YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 107:11-16

ဆာလံ 107:10-16 Judson Bible (JBMLE)

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ငြင်း​ဆန်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ အ​ကြံ​တော်​ကို မ​ထီ​မဲ့​မြင် ပြု​သော​ကြောင့်၊ မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်၌​ထိုင်​လျက်၊ ဒု​က္ခ​နှင့်​လည်း​ကောင်း၊ သံ​ကြိုး​နှင့်​လည်း​ကောင်း ချည်​နှောင်​လျက် နေ​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် အ​မှု​ရောက်​စေ၍၊ သူ​တို့​စိတ်​ကို နှိမ့်​ချ​တော်​မူ၏။ သူ​တို့​သည်​လဲ၍ ထောက်​မ​သော​သူ​မ​ရှိ​ဘဲ၊ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ကယ်​တင်​တော်​မူ၏။ မှောင်​မိုက်​နှင့် သေ​မင်း​အ​ရိပ်​ထဲ​က ထုတ်​ဆောင်၍ သူ​တို့​ချည်​နှောင်​ခြင်း​ကို ဖြေ​တော်​မူ၏။ လူ​သား​တို့၌ ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ ကြေး​ဝါ​တံ​ခါး​တို့​ကို​ချိုး၍၊ သံ​ကန့်​လန့်​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ၏။

ဆာလံ 107:11-16 Common Language Bible (BCL)

အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​မိန့်​တော်​ကို​ဖီ​ဆန်​၍ အ​နန္တ​တန်​ခိုး​ရှင်​၏​ညွှန်​ကြား​ချက်​များ​ကို ပစ်​ပယ်​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ရ​ကြ​သ​ဖြင့် အား​အင်​ကုန်​ခန်း​ရ​ကြ​၏။ လဲ​ကျ​သော်​လည်း​သူ​တို့​အား​ထူ​မ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​ထံ အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​မှောင်​မိုက်​အ​တိ ဖုံး​လွှမ်း​ရာ အ​ရပ်​မှ​ထုတ်​ဆောင်​တော်​မူ​၍ သူ​တို့​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး များ​ကို အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊မိ​မိ​တို့​အား ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ​အ​တွက် လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ပေ​မည်။ ကိုယ်​တော်​သည်​ကြေး​တံ​ခါး​များ​ကို​ချိုး​၍ သံ​ကန့်​လန့်​များ​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။

ဆာလံ 107:11-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​စကား​တော်​တို့​ကို ဖီဆန်​၍ အမြင့်ဆုံး​သော​အရှင်​၏​အကြံဉာဏ်​ကို မထီလေးစား​ပြု​ကြ​၏​။ သို့ဖြစ်၍ ကိုယ်တော်​သည် အခက်အခဲ​ပြဿနာ​အားဖြင့် သူ​တို့​၏​စိတ်နှလုံး​ကို​ချိုးနှိမ်​တော်မူ​၏​။ သူ​တို့​လဲကျ​သောအခါ ကူညီမစ​မည့်​သူ​မ​ရှိ​ပေ​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံသို့​အော်ဟစ်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။ သူ​တို့​ကို မှောင်မိုက်​နှင့်​သေ​ခြင်း​၏​အရိပ်​ထဲမှ ထုတ်ဆောင်​၍ သူ​တို့​ခံရ​သော​အချည်အနှောင်​များ​ကို ဖြတ်​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။ အကြောင်းမူကား ကိုယ်တော်​သည် ကြေးနီ​တံခါး​များ​ကို ချိုးဖျက်​၍ သံ​ကန့်လန့်ကျင်​များ​ကို ပိုင်းဖြတ်​တော်မူ​၏​။