YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 6:16-20

သုတ္တံ 6:16-20 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​မုန်း​တော်​မူ​သော​အ​ရာ ခြောက်​ပါး​မ​က၊ စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သော​အ​ရာ ခု​နစ်​ပါး​ဟူ​မူ​ကား၊ ထောင်​လွှား​သော မျက်​နှာ​တစ်​ပါး၊ မု​သား၌ ကျင်​လည်​သော​လျှာ​တစ်​ပါး၊ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို​သတ်​သော လက်​တစ်​ပါး၊ မ​ကောင်း​သော အ​ကြံ​ကို ကြံ​စည်​သော​နှ​လုံး​တစ်​ပါး၊ အ​ပြစ်​ပြု​ရာ​သို့ အ​လျင်​အ​မြန်​ပြေး​တတ်​သော ခြေ​တစ်​ပါး၊ မု​သား​စ​ကား​ကို​ပြော၍ မ​မှန်​သော​သက်​သေ​တစ်​ပါး၊ အ​ပေါင်း​အ​ဖော်​ချင်း ရန်​တွေ့​စေ​ခြင်း​ငှာ ပြု​တတ်​သော​သူ တစ်​ပါး​တည်း။ ငါ့​သား၊ အ​ဘ၏​ပ​ညတ်​စ​ကား​ကို နား​ထောင်​လော့။ အ​မိ​ပေး​သော တ​ရား​ကို မ​ပယ်​နှင့်။

သုတ္တံ 6:16-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​မုန်း​တော်မူ​သော​အရာ​ခြောက်​ပါး​မက ကိုယ်တော်​၏​စိတ်ဝိညာဉ် စက်ဆုပ်ရွံရှာ​တော်မူ​သော​အရာ​ခုနစ်​ပါး​မှာ ထောင်လွှား​သော​မျက်နှာ​၊ မုသားသုံး​သော​လျှာ​၊ အပြစ်ကင်း​သော​သူ​ကို​သတ်ဖြတ်​သော​လက်​၊ ယုတ်ညံ့​သော​အကြံအစည်​များ​ကို တွေးတော​ကြံစည်​သော​စိတ်နှလုံး​၊ မကောင်းမှု​ပြု​ရာ​သို့ အလျင်အမြန်​ပြေး​သော​ခြေ​၊ လိမ်လည်​ထွက်ဆို​သော​မုသား​သက်သေ​နှင့် ညီအစ်ကို​တို့​ကြား​၌ အငြင်းပွားမှု​များ​ဖြစ်ပွား​စေ​သော သူ​တို့​ဖြစ်​ကြ​၏​။ ငါ့​သား​၊ သင့်​ဖခင်​၏​ပညတ်ချက်​ကို လိုက်နာကျင့်သုံး​လော့​။ သင့်​မိခင်​၏​သွန်သင်ချက်​ကို မ​ပစ်ပယ်​နှင့်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။