YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 107:1-15

ဆာလံ 107:1-15 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ ရန်​သူ၏​လက်​မှ ထာ​ဝ​ရ​ဘု​ရား​နုတ်၍ အ​ရှေ့​အ​နောက် တောင်​မြောက်​အ​ရပ်​ရပ်​ထဲ​က စု​သိမ်း​သော သူ​တည်း​ဟူ​သော၊ ရွေး​တော်​မူ​သော​သူ​တို့​သည် ဝန်​ခံ​ကြ​စေ။ သူ​တို့​သည် တော​တွင်း လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌​လည်၍၊ နေ​စ​ရာ​မြို့​သို့ ရောက်​သော​လမ်း​ကို မ​တွေ့​ကြ။ ဆာ​ငတ်​မွတ်​သိပ်၍ စိတ်​ပျက်​ကြ၏။ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ဆယ်​နုတ်​တော်​မူ၏။ သူ​တို့​နေ​စ​ရာ​မြို့​သို့ ရောက်​စေ​ခြင်း​ငှာ၊ ဖြောင့်​သော​လမ်း​ဖြင့် ပို့​ဆောင်​တော်​မူ၏။ လူ​သား​တို့၌​ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ တောင့်​တ​သော​ဝိ​ညာဉ်​ကို ရောင့်​ရဲ​စေ၍၊ မွတ်​သိပ်​သော​ဝိ​ညာဉ်​ကို​လည်း၊ ကောင်း​သော​အ​ရာ​နှင့် ဝ​စေ​တော်​မူ၏။ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ငြင်း​ဆန်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ အ​ကြံ​တော်​ကို မ​ထီ​မဲ့​မြင် ပြု​သော​ကြောင့်၊ မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်၌​ထိုင်​လျက်၊ ဒု​က္ခ​နှင့်​လည်း​ကောင်း၊ သံ​ကြိုး​နှင့်​လည်း​ကောင်း ချည်​နှောင်​လျက် နေ​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် အ​မှု​ရောက်​စေ၍၊ သူ​တို့​စိတ်​ကို နှိမ့်​ချ​တော်​မူ၏။ သူ​တို့​သည်​လဲ၍ ထောက်​မ​သော​သူ​မ​ရှိ​ဘဲ၊ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ကယ်​တင်​တော်​မူ၏။ မှောင်​မိုက်​နှင့် သေ​မင်း​အ​ရိပ်​ထဲ​က ထုတ်​ဆောင်၍ သူ​တို့​ချည်​နှောင်​ခြင်း​ကို ဖြေ​တော်​မူ၏။ လူ​သား​တို့၌ ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​စေ။

ဆာလံ 107:1-15 Common Language Bible (BCL)

``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​၏'' ဟု​ ရန်​သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​၍ အ​ရှေ့​အ​နောက်​တောင်​မြောက်​ရှိ​တိုင်း​တစ်​ပါး​မှ ပြန်​ခေါ်​ဆောင်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည်​ချီး​မွမ်း​ကြ​စေ။ လူ​အ​ချို့​တို့​သည်​လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ တွင် လှည့်​လည်​လျက်​နေ​ခဲ့​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​စ​ရာ​မြို့​သို့​သွား​ရာ လမ်း​ကို​ရှာ​၍​မ​တွေ့​ကြ။ သူ​တို့​သည်​အ​စာ​ငတ်​ရေ​ငတ်​ကြ​လျက် စိတ်​ပျက်​အား​လျော့​ကြ​၏။ သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန်​မြို့​သို့​လမ်း ဖြောင့်​ဖြင့် ပို့​ဆောင်​တော်​မူ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ရ ကြ​ပေ​မည်။ ကိုယ်​တော်​သည်​ရေ​ငတ်​သူ​တို့​အား ရေ​ငတ်​ပြေ​စေ​တော်​မူ​၏။ ဆာ​လောင်​မွတ်​သိပ်​သူ​တို့​အား​ကောင်း​သော အ​ရာ​များ​နှင့်​ဝ​စေ​တော်​မူ​၏။ အ​ချို့​သော​သူ​တို့​သည်​မှောင်​မိုက်​အ​တိ​ဖုံး​လွှမ်း​ရာ အ​ရပ်​၌​နေ​ထိုင်​ရ​လျက်​သံ​ကြိုး​ဖြင့် ချည်​နှောင်​ခြင်း​ခံ​ရ​လျက်​ဒုက္ခ​ခံ​ရ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​မိန့်​တော်​ကို​ဖီ​ဆန်​၍ အ​နန္တ​တန်​ခိုး​ရှင်​၏​ညွှန်​ကြား​ချက်​များ​ကို ပစ်​ပယ်​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ရ​ကြ​သ​ဖြင့် အား​အင်​ကုန်​ခန်း​ရ​ကြ​၏။ လဲ​ကျ​သော်​လည်း​သူ​တို့​အား​ထူ​မ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​ထံ အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​မှောင်​မိုက်​အ​တိ ဖုံး​လွှမ်း​ရာ အ​ရပ်​မှ​ထုတ်​ဆောင်​တော်​မူ​၍ သူ​တို့​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး များ​ကို အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊မိ​မိ​တို့​အား ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ​အ​တွက် လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ပေ​မည်။

