YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 8:22-29

သုတ္တံကျမ်း 8:22-29 MSBU

ထာဝရဘုရား​သည် ရှေးယခင် မိမိ​၏​အမှု​တော်​များ​ကို​မ​စတင်​မီ​၊ မိမိ​လုပ်ဆောင်မှု​၏​အစအဦး​ကပင် ငါ့​ကို​ပိုင်သ​တော်မူ​၏​။ ထာဝရ​ကာလ​၊ ကနဦး​ကာလ​၊ မြေကြီး​ကို​မဖန်ဆင်းမီ​ကာလ​ကပင် ငါ​သည် ခန့်အပ်​ထား​ခြင်း​ခံရ​ပြီ​။ နက်ရှိုင်း​သော​ရေထု​များ​မ​ရှိ​မီ​၊ ရေ​နှင့်​ပြည့်လျှံ​သော​စမ်းရေတွင်း​များ​မ​ဖြစ်ပေါ်​မီ ငါ့​ကို​ဖြစ်တည်​စေ​တော်မူ​ပြီ​။ တောင်​များ​ကို​မ​ဖြစ်ပေါ်​စေ​မီ​၊ တောင်ကုန်း​များ​မ​ရှိ​မီ​၊ မြေကြီး​၊ ကွင်းပြင်​များ​နှင့် ကမ္ဘာကြီး​၏​အဦးဆုံး​သော​မြေမှုန့်​များ​ကို ဖန်ဆင်း​တော်​မ​မူ​မီ ငါ့​ကို​ဖြစ်တည်​စေ​တော်မူ​ပြီ​။ မိုးကောင်းကင်​ကို ကိုယ်တော်​တည်​တော်မူ​သောအခါ ငါ​သည် ထို​အရပ်​၌​ရှိ​၏​။ နက်ရှိုင်း​သော​ရေထု​၏​မျက်နှာပြင်​ပေါ်တွင် မိုးကုပ်စက်ဝိုင်း​ကို အမှတ်အသား​ပြု​တော်မူ​သောအခါ​၌​လည်းကောင်း​၊ အထက်​မိုးတိမ်​တို့​ကို​တည်​စေ​တော်မူ​ပြီး နက်ရှိုင်း​သော​ရေထု​ထွက်လာ​ရာ​အပေါက်​များ​ကို ခိုင်ခံ့​စေ​တော်မူ​သောအခါ​၌​လည်းကောင်း​၊ ရေ​သည် ကိုယ်တော်​၏​အမိန့်​ကို မ​ကျူးလွန်​မည့်​အကြောင်း ပင်လယ်​၏​နယ်နိမိတ်​ကို သတ်မှတ်​တော်မူ​သောအခါ​၌​လည်းကောင်း​၊ ကမ္ဘာမြေကြီး​၏​အခြေအမြစ်​တို့​ကို အမှတ်အသား​ပြု​တော်မူ​သောအခါ​၌​လည်းကောင်း

​သုတ္တံကျမ်း 8:22-29 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။