YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 107:15-20

ဆာလံ 107:15-20 Judson Bible (JBMLE)

လူ​သား​တို့၌ ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ ကြေး​ဝါ​တံ​ခါး​တို့​ကို​ချိုး၍၊ သံ​ကန့်​လန့်​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ၏။ မိုက်​သော​သ​ဘော​ရှိ​သော သူ​တို့​သည်​လမ်း​လွှဲ၍၊ ဒု​စ​ရိုက်​ကို ပြု​သော​ကြောင့် ဆင်း​ရဲ​ခြင်း​နှင့် တွေ့​ကြုံ​ရ​ကြ၏။ စား​စ​ရာ​အ​မျိုး​မျိုး​ကို​ရွံ၍ သေ​ခြင်း​တံ​ခါး ငါ့​အ​နီး​သို့ ရောက်​ကြ၏။ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ကယ်​တင်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​ကို​လွှတ်​သ​ဖြင့်၊ သူ​တို့​အ​နာ​ကို ငြိမ်း​စေ၍၊ ဖျက်​ဆီး​ခြင်း​အ​ရာ​များ​ထဲ​က နုတ်​ယူ​တော်​မူ၏။

ဆာလံ 107:15-20 Common Language Bible (BCL)

သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊မိ​မိ​တို့​အား ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ​အ​တွက် လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ပေ​မည်။ ကိုယ်​တော်​သည်​ကြေး​တံ​ခါး​များ​ကို​ချိုး​၍ သံ​ကန့်​လန့်​များ​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။ အ​ချို့​သော​သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ ကြောင့် ဖျား​နာ​ရ​ကြ​၏။ မိ​မိ​တို့​၏​ဒု​စ​ရိုက်​များ​ကြောင့်​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​ကြ​၏။ သူ​တို့​သည်​အ​စား​အ​စာ​ကို​ပင်​ကြည့်​ချင်​စိတ် မ​ရှိ​တော့​ဘဲ သေ​မင်း​၏​တံ​ခါး​ဝ​အ​နီး​သို့​ရောက်​ရ​ကြ​၏။ ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။ ကိုယ်​တော်​သည်​အ​မိန့်​တော်​ပေး​၍​သူ​တို့​အား ရော​ဂါ​ပျောက်​ကင်း​စေ​တော်​မူ​ပြီး​လျှင် သင်္ချိုင်း​တွင်း​မှ​ကယ်​တော်​မူ​၏။

ဆာလံ 107:15-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။ အကြောင်းမူကား ကိုယ်တော်​သည် ကြေးနီ​တံခါး​များ​ကို ချိုးဖျက်​၍ သံ​ကန့်လန့်ကျင်​များ​ကို ပိုင်းဖြတ်​တော်မူ​၏​။ အချို့​တို့​သည် မိမိ​တို့​ကျူးလွန်​သော အပြစ်​၏​လမ်းစဉ်​ကြောင့် ဆိုးမိုက်​သော​သူ​ဖြစ်​ကြ​ပြီး မိမိ​တို့​၏​ဒုစရိုက်​များ​ကြောင့် ဒုက္ခဝေဒနာ​ခံစား​ကြ​ရ​၏​။ သူ​တို့​၏​စိတ်ဝိညာဉ်​သည် အစားအစာ​မှန်သမျှ​ကို စက်ဆုပ်ရွံရှာ​၍ သေ​ခြင်း​၏​တံခါးဝ​အနီး​သို့ ရောက်​ကြ​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံသို့​အော်ဟစ်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။ မိမိ​၏​နှုတ်ကပတ်တော်​ကို​စေလွှတ်​၍ သူ​တို့​ကို​ကျန်းမာ​စေ​တော်မူ​ပြီး သူ​တို့​ကို ပျက်စီး​ခြင်း​တွင်း​ထဲမှ လွတ်မြောက်​စေ​တော်မူ​၏​။