YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 4:20-27

သုတ္တံကျမ်း 4:20-27 MSBU

ငါ့​သား​၊ ငါ​ပြောဆို​သော​အရာ​တို့​ကို အာရုံစိုက်​နားထောင်​လော့​။ ငါ့​စကား​တို့​ကို နားစွင့်​လော့​။ ထို​စကား​တို့​ကို သင်​၏​မျက်မှောက်​မှ မ​ကွာ​စေ​နှင့်​။ သင်​၏​စိတ်နှလုံး​အတွင်း​၌ ထိန်းသိမ်း​ထား​လော့​။ အကြောင်းမူကား ထို​စကား​တို့​သည် ၎င်း​တို့​ကို​တွေ့ရှိ​သော​သူ​တို့​အတွက် အသက်​ဖြစ်​ပြီး သူ​တို့​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ကျန်းမာ​စေ​တတ်​၏​။ သင်​၏​စိတ်နှလုံး​ကို သတိဝီရိယ​ရှိသမျှ​နှင့် ထိန်းသိမ်းစောင့်ရှောက်​လော့​။ အကြောင်းမူကား ၎င်း​သည် အသက်​၏​အရင်းအမြစ်​ဖြစ်​၏​။ ကောက်ကျစ်​သော​နှုတ်​ကို သင့်​ထံမှ​ဖယ်ရှား​လော့​။ စဉ်းလဲ​သော​နှုတ်ခမ်း​ကို​လည်း သင်​နှင့်​ဝေးကွာ​စေ​လော့​။ သင်​၏​မျက်စိ​သည် ရှေ့​သို့​စေ့စေ့ကြည့်​ပါစေ​။ သင်​၏​မျက်လွှာ​သည်​လည်း သင့်​ရှေ့​တည့်တည့်​အာရုံ​ပြု​ပါစေ​။ သင်​လျှောက်​ရာ​လမ်း​ကို​ချင့်ချိန်သုံးသပ်​လော့​။ သို့ပြုလျှင် သင်​၏​လမ်းခရီး​ရှိသမျှ​တို့​သည် တည်မြဲ​လိမ့်မည်​။ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ မ​လှည့်​နှင့်​။ သင်​၏​ခြေ​ကို မကောင်းမှု​မှ ဖယ်ခွာ​စေ​လော့​။

​သုတ္တံကျမ်း 4:20-27 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။