သုတ္တံ 8:22-29
သုတ္တံ 8:22-29 Judson Bible (JBMLE)
ထာဝရဘုရားသည် ရှေးအမှုတော်ကိုမပြုမီ ထွက်ကြွတော်မူစကပင် ငါ့ကိုပိုင်တော်မူ၏။ မြေကြီးမဖြစ်မီ၊ ရှေ့ဦးစွာသောကာလ၊ အနန္တကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။ နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မီ ငါ့ကိုဖြစ်ဖွားစေတော်မူ၏။ တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မီ၊ မြေကြီးနှင့် လယ်တောများကိုမဖန်ဆင်း၊ အဦးဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမီ၊ ငါ့ကိုဖြစ်ဖွားစေတော်မူ၏။ မိုးကောင်းကင်ကို ပြင်တော်မူသောအခါ ငါရှိ၏။ သမုဒ္ဒရာမျက်နှာပြင်ကို သတ်မှတ်သောအမှု၊ အထက်မိုးတိမ်ကို တည်စေသောအမှု၊ နက်နဲသောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊ သမုဒ္ဒရာ၌ ကန့်ကွက်သော အပိုင်းအခြားကို ရေမလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက်မြစ်တည်သော အမှုတို့ကိုပြီးစီးစေတော်မူသောအခါ၊
သုတ္တံ 8:22-29 Common Language Bible (BCL)
ထာဝရဘုရားသည် ရှေးအမှုတော်ကို မပြုမှီ ထွက်ကြွတော်မူစကပင် ငါ့ကို ပိုင်တော်မူ၏။ မြေကြီးမဖြစ်မှီ၊ ရှေ့ဦးစွာသော ကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။ နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မှီ ငါ့ကိုဖြစ်ဘွားစေတော်မူ၏။ တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မှီ၊ မြေကြီးနှင့်လယ်တောများကို မဖန်ဆင်း၊ အဦး ဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။ မိုဃ်းကောင်းကင်ကို ပြင်တော်မူသော အခါငါရှိ ၏။ သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု၊ အထက်မိုဃ်းတိမ်ကို တည်စေသောအမှု၊ နက်နဲ သောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊ သမုဒ္ဒရာ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊
သုတ္တံ 8:22-29 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရားသည် ရှေးယခင် မိမိ၏အမှုတော်များကိုမစတင်မီ၊ မိမိလုပ်ဆောင်မှု၏အစအဦးကပင် ငါ့ကိုပိုင်သတော်မူ၏။ ထာဝရကာလ၊ ကနဦးကာလ၊ မြေကြီးကိုမဖန်ဆင်းမီကာလကပင် ငါသည် ခန့်အပ်ထားခြင်းခံရပြီ။ နက်ရှိုင်းသောရေထုများမရှိမီ၊ ရေနှင့်ပြည့်လျှံသောစမ်းရေတွင်းများမဖြစ်ပေါ်မီ ငါ့ကိုဖြစ်တည်စေတော်မူပြီ။ တောင်များကိုမဖြစ်ပေါ်စေမီ၊ တောင်ကုန်းများမရှိမီ၊ မြေကြီး၊ ကွင်းပြင်များနှင့် ကမ္ဘာကြီး၏အဦးဆုံးသောမြေမှုန့်များကို ဖန်ဆင်းတော်မမူမီ ငါ့ကိုဖြစ်တည်စေတော်မူပြီ။ မိုးကောင်းကင်ကို ကိုယ်တော်တည်တော်မူသောအခါ ငါသည် ထိုအရပ်၌ရှိ၏။ နက်ရှိုင်းသောရေထု၏မျက်နှာပြင်ပေါ်တွင် မိုးကုပ်စက်ဝိုင်းကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း၊ အထက်မိုးတိမ်တို့ကိုတည်စေတော်မူပြီး နက်ရှိုင်းသောရေထုထွက်လာရာအပေါက်များကို ခိုင်ခံ့စေတော်မူသောအခါ၌လည်းကောင်း၊ ရေသည် ကိုယ်တော်၏အမိန့်ကို မကျူးလွန်မည့်အကြောင်း ပင်လယ်၏နယ်နိမိတ်ကို သတ်မှတ်တော်မူသောအခါ၌လည်းကောင်း၊ ကမ္ဘာမြေကြီး၏အခြေအမြစ်တို့ကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း