YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 100:1-5

ဆာလံ 100:1-5 Judson Bible (JBMLE)

မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို ဝမ်း​မြောက်​စွာ ဆောင်​ရွက်​ကြ​လော့။ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​လျက်၊ အ​ထံ​တော်​သို့ ဝင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု သိ​မှတ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ၍၊ ငါ​တို့၏​အ​ရှင်​ဖြစ်​တော်​မူ၏။ ငါ​တို့​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ကြ၏။ အ​ထံ​တော်၌ ကျက်​စား​သော သိုး​စု​လည်း​ဖြစ်​ကြ၏။ ကျေး​ဇူး​တော်​ကြီး​ပါ​သည်​ဟု ဝန်​ခံ​လျက်၊ တံ​ခါး​တော်​တို့​ကို​လည်း​ကောင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​လျက် တံ​တိုင်း​တော်​တို့​ကို​လည်း​ကောင်း ဝင်​ကြ​လော့။ ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၏။ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​ရှိ၍၊ သ​စ္စာ​တော်​သည် ကာ​လ​အ​ဆက်​ဆက်​တည်​လေ​သ​တည်း။

ဆာလံ 100:1-5 Common Language Bible (BCL)

အို ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊ သီ​ချင်း​ဆို​လျက်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော် ကို ချီး​မွမ်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကိုး​ကွယ်​ဝတ်​ပြု​ကြ​လော့။ ဝမ်း​မြောက်​ဖွယ်​ရာ​သီ​ချင်း​များ​ဆို​လျက် ရှေ့​တော်​သို့​ဝင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​၍ ငါ​တို့​၏​အ​ရှင်​ဖြစ်​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော်​ဖြစ်​ကြ​၏။ ကိုယ်​တော်​စောင့်​ထိန်း​တော်​မူ​သည့်​သိုး​စု​ဖြစ် ကြ​၏။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​တံ​ခါး​တော် တွင်း​သို့ ဝင်​ကြ​လော့။ ထော​မ​နာ​ပြု​လျက်​တံ​တိုင်း​တော်​တွင်း​သို့​ဝင်​ကြ​လော့။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​မြဲ​၍​သစ္စာ​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​သ​တည်း။

ဆာလံ 100:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။ ဝမ်းမြောက်​သော​စိတ်​ဖြင့် ထာဝရဘုရား​၏​အမှု​တော်​ကို​ဆောင်ရွက်​ကြ​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​လျက် ရှေ့​တော်​သို့​ဝင်​ကြ​လော့​။ ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း​ကို သိမှတ်​ကြ​လော့​။ ကိုယ်တော်​သည် ငါ​တို့​ကို ဖန်ဆင်း​တော်မူ​၏​။ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​ပိုင်ဆိုင်​ရာ​၊ ကိုယ်တော်​၏​လူမျိုး​တော်​၊ ကိုယ်တော်​၏​စားကျက်​မှ သိုးစု​ဖြစ်​ကြ​၏​။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ကိုယ်တော်​၏​တံခါး​များ​ထဲသို့​လည်းကောင်း​၊ ဂုဏ်တော်ချီးမွမ်း​ခြင်း​ဖြင့် ကိုယ်တော်​၏​အိမ်တော်ဝင်း​ထဲသို့​လည်းကောင်း ဝင်​ကြ​လော့​။ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၍ ကိုယ်တော်​၏​သစ္စာ​တော်​သည် မျိုးဆက်​အစဉ်အဆက်​တည်​၏​။