ဆာလံ 107:1-3
ဆာလံ 107:1-3 Judson Bible (JBMLE)
ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ရန်သူ၏လက်မှ ထာဝရဘုရားနုတ်၍ အရှေ့အနောက် တောင်မြောက်အရပ်ရပ်ထဲက စုသိမ်းသော သူတည်းဟူသော၊ ရွေးတော်မူသောသူတို့သည် ဝန်ခံကြစေ။
ဆာလံ 107:1-3 Common Language Bible (BCL)
``ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်၏'' ဟု ရန်သူတို့လက်မှကယ်ဆယ်တော်မူ၍ အရှေ့အနောက်တောင်မြောက်ရှိတိုင်းတစ်ပါးမှ ပြန်ခေါ်ဆောင်တော်မူခြင်းကို ခံရသောသူတို့သည်ချီးမွမ်းကြစေ။
ဆာလံ 107:1-3 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏ မေတ္တာကရုဏာသည် အစဉ်အမြဲတည်၏။ ထာဝရဘုရားရွေးနုတ်တော်မူသောသူတို့သည် ထိုသို့ဆိုကြပါစေ။ ကိုယ်တော်သည် သူတို့ကို ရန်သူ၏လက်မှရွေးနုတ်၍ သူတို့ကို အရှေ့၊ အနောက်၊ တောင်၊ မြောက်ရှိ တိုင်းပြည်တို့မှ ခေါ်ယူစုစည်းတော်မူ၏။