ဆာလံ 107:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၍ ကိုယ်တော်​၏ မေတ္တာကရုဏာ​သည် အစဉ်အမြဲ​တည်​၏​။ ထာဝရဘုရား​ရွေးနုတ်​တော်မူ​သော​သူ​တို့​သည် ထိုသို့​ဆို​ကြ​ပါစေ​။ ကိုယ်တော်​သည် သူ​တို့​ကို ရန်သူ​၏​လက်​မှ​ရွေးနုတ်​၍ သူ​တို့​ကို အရှေ့​၊ အနောက်​၊ တောင်​၊ မြောက်​ရှိ တိုင်းပြည်​တို့​မှ ခေါ်ယူစုစည်း​တော်မူ​၏​။ အချို့​တို့​သည် တောကန္တာရ​ထဲ၌ ကန္တာရ​လမ်း​တွင် လှည့်လည်သွားလာ​ကြ​ပြီး မိမိ​တို့​နေထိုင်​ရန်​မြို့​ကို ရှာ​မ​တွေ့​ကြ​ချေ​။ သူ​တို့​သည် ဆာလောင်မွတ်သိပ်​လျက်​၊ ရေငတ်​လျက်​၊ သူ​တို့​၏​ဝိညာဉ်​သည် သူ​တို့​အထဲ​၌​ညှိုးငယ်​လျက် ရှိ​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို ကယ်နုတ်​တော်မူ​၏​။ သူ​တို့​နေထိုင်​ရန်​မြို့​သို့​ရောက်​ရန် ဖြောင့်​သော​လမ်း​ဖြင့် သူ​တို့​ကို ဦးဆောင်​လမ်းပြ​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။ အကြောင်းမူကား ကိုယ်တော်​သည် ဆာငတ်​သော​စိတ်ဝိညာဉ်​ကို ဝလင်​စေ​၍ ဆာလောင်မွတ်သိပ်​သော​စိတ်ဝိညာဉ်​ကို ကောင်း​သော​အရာ​နှင့်​ပြည့်စုံ​စေ​တော်မူ​၏​။ အချို့​တို့​သည် မှောင်မိုက်​နှင့်​သေ​ခြင်း​၏​အရိပ်​ထဲ၌ ထိုင်​နေ​ရ​သော​သူ​များ​၊ ဖိစီးနှိပ်စက်မှု​နှင့်​သံကြိုး​၏​ချည်နှောင်​ခြင်း​ကို ခံရ​သော​သူ​များ ဖြစ်​ကြ​၏​။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​စကား​တော်​တို့​ကို ဖီဆန်​၍ အမြင့်ဆုံး​သော​အရှင်​၏​အကြံဉာဏ်​ကို မထီလေးစား​ပြု​ကြ​၏​။ သို့ဖြစ်၍ ကိုယ်တော်​သည် အခက်အခဲ​ပြဿနာ​အားဖြင့် သူ​တို့​၏​စိတ်နှလုံး​ကို​ချိုးနှိမ်​တော်မူ​၏​။ သူ​တို့​လဲကျ​သောအခါ ကူညီမစ​မည့်​သူ​မ​ရှိ​ပေ​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံသို့​အော်ဟစ်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။ သူ​တို့​ကို မှောင်မိုက်​နှင့်​သေ​ခြင်း​၏​အရိပ်​ထဲမှ ထုတ်ဆောင်​၍ သူ​တို့​ခံရ​သော​အချည်အနှောင်​များ​ကို ဖြတ်​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။