YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 11:3-7

ဆာလံ 11:1-7 Judson Bible (JBMLE)

မ​တ​ရား​သော​သူ​တို့​သည် သ​ဘော​ဖြောင့်​သော သူ​တို့​ကို မ​ထင်​မ​ရှား​ပစ်​အံ့​သော​ငှာ လေး​ကို​တင်၍၊ လေး​ညှို့​ပေါ်​မှာ မြား​ကို​ပြင်​ကြ၏။ အမှီ​တံ​ကဲ​တို့​သည် ပျက်​လျှင် ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း။ ငါ့​ဝိ​ညာဉ်​အား သင်​သည်​ငှက်​သ​ကဲ့​သို့ ကိုယ်​နေ​ရာ​တောင်​ပေါ်​သို့ ပြေး​ချေ​ဟု အ​ဘယ်​ကြောင့် ပြော​ကြ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော ဗိ​မာန်​တော်၌ ရှိ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​ပ​လ္လင်​တော်​သည် ကောင်း​ကင်​ပေါ်​မှာ​တည်၏။ မျက်​စိ​တော်​သည် ကြည့်​ရှု၍ မျက်​ခမ်း​တော်​သည် လူ​သား​တို့​ကို​စစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​ကို စုံ​စမ်း​တော်​မူ၏။ မ​တ​ရား​သော​သူ​နှင့် လု​ယူ​ဖျက်​ဆီး​လို​သော​သူ​ကို ဝိ​ညာဉ်​တော်​သည် မုန်း​တော်​မူ၏။ မ​တ​ရား​သော​သူ​တို့​အ​ပေါ်​မှာ တောက်​သော​မီး​ခဲ၊ ကန့်​နှင့်​ရော​သော​မီး​လျှံ၊ ပူ​လောင်​သော မုန်​တိုင်း​ကို​သက်​ရောက်​စေ၍၊ သူ​တို့​သောက်​စ​ရာ​ဖို့ စီ​ရင်​တော်​မူ​မည်။ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သော​အ​မှု​ကို​နှစ်​သက်၍ သ​ဘော​ဖြောင့်​သော​သူ​ကို မျက်​နှာ​ပြု​တော်​မူ၏။

ဆာလံ 11:1-7 Common Language Bible (BCL)

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင်​ခို​လှုံ ပါ​၏။ ``တိုင်း​ပြည်​ငြိမ်​ဝပ်​ပိ​ပြား​မှု​မ​ရှိ​သော​အ​ခါ သူ​တော်​ကောင်း​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ် နိုင်။ သူ​ယုတ်​မာ​တို့​သည်​သူ​တော်​ကောင်း​တို့​ကို ချောင်း​မြောင်း​ပစ်​ခတ်​ရန်​လေး​ကို​တင်​၍​မြား​ကို ချိန်​ရွယ်​လျက်​နေ​လေ​ပြီ။ ထို​ကြောင့်``တောင်​ပေါ်​သို့​ငှက်​ကဲ့​သို့ ပျံ​တက်​လော့'' ဟု ငါ့​အား​သင်​တို့​ပြော​ဆို​ကြ​သည်​မှာ​လွန်​စွာ မိုက်​မဲ​လေ​စွ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မူ​၏။ ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​ကောင်း​ကင်​ဘုံ တွင် ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​စစ်​ဆေး ကြည့်​ရှု​တော်​မူ​၍ သူ​တို့​ပြု​သော​အ​မှု​အ​ရာ​များ​ကို​သိ​မြင် တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တော်​ကောင်း​ကို​လည်း​ကောင်း၊ သူ​ယုတ်​မာ​ကို​လည်း​ကောင်း​စစ်​ဆေး ကြည့်​ရှု​တော်​မူ​၏။ တ​ရား​လက်​လွတ်​ပြု​မူ​သော​သူ​တို့​ကို လွန်​စွာ​မုန်း​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​ယုတ်​မာ​တို့​အ​ပေါ်​သို့ မီး​ကျီး​ခဲ​များ​ကို​လည်း​ကောင်း၊ပူ​လောင်​လှ​သည့် မီး​လျှံ​ကို​လည်း​ကောင်း​ကျ​စေ​တော်​မူ​၏။ သူ​တို့​အား​ပူ​လောင်​လှ​သော​လေ​ပူ​ဖြင့် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မှန်​တော်​မူ​၍ အ​ကျင့်​ကောင်း​ကို​နှစ်​သက်​တော်​မူ​၏။ အ​ကျင့်​ကောင်း​ကို​ပြု​သူ​တို့​သည်​ကိုယ်​တော်​၏ မျက်​နှာ​တော်​ကို​ဖူး​မြင်​ရ​ကြ​လိမ့်​မည်။

ဆာလံ 11:3-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အခြေအမြစ်​တို့​ပြိုပျက်​သောအခါ ဖြောင့်မတ်​သော​သူ​သည် မည်သို့​ပြု​နိုင်​မည်နည်း​။ ထာဝရဘုရား​သည် မိမိ​၏​သန့်ရှင်း​သော​ဗိမာန်တော်​၌ စံနေ​တော်မူ​၏​။ ထာဝရဘုရား​၏​ပလ္လင်​တော်​သည် ကောင်းကင်ဘုံ​၌​ရှိ​၏​။ ကိုယ်တော်​သည် မျက်စိ​တော်​ဖြင့်​ကြည့်ရှု​၍ မျက်ခမ်း​တော်​ဖြင့် လူသား​တို့​ကို စစ်ဆေး​တော်မူ​၏​။ ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​ကို စစ်ဆေး​တော်မူ​၏​။ သို့သော် ကိုယ်တော်​၏​စိတ်ဝိညာဉ်​သည် ဆိုးယုတ်​သော​သူ​နှင့် ရက်စက်ကြမ်းကြုတ်မှု​ကို​နှစ်သက်​သော​သူ​အား မုန်း​တော်မူ​၏​။ ကိုယ်တော်​သည် မီးခဲ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​အပေါ် ရွာကျ​စေ​တော်မူ​လိမ့်မည်​။ မီး​၊ ကန့်​နှင့် ပူလောင်​သော​လေ​သည် သူ​တို့​ခွက်ဖလား​အတွက် ဝေစု​ဖြစ်​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​၏​။ ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို နှစ်သက်​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​သည် မျက်နှာ​တော်​ကို​ဖူးမြင်​ရ​လိမ့်မည်​။