YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 4:20-27

သုတ္တံ 4:20-27 Judson Bible (JBMLE)

ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင်​လော့။ ငါ​ဟော​ပြော​ချက်​တို့​ကို နား​သွင်း​လော့။ သင့်​မျက်​မှောက်​မှ မ​ကွာ​စေ​နှင့်။ နှ​လုံး​တွင်း၌ စောင့်​ထား​လော့။ အ​ကြောင်း​မူ​ကား၊ ထို​တ​ရား​စ​ကား​ကို တွေ့​ရ​သော​သူ​တို့​သည် အ​သက်​ရှင်​ခြင်း၊ တစ်​ကိုယ်​လုံး​ကျန်း​မာ​ခြင်း​အ​ကြောင်း​ကို တွေ့​ရ​ပြီ။ နှ​လုံး​သည် အ​သက်၏​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်၊ သင်၏​နှ​လုံး​ကို အ​ထူး​သ​ဖြင့် စောင့်​ရှောက်​လော့။ ကောက်​သော​စ​ကား​တို့​ကို​လည်း​ကောင်း၊ ငြင်း​ဆန်​တတ်​သော​နှုတ်​ခမ်း​တို့​ကို​လည်း​ကောင်း ဝေး​စွာ​ပယ်​ရှောင်​လော့။ သင်၏​မျက်​စိ​သည်​ရှေ့​ရှု​ကြည့်၍၊ မျက်​ခမ်း​တို့​သည် တည့်​တည့်​အာ​ရုံ​ပြု​စေ​လော့။ သင်​သွား​ရာ​လမ်း​ကို စူး​စမ်း၍၊ သွား​လေ​ရာ​ရာ၌ တည်​ကြည်​ခြင်း​ရှိ​စေ​လော့။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​တိမ်း​မ​လွှဲ​နှင့်။ ဒု​စ​ရိုက်​ပြု​ရာ​လမ်း​ကို​ရှောင်​လော့။

သုတ္တံ 4:20-27 Common Language Bible (BCL)

ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါ ဟောပြောချက်တို့ကို နားသွင်းလော့။ သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။ အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရ သောသူတို့သည် အသက်ရှင်ခြင်း၊ တကိုယ်လုံးကျန်းမာ ခြင်းအကြောင်းကို တွေ့ရပြီ။ နှလုံးသည်အသက်၏အခြေအမြစ် ဖြစ်သော ကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။ ကောက်သောစကားတို့ကို၎င်း၊ ငြင်းဆန်တတ် သော နှုတ်ခမ်းတို့ကို၎င်း ဝေးစွာ ပယ်ရှောင်လော့။ သင်၏မျက်စိသည် ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့ သည် တည့်တည့်အာရုံပြုစေလော့။ သင်သွားရာလမ်းကို စူးစမ်း၍၊ သွားလေ ရာရာ၌ တည်ကြည်ခြင်းရှိစေလော့။ လက်ျာဘက်၊လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့်။ ဒုစရိုက်ပြုရာ လမ်းကိုရှောင်လော့။

သုတ္တံ 4:20-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​သား​၊ ငါ​ပြောဆို​သော​အရာ​တို့​ကို အာရုံစိုက်​နားထောင်​လော့​။ ငါ့​စကား​တို့​ကို နားစွင့်​လော့​။ ထို​စကား​တို့​ကို သင်​၏​မျက်မှောက်​မှ မ​ကွာ​စေ​နှင့်​။ သင်​၏​စိတ်နှလုံး​အတွင်း​၌ ထိန်းသိမ်း​ထား​လော့​။ အကြောင်းမူကား ထို​စကား​တို့​သည် ၎င်း​တို့​ကို​တွေ့ရှိ​သော​သူ​တို့​အတွက် အသက်​ဖြစ်​ပြီး သူ​တို့​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ကျန်းမာ​စေ​တတ်​၏​။ သင်​၏​စိတ်နှလုံး​ကို သတိဝီရိယ​ရှိသမျှ​နှင့် ထိန်းသိမ်းစောင့်ရှောက်​လော့​။ အကြောင်းမူကား ၎င်း​သည် အသက်​၏​အရင်းအမြစ်​ဖြစ်​၏​။ ကောက်ကျစ်​သော​နှုတ်​ကို သင့်​ထံမှ​ဖယ်ရှား​လော့​။ စဉ်းလဲ​သော​နှုတ်ခမ်း​ကို​လည်း သင်​နှင့်​ဝေးကွာ​စေ​လော့​။ သင်​၏​မျက်စိ​သည် ရှေ့​သို့​စေ့စေ့ကြည့်​ပါစေ​။ သင်​၏​မျက်လွှာ​သည်​လည်း သင့်​ရှေ့​တည့်တည့်​အာရုံ​ပြု​ပါစေ​။ သင်​လျှောက်​ရာ​လမ်း​ကို​ချင့်ချိန်သုံးသပ်​လော့​။ သို့ပြုလျှင် သင်​၏​လမ်းခရီး​ရှိသမျှ​တို့​သည် တည်မြဲ​လိမ့်မည်​။ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ မ​လှည့်​နှင့်​။ သင်​၏​ခြေ​ကို မကောင်းမှု​မှ ဖယ်ခွာ​စေ​လော့​။