YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 102

102
ဒု​က္ခ​ရောက်​ချိန်​ဆု​တောင်း
ဆင်း​ရဲ​သော​သူ​သည် ညှိုး​ငယ်​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ညည်း​တွား​မြည်​တမ်း၍ ပြု​သော​ပ​တ္ထ​နာ။
1အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​အော်​ဟစ်​ခြင်း​အ​သံ​သည် ရှေ့​တော်​သို့ ရောက်​ပါ​စေ​သော။ 2ဘေး​ရောက်​သည်​ကာ​လ၌ မျက်​နှာ​တော်​ကို အ​ကျွန်ုပ်​မှ​လွှဲ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ခေါ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။ အ​လျင်​အ​မြန် ထူး​တော်​မူ​ပါ။ 3အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်၏​နေ့​ရက်​ကာ​လ​သည် မီး​ခိုး​ကဲ့​သို့ ကုန်​တတ်​ပါ၏။ အ​ကျွန်ုပ်၏​အ​ရိုး​တို့​သည် မီး​ချေး​ကဲ့​သို့ ကျွမ်း​ကြ​ပါ၏။ 4အ​ကျွန်ုပ်၏​နှ​လုံး​သည် မြက်​ပင်​ကဲ့​သို့​အ​ထိ​အ​ခိုက်​ခံ​ရ၍၊ ညှိုး​နွမ်း​လျက် ရှိ​ပါ၏။ အ​စာ​စား​ခြင်း​ကိ​စ္စ​ကို​ပင် မေ့​လျော့​တတ်​ပါ၏။ 5ကိုယ်​ညည်း​တွား​ခြင်း အ​သံ​ကြောင့်၊ အ​ကျွန်ုပ်၏​အ​ရိုး​တို့​သည် အ​ရေ၌ ကပ်​လျက်​ရှိ​ကြ​ပါ၏။ 6အ​ကျွန်ုပ်​သည် လွင်​ပြင်၌​နေ​သော ဝံ​ပို​ကဲ့​သို့​လည်း​ကောင်း၊ တော၌​နေ​သော ဇီး​ကွက်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ၏။ 7အ​ကျွန်ုပ်​သည် အိမ်​မိုး​ပေါ်​မှာ တစ်​ကောင်​တည်း​နေ​ရ​သော ငှက်​ကဲ့​သို့​ဖြစ်၍ စောင့်​လျက်​နေ​ရ​ပါ၏။ 8အ​ကျွန်ုပ်​ရန်​သူ​တို့​သည် တစ်​နေ့​လုံး​ကဲ့​ရဲ့​ကြ​ပါ၏။ အ​ကျွန်ုပ်​တစ်​ဘက်၌ စော်​ကား​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို ပုံ​ခိုင်း၍ ကျိန်​ဆို​တတ်​ကြ​ပါ၏။ 9စိတ်​တော်​မ​ပြေ၊ 10အ​မျက်​ထွက်​တော်​မူ​သော​ကြောင့်၊ အ​ကျွန်ုပ်​သည်​ပြာ​ကို မုန့်​ကဲ့​သို့ စား​ရ​ပါ၏။ သောက်​သော​အ​ခါ​လည်း၊ မျက်​ရည်​ရော၍ သောက်​ရ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ချီး​မြှောက်​ပြီး​မှ အောက်​သို့ ချ​တော်​မူ​ပြီ။ 11အ​ကျွန်ုပ်၏​နေ့​ရက်​တို့​သည် ရှည်​လျား​သော အ​ရိပ်​ကဲ့​သို့​ဖြစ်၍၊ မြက်​ပင်​ကဲ့​သို့ အ​ကျွန်ုပ်​ညှိုး​နွမ်း​ပါ၏။
12အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နိ​စ္စ​ထာ​ဝ​ရ ဖြစ်​တော်​မူ၏။ နာ​မ​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက် တည်​ပါ၏။ 13ထ​တော်​မူ​ပါ။ ဇိ​အုန်​မြို့​ကို သ​နား​တော်​မူ​ပါ။ ဇိ​အုန်​မြို့​ကို ကယ်​မ​သ​နား​ရ​သော​အ​ချိန်၊ ချိန်း​ချက်​တော်​မူ​သော​အ​ချိန် ရောက်​ပါ​ပြီ။ 14ကိုယ်​တော်၏​ကျွန်​တို့​သည် ထို​မြို့၏ ကျောက်​ခဲ​တို့​ကို​ပင် နှစ်​သက်၍၊ သူ၏​မြေ​မှုန့်​ကို​ပင် စုံ​မက်​ကြ​ပါ၏။ 15တစ်​ပါး​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​လည်း​ကောင်း၊ လော​ကီ​ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် ဘုန်း​တော်​ကို​လည်း​ကောင်း ကြောက်​ရွံ့​ကြ​ပါ​လိမ့်​မည်။ 16ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​ကို​တည်​ထောင်၍၊ ဘုန်း​တော်​နှင့်​တ​ကွ ထင်​ရှား​တော်​မူ​လိမ့်​မည်။ 17ကိုး​ကွယ်​ရာ​မဲ့​သော​သူ​တို့ ဆု​တောင်း​ခြင်း​အ​ကြောင်း​ကို မ​ထီ​မဲ့​မြင်​မ​ပြု၊ သူ​တို့၏​ပ​တ္ထ​နာ​ကို မှတ်​တော်​မူ​လိမ့်​မည်။ 18ထို​အ​ကြောင်း​အ​ရာ​ကို နောက်​ဖြစ်​လ​တ္တံ့​သော​လူ​မျိုး​အ​ဖို့ ရေး​မှတ်​ရ​မည်။ ပြု​ပြင်​တော်​မူ​လ​တ္တံ့​သော​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ 19-22ချုပ်​ထား​သော​သူ၏​ညည်း​တွား​သံ​ကို နား​ထောင်​ခြင်း​ငှာ​လည်း​ကောင်း၊ သေ​ရ​မည့်​သူ​တို့​ကို လွှတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သော​လူ​မျိုး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဝတ်​ကို​ပြု​လျက် စု​ဝေး​ကြ​သော​အ​ခါ၊ ဇိ​အုန်​တောင်​ပေါ်၊ ယေ​ရု​ရှ​လင်​မြို့၌၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​နှင့် ဂုဏ်​ကျေး​ဇူး​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အထွတ်​က ငုံ့​ကြည့်​တော်​မူ၍၊ ကောင်း​ကင်​ပေါ်​က ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို ရှု​မှတ်​တော်​မူ၏။
23လမ်း​ခ​ရီး၌ ငါ၏​အ​စွမ်း​ကို​လျော့​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ၏​နေ့​ရက်​ကာ​လ​ကို တို​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ​သော​အ​ခါ၊ 24ငါ​လျှောက်​သော​အ​ချက်​ဟူ​မူ​ကား၊ အို အ​ကျွန်ုပ်၏​ဘု​ရား၊ အ​ကျွန်ုပ်​ကို​အ​သက်​ပျို​စဉ်​ပင် ပယ်​ရှား​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏​နှစ်​တို့​သည် ကာ​လ​အ​စဉ်​အ​ဆက် မြဲ​ကြ​ပါ၏။ 25ကိုယ်​တော်​သည် ရှေ့​ဦး​စွာ၌ မြေ​ကြီး​ကို တည်​တော်​မူ​ပြီ။ မိုး​ကောင်း​ကင်​သည်​လည်း လက်​တော်​နှင့် ဖန်​ဆင်း​သော​အ​ရာ​ဖြစ်​ပါ၏။ 26ထို​အ​ရာ​တို့​သည် ပျက်​စီး​ခြင်း​သို့​ရောက်​သော်​လည်း ကိုယ်​တော်​သည် အ​မြဲ​တည်​တော်​မူ၏။ ထို​အ​ရာ​ရှိ​သ​မျှ​တို့​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​ခြင်း​သို့​ရောက်၍၊ ကိုယ်​တော်​သည် ဝတ်​လုံ​ကို​လဲ​သ​ကဲ့​သို့ လဲ​တော်​မူ​သ​ဖြင့်၊ ပြောင်း​လဲ​ခြင်း​ရှိ​ကြ​သော်​လည်း၊ 27ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ​ပါ။ အ​သက်​တော်​လည်း မ​ကုန်​မ​ဆုံး​ရ​ပါ။#ဟေ​ဗြဲ၊ ၁:၁၀-၁၂။ 28ကိုယ်​တော်​ကျွန်​တို့၏ သား​မြေး​တို့​သည်​တည်၍၊ အ​မျိုး​အ​နွယ်​သည်​လည်း ရှေ့​တော်၌ မြဲ​မြံ​ပါ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 102: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။