ဆာလံ 106:1-5
ဆာလံ 106:1-5 Judson Bible (JBMLE)
ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ထာဝရဘုရား၏ တန်ခိုးကြီးခြင်းအရာတော်တို့ကို အဘယ်သူပြောနိုင်သနည်း။ ဂုဏ်ကျေးဇူးတော်ကို အဘယ်သူသည် အကုန်အစင်ဖော်ပြနိုင်သနည်း။ ခပ်သိမ်းသောအခါတို့၌ တရားကိုစောင့်ရှောက်၍၊ ဖြောင့်မတ်စွာ ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရွေးကောက်တော်မူသောသူတို့၏ကောင်းကျိုးကို မြင်စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်၏လူမျိုးဝမ်းမြောက်ခြင်း၌ ဝမ်းမြောက်၍၊ ကိုယ်တော်၏အမွေဖြစ်သော သူတို့နှင့်အတူ ဝါကြွားရွှင်လန်းစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်၏လူတို့ခံရသော စေတနာတော်နှင့်တကွ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်ကို အကြည့်အရှုကြွလာ၍ ကယ်တင်တော်မူပါ။
ဆာလံ 106:1-5 Common Language Bible (BCL)
ထာဝရဘုရားအားထောမနာပြုကြလော့။ ကိုယ်တော်သည်ကောင်းမြတ်တော်မူသည်ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝရတည် ၏။ အဘယ်သူသည်ကိုယ်တော်၏အံ့သြဖွယ်ကောင်း သော အမှုတော်အပေါင်းတို့ကိုဖော်ပြနိုင်ပါသနည်း။ အဘယ်သူသည်ကိုယ်တော်၏ဂုဏ်တော်ရှိ သမျှကို ဖော်ကူးနိုင်ပါသနည်း။ တရားမျှတစွာပြုမူ၍အမှန်တရားကို အစဉ် ကျင့်သုံးသူတို့သည်မင်္ဂလာရှိကြ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏လူစုတော်အား ကူမတော်မူသောအခါ ကျွန်တော်မျိုးကိုလည်းသတိရတော်မူပါ။ သူတို့အားကယ်တော်မူသောအခါ ကျွန်တော်မျိုးကိုလည်းကယ်တော်မူပါ။ ကိုယ်တော်ရှင်၏လူစုတော်ကောင်းစားသည်ကို ကျွန်တော်မျိုးမြင်ပါရစေ။ ကိုယ်တော်ရှင်၏ပြည်တော်သားများ ဝမ်းမြောက်ရာ၌လည်းကောင်း၊ ကိုယ်တော်ပိုင်တော်မူသောသူတို့ရွှင်လန်းအား ရစွာ ဂုဏ်ယူဝါကြွားရာ၌လည်းကောင်းကျွန်တော်မျိုး ပါဝင်ပါရစေ။
ဆာလံ 106:1-5 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရားကို ချီးမွမ်းကြလော့။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ထာဝရဘုရား၏အစွမ်းတန်ခိုးတော်များအကြောင်းကို မည်သူထုတ်ဖော်ပြောဆိုနိုင်မည်နည်း။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို မည်သူဖော်ပြနိုင်မည်နည်း။ တရားမျှတသောအမှုကိုစောင့်ထိန်း၍ ဖြောင့်မတ်သောအမှုကို အစဉ်အမြဲပြုကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ရွေးကောက်သောသူတို့၏ ကောင်းကျိုးချမ်းသာကို မြင်နိုင်စေရန်လည်းကောင်း၊ ကိုယ်တော့်လူမျိုးတော်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဝမ်းမြောက်နိုင်စေရန်လည်းကောင်း၊ ကိုယ်တော်၏အမွေတော်၌ ဂုဏ်ယူဝါကြွားနိုင်စေရန်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်ကို ကျေးဇူးပြုတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ။ သူတို့ကို ကယ်တင်တော်မူသောအခါ အကျွန်ုပ်ကိုလည်း စာရင်းဝင်စေတော်မူပါ။