​ခံ​ယူ​မှတ်​သား​ကာ ဖြူ​စင်​သည့်​စိတ်​နှ​လုံး​ဖြင့်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ် တော်​မား အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​ပါ​မည်။ ကွန်​တော်​မျိုး​အား​အ​ဘယ်​အ​ခါ​၌​မှ စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ လူ​ငယ်​လူ​ရွယ်​သည်​အ​ဘယ်​သို့​အား​ဖြင့် ဖြောင့်​မတ်​စွာ​ကင့်​ကြံ​ပြု​မူ​နိုင်​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့်​ဖြောင့်​မတ်​စွာ ကင့်​ကြံ​ပြု​မူ​နိုင်​ပါ​၏။ ကွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​၏ အ​စေ​ကို​ခံ​နိုင်​ရန်​ကြိုး​စား​ပါ​မည်။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ ပ​ညတ်​တော်​တို့​မှ​သွေ​ဖည်​၍​မ​သွား​ပါ​စေ​နှင့်။ ကိုယ်​တော်​ရှင်​အား​မ​ပြစ်​မှား​စေ​ရန် ကွန်​တော်​မျိုး​သည်​မိ​မိ​၏​စိတ်​နှ​လုံး​ထဲ​တွင် ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​သို​ထား​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​မား​ကို​သွန်​သင်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပေး​အပ်​တော် မူ​သော ပ​ညတ်​တော်​အ​ပေါင်း​ကို​အ​သံ​ကယ်​စွာ ရွတ်​ဆို​ပါ​မည်။ ကွန်​တော်​မျိုး​သည်​စည်း​စိမ်​ဥစ္စာ​မား​ထက် ကိုယ်​တော်​ရှင်​ဆုံး​မ​သွန်​သင်​တော်​မူ​ခက်​တို့​ကို ပို​၍​နှစ်​သက်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ​တော်​တို့​ကို ဆင်​ခြင်​လက် နည်း​လမ်း​တော်​တို့​ကို​အ​စဉ်​အာ​ရုံ​စိုက်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို နှစ်​သက်​ပါ​၏။ အ​မိန့်​တော်​တို့​ကို​မေ့​လော့​မည်​မ​ဟုတ်ပါ။

ဆာလံ 119:1-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​၏​တရားတော်​အတိုင်း အသက်ရှင်​လျှောက်လှမ်း​၍ စုံလင်​သော​တရားလမ်း​ကို​လိုက်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​၍ ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။ ထို​သူ​တို့​သည် မတရားမှု​ကို​မ​ပြု​၊ ကိုယ်တော်​၏​လမ်း​တော်​များ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ကြ​၏​။ ကိုယ်တော်​သည် တစ်သမတ်တည်း​စောင့်ထိန်း​ရ​မည့် မိမိ​၏​ဥပဒေသ​တို့​ကို ချမှတ်​ထား​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​နိုင်​ရန် အကျွန်ုပ်​၏​လမ်းခရီး​တို့​သည် တည်မြဲ​ခြင်း​ရှိ​ပါစေသော​။ ထိုအခါ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​အလုံးစုံ​တို့​ကို ကြည့်ရှုဆင်ခြင်​သဖြင့် အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​တို့​ကို သင်ယူ​ရ​သောအခါ ဖြောင့်မှန်​သော​စိတ်နှလုံး​ဖြင့် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ပါ​မည်​။ အကျွန်ုပ်​ကို အလျှင်း​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။ လူငယ်​သည် မိမိ​၏​ဘဝလမ်း​ကို မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်​စေ​နိုင်​ပါ​မည်နည်း​ဟူမူကား ကိုယ်တော်​၏​နှုတ်ကပတ်တော်​အတိုင်း စောင့်ထိန်း​ရ​မည်​ဖြစ်​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​ပါ​၏​။ အကျွန်ုပ်​ကို ကိုယ်တော်​၏​ပညတ်တော်​တို့​မှ လမ်းလွဲ​စေ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​ကို​မ​ပြစ်မှား​မိ​စေရန် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ၌ သိုမှီး​ထား​ပါ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် မင်္ဂလာရှိ​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​၏​နှုတ်​ဖြင့် ကိုယ်တော်​၏​နှုတ်​တော်​ထွက် စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ပြောကြား​ပါ​၏​။ အကျွန်ုပ်​သည် စည်းစိမ်ဥစ္စာ​အလုံးစုံ​တို့​အပေါ်​၌ ရွှင်မြူး​ခြင်း​ရှိ​သကဲ့သို့ ကိုယ်တော်​၏​သက်သေခံချက်​လမ်း​၌ ရွှင်မြူး​ခြင်း​ရှိ​ပါ​၏​။ ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ဆင်ခြင်အောက်မေ့​လျက် ကိုယ်တော်​၏​လမ်းစဉ်​တို့​ကို ကြည့်ရှုဆင်ခြင်​ပါ​မည်​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​၌ မွေ့လျော်​ပါ​မည်​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို​လည်း မ​မေ့လျော့​ပါ​။