YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 100:1-5

ဆာလံကျမ်း 100:1-5 MSBU

မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။ ဝမ်းမြောက်​သော​စိတ်​ဖြင့် ထာဝရဘုရား​၏​အမှု​တော်​ကို​ဆောင်ရွက်​ကြ​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​လျက် ရှေ့​တော်​သို့​ဝင်​ကြ​လော့​။ ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း​ကို သိမှတ်​ကြ​လော့​။ ကိုယ်တော်​သည် ငါ​တို့​ကို ဖန်ဆင်း​တော်မူ​၏​။ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​ပိုင်ဆိုင်​ရာ​၊ ကိုယ်တော်​၏​လူမျိုး​တော်​၊ ကိုယ်တော်​၏​စားကျက်​မှ သိုးစု​ဖြစ်​ကြ​၏​။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ကိုယ်တော်​၏​တံခါး​များ​ထဲသို့​လည်းကောင်း​၊ ဂုဏ်တော်ချီးမွမ်း​ခြင်း​ဖြင့် ကိုယ်တော်​၏​အိမ်တော်ဝင်း​ထဲသို့​လည်းကောင်း ဝင်​ကြ​လော့​။ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၍ ကိုယ်တော်​၏​သစ္စာ​တော်​သည် မျိုးဆက်​အစဉ်အဆက်​တည်​၏​။