YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 28

28
1လိုက်​သော​သူ​မ​ရှိ​သော်​လည်း၊ မ​တ​ရား​သော​သူ​သည် ပြေး​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ ခြင်္သေ့​ကဲ့​သို့ ရဲ​ရင့်​တတ်၏။ 2ပြည်​သူ​ပြည်​သား အ​ပြစ်​ကြောင့်၊ မင်း​တို့​သည် များ​ပြား​တတ်​ကြ၏။ ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​သော​သူ​အား​ဖြင့် နိုင်​ငံ​တည်​တတ်၏။ 3ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​ဆင်း​ရဲ​သား​သည် အ​ဘယ်​စား​စ​ရာ​မျှ မ​ကြွင်း​စေ​ဘဲ၊ သုတ်​သင်​ပယ်​ရှင်း​သော မိုး​ရေ​နှင့်​တူ၏။ 4တ​ရား​ကို​ဖျက်​သော​သူ​သည် မ​တ​ရား​သော​သူ​တို့​ကို ချီး​မွမ်း​တတ်၏။ တ​ရား​ကို​စောင့်​သော​သူ​မူ​ကား၊ သူ​တို့​နှင့် ဆန့်​ကျင်​ဘက် ပြု​တတ်၏။ 5အ​ဓ​မ္မ​လူ​သည် တ​ရား​စီ​ရင်​ခြင်း​ကို နား​မ​လည်​တတ်။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​သော​သူ​မူ​ကား၊ ခပ်​သိမ်း​သော စီ​ရင်​ခြင်း​ကို နား​လည်​တတ်၏။ 6မ​မှန်​သော​အ​မှု​ကို ပြု​သော​သူ​သည် ငွေ​ရ​တတ်​သော်​လည်း၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်​သော ဆင်း​ရဲ​သား​သည် သာ၍​မြတ်၏။ 7တ​ရား​ကို​စောင့်​သော​သူ​သည် ပ​ညာ​ရှိ​သော​သား​ဖြစ်၏။ စား​ကြူး​သော​သူ​တို့​နှင့် ပေါင်း​ဖော်​သော​သူ​မူ​ကား၊ မိ​မိ​အ​ဘ​ကို အ​ရှက်​ခွဲ​တတ်၏။ 8အ​တိုး​စား၍ မ​တ​ရား​သော​အ​မြတ်​အား​ဖြင့် ဥ​စ္စာ​ကို​ဆည်း​ပူး​သော​သူ​သည် ဆင်း​ရဲ​သား​တို့​ကို သ​နား​သော​သူ​အ​ဖို့​သာ ဆည်း​ပူး​တတ်၏။ 9တ​ရား​မ​နာ၊ လွှဲ​သွား​သော​သူ​သည် ဆု​တောင်း​သော်​လည်း၊ သူ၏​ပ​တ္ထ​နာ​စ​ကား​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။ 10ဖြောင့်​မတ်​သော​သူ​ကို လမ်း​လွှဲ၍၊ မ​ကောင်း​သော​လမ်း​ထဲ​သို့ သွေး​ဆောင်​သော​သူ​သည် မိ​မိ​တူး​သော​တွင်း​ထဲ​သို့ မိ​မိ​ကျ​လိမ့်​မည်။ သ​ဘော​ဖြောင့်​သော​သူ​မူ​ကား၊ ကောင်း​သော​အ​ရာ​တို့​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။ 11ငွေ​ရ​တတ်​သော​သူ​က၊ ငါ​သည်​ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​ထင်​တတ်၏။ ဉာဏ်​ကောင်း​သော​ဆင်း​ရဲ​သား​မူ​ကား၊ ထို​သူ​ကို စစ်​ကြော​တတ်၏။ 12ဖြောင့်​မတ်​သော​သူ​တို့​သည် ဝမ်း​မြောက်​သော​အ​ခါ ဘုန်း​ကြီး​တတ်၏။ မ​တ​ရား​သော​သူ​တို့​သည် ချီး​မြှောက်​ခြင်း​သို့ ရောက်​သော​အ​ခါ လူ​တို့​သည် ပုန်း​ရှောင်၍ နေ​တတ်​ကြ၏။ 13မိ​မိ​အ​ပြစ်​ကို ဝှက်​ထား​သော​သူ​သည် ချမ်း​သာ​မ​ရ။ မိ​မိ​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ချ၍ စွန့်​ပစ်​သော​သူ​မူ​ကား၊ က​ရု​ဏာ​တော်​ကို ခံ​ရ​လိမ့်​မည်။ 14အ​စဉ်​မ​ပြတ်​ကြောက်​ရွံ့​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ မိ​မိ​စိတ်​နှ​လုံး​ကို ခိုင်​မာ​စေ​သော​သူ​မူ​ကား၊ ဘေး​ဥ​ပဒ်​နှင့် တွေ့​လိမ့်​မည်။ 15ဆင်း​ရဲ​သား​တို့​ကို​အုပ်​စိုး​သော အ​ဓ​မ္မ​မင်း​သည် ဟောက်​သော​ခြင်္သေ့၊ လှည့်​လည်​သော​ဝံ​နှင့် တူ၏။ 16ဉာဏ်​မ​ရှိ​သော​မင်း​သည် ပြင်း​စွာ​ညှဉ်း​ဆဲ​တတ်၏။ လော​ဘ​ကို​မုန်း​သော​မင်း​မူ​ကား၊ အ​သက်​တာ​ရှည်​လိမ့်​မည်။ 17လူ​အ​သက်​ကို​ညှဉ်း​ဆဲ​သော​သူ​သည် သင်္ချိုင်း​တွင်း​သို့​ပြေး​ပါ​လေ​စေ။ အ​ဘယ်​သူ​မျှ​မ​ဆီး​တား​စေ​နှင့်။
18ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​သည် ဘေး​လွတ်​လိမ့်​မည်။ ကောက်​သော​လမ်း​သို့​လိုက်​သော​သူ​မူ​ကား၊ ချက်​ချင်း​လဲ​လိမ့်​မည်။ 19လယ်​လုပ်​သော​သူ​သည် ဝ​စွာ​စား​ရ၏။ အ​ချည်း​နှီး​သော​အ​မှု​ကို စောင့်​သော​သူ​မူ​ကား၊ ဆင်း​ရဲ​ခြင်း​နှင့် ဝ​လိမ့်​မည်။ 20သ​စ္စာ​စောင့်​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​နှင့် ကြွယ်​ဝ​လိမ့်​မည်။ ငွေ​ရ​တတ်​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​သော​သူ​မူ​ကား