YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 102:25-27

ဆာလံ 102:25-27 Common Language Bible (BCL)

ကိုယ်​တော်​ရှင်​သည်​ရှေး​အ​ခါ​က​ကမ္ဘာ​မြေ ကြီး​ကို တည်​စေ​တော်​မူ​ပြီး​လျှင်​လက်​တော်​ဖြင့် မိုး​ကောင်း​ကင်​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ ထို​အ​ရာ​အား​လုံး​သည်​ကွယ်​ပျောက်​သွား ကြ​မည်​ဖြစ်​သော်​လည်း ကိုယ်​တော်​ရှင်​မူ​ကား​ရှိ​နေ​တော်​မူ​မည်​ဖြစ်​ပါ​၏။ ထို​အ​ရာ​အ​ပေါင်း​တို့​သည်​အ​ဝတ်​အ​ထည်​များ ကဲ့​သို့ ဟောင်း​နွမ်း​သွား​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​အ​ဝတ်​လဲ​သ​ကဲ့​သို့ လဲ​တော်​မူ​သ​ဖြင့် ထို​အ​ရာ​တို့​သည်​ပြောင်း​လဲ​ကွယ်​ပျောက် သွား​ကြ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​မူ​ကား​အ​ဘယ်​အ​ခါ ၌​မျှ ပြောင်း​လဲ​တော်​မ​မူ​ပါ။ အ​သက်​တော်​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ ကုန်​ဆုံး​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ပါ။

ဆာလံ 102:25-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​သည် ရှေးကာလ​၌ မြေကြီး​ကို​တည်​တော်မူ​၏​။ ကောင်းကင်​သည်​လည်း ကိုယ်တော်​၏​လက်​တော်​ဖြင့်​ပြုလုပ်​သော​အရာ ဖြစ်​ပါ​၏​။ ထို​အရာ​တို့​သည် ပျက်စီး​သွား​သော်လည်း ကိုယ်တော်​သည် ဆက်၍​တည်​ပါ​၏​။ ထို​အရာ​ရှိသမျှ​တို့​သည် အဝတ်​ကဲ့သို့ ဟောင်းနွမ်း​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် ထို​အရာ​တို့​ကို အဝတ်​လဲ​သကဲ့သို့ လဲ​တော်မူ​သဖြင့် ၎င်း​တို့​သည် ပြောင်းလဲ​ကြ​လိမ့်မည်​။ ကိုယ်တော်​မူကား ပြောင်းလဲ​တော်​မ​မူ​ပါ​။ ကိုယ်တော်​၏​နှစ်ကာလ​တို့​သည်​လည်း ကုန်ဆုံး​မည်​မ​ဟုတ်​ပါ​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။