YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 3:1-7

သုတ္တံကျမ်း 3:1-7 MSBU

ငါ့​သား​၊ ငါ​၏​သွန်သင်ချက်​ကို မ​မေ့လျော့​နှင့်​။ ငါ​၏​ပညတ်ချက်​တို့​ကို​လည်း သင်​၏​စိတ်နှလုံး​သည် ထိန်းသိမ်းစောင့်ရှောက်​ပါစေ​။ အကြောင်းမူကား ၎င်း​တို့​သည် အသက်ရှည်​ခြင်း​၊ အသက်တာ​၏​နှစ်ကာလ​နှင့် ငြိမ်းချမ်းမှု​ကို သင်​၌ ထပ်ဖြည့်​ပေး​လိမ့်မည်​။ မေတ္တာကရုဏာ​နှင့်​သမ္မာတရား​ကို သင့်​ထံမှ​စွန့်ခွာ​မ​သွား​စေ​နှင့်​။ ၎င်း​တို့​ကို သင်​၏​လည်ပင်း​၌​ဆွဲ​ထား​၍ သင့်​နှလုံးသား​ပြင်​၌ ရေး​ထား​လော့​။ ထိုသို့​ပြု​လျှင် သင်​သည် ဘုရားသခင်​ရှေ့​၊ လူ​တို့​ရှေ့​၌​မျက်နှာရ​၍ ကောင်း​သော​ဉာဏ်စွမ်း​နှင့်​ပြည့်စုံ​လိမ့်မည်​။ ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်ကိုးစား​လော့​။ မိမိ​၏​အသိဉာဏ်​ကို အမှီ​မ​ပြု​နှင့်​။ သင်​ပြုမူကျင့်ကြံ​သမျှ​သော​အမှုအရာ​တို့​၌ ကိုယ်တော်​ကို မျက်မှောက်ပြု​လော့​။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​၏​လမ်းခရီး​တို့​ကို ဖြောင့်တန်း​စေ​တော်မူ​လိမ့်မည်​။ ကိုယ့်ကိုယ်ကိုယ် ပညာရှိ​ဟု မ​ထင်မြင်​နှင့်​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​၍ မကောင်းမှု​မှ​ဖယ်ခွာ​လော့​။