YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 3:1-7

သုတ္တံ 3:1-7 Judson Bible (JBMLE)

ငါ့​သား၊ ငါ​ပေး​သော​တ​ရား​ကို မ​မေ့​နှင့်။ ငါ့​ပ​ညတ်​တို့​ကို သင်၏​နှ​လုံး​စောင့်​ရှောက်​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​သည် အ​သက်​တာ​ရှည်​သော ကာ​လ​နှစ်​ပေါင်း​များ​ကို​လည်း​ကောင်း၊ ငြိမ်​ဝပ်​ခြင်း​ကို​လည်း​ကောင်း တိုး​ပွား​စေ​လိမ့်​မည်။ က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​ကို သင်​နှင့်​မ​ကွာ​စေ​နှင့်။ ထို​တ​ရား​တို့​ကို သင်၏​လည်​ပင်း၌ ဆွဲ​ထား​လော့။ နှ​လုံး​အင်း​စာ​ရင်း၌ ရေး​သွင်း​လော့။ ထို​သို့​ပြု​လျှင် ဘု​ရား​သ​ခင်​ရှေ့ လူ​တို့​ရှေ့​မှာ​မျက်​နှာ​ရ၍၊ ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။ ငါ​သည်​ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ ဒု​စ​ရိုက်​ကို​ရှောင်​လော့။

သုတ္တံ 3:1-7 Common Language Bible (BCL)

ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။ အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကို၎င်း၊ ငြိမ်ဝပ်ခြင်းကို ၎င်း တိုးပွါးစေလိမ့်မည်။ ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့် မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ဆွဲထား လော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။ ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့လူတို့ရှေ့မှာ မျက်နှာရ၍၊ ကျေးဇူးကို ခံရလိမ့်မည်။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။ ငါသည်ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။

သုတ္တံ 3:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​သား​၊ ငါ​၏​သွန်သင်ချက်​ကို မ​မေ့လျော့​နှင့်​။ ငါ​၏​ပညတ်ချက်​တို့​ကို​လည်း သင်​၏​စိတ်နှလုံး​သည် ထိန်းသိမ်းစောင့်ရှောက်​ပါစေ​။ အကြောင်းမူကား ၎င်း​တို့​သည် အသက်ရှည်​ခြင်း​၊ အသက်တာ​၏​နှစ်ကာလ​နှင့် ငြိမ်းချမ်းမှု​ကို သင်​၌ ထပ်ဖြည့်​ပေး​လိမ့်မည်​။ မေတ္တာကရုဏာ​နှင့်​သမ္မာတရား​ကို သင့်​ထံမှ​စွန့်ခွာ​မ​သွား​စေ​နှင့်​။ ၎င်း​တို့​ကို သင်​၏​လည်ပင်း​၌​ဆွဲ​ထား​၍ သင့်​နှလုံးသား​ပြင်​၌ ရေး​ထား​လော့​။ ထိုသို့​ပြု​လျှင် သင်​သည် ဘုရားသခင်​ရှေ့​၊ လူ​တို့​ရှေ့​၌​မျက်နှာရ​၍ ကောင်း​သော​ဉာဏ်စွမ်း​နှင့်​ပြည့်စုံ​လိမ့်မည်​။ ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်ကိုးစား​လော့​။ မိမိ​၏​အသိဉာဏ်​ကို အမှီ​မ​ပြု​နှင့်​။ သင်​ပြုမူကျင့်ကြံ​သမျှ​သော​အမှုအရာ​တို့​၌ ကိုယ်တော်​ကို မျက်မှောက်ပြု​လော့​။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​၏​လမ်းခရီး​တို့​ကို ဖြောင့်တန်း​စေ​တော်မူ​လိမ့်မည်​။ ကိုယ့်ကိုယ်ကိုယ် ပညာရှိ​ဟု မ​ထင်မြင်​နှင့်​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​၍ မကောင်းမှု​မှ​ဖယ်ခွာ​လော့​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။