YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 28:25-28

သုတ္တံ 28:25-28 Judson Bible (JBMLE)

စိတ်​မြင့်​သော​သူ​သည် ခိုက်​ရန်​ကို​နှိုး​ဆော်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​မူ​ကား၊ ကြွယ်​ဝ​တတ်၏။ မိ​မိ​စိတ်​နှ​လုံး​ကို ကိုး​စား​သော​သူ​သည် လူ​မိုက်​ဖြစ်၏။ ပ​ညာ​သ​တိ​နှင့် ကျင့်​သော​သူ​မူ​ကား၊ ဘေး​လွတ်​တတ်၏။ ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​သော​သူ​သည် ကိုယ်​တိုင်​မ​ဆင်း​ရဲ​ရာ။ လွှဲ​ရှောင်​သော​သူ​မူ​ကား၊ များ​စွာ​သော​ကျိန်​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့​သည် ချီး​မြှောက်​ခြင်း​သို့​ရောက်​သော​အ​ခါ၊ လူ​တို့​သည် ပုန်း​ရှောင်၍​နေ​ရ​ကြ၏။ ပျက်​စီး​ခြင်း​သို့ ရောက်​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ပွား​များ​တတ်​ကြ၏။

သုတ္တံ 28:25-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လောဘကြီး​သော​သူ​သည် အငြင်းပွားမှု​ဖြစ်​ရန်​လှုံ့ဆော်​တတ်​၏​။ ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​မူကား ပြည့်စုံကြွယ်ဝ​လိမ့်မည်​။ မိမိ​စိတ်နှလုံး​ကို ကိုးစား​သော​သူ​သည် မိုက်မဲ​သော​သူ​ဖြစ်​၏​။ ဉာဏ်ပညာ​အားဖြင့်​လျှောက်လှမ်း​သော​သူ​မူကား ဘေးလွတ်​လိမ့်မည်​။ ဆင်းရဲ​သော​သူ​တို့​အား ပေးကမ်း​သော​သူ​သည် ချို့တဲ့​နွမ်းပါး​လိမ့်မည်​မ​ဟုတ်​။ မျက်ကွယ်​ပြု​သော​သူ​မူကား များစွာ​သော​ကျိန်ဆဲ​ခြင်း​ကို​ခံရ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​ခေါင်းထောင်​လာ​သောအခါ လူ​တို့​သည် ပုန်းရှောင်​တတ်​ကြ​၏​။ သူ​တို့​ပျက်စီး​သွား​သောအခါ​၌​မူကား ဖြောင့်မတ်​သော​သူ​တို့​သည် တိုးပွား​ကြ​လိမ့်မည်​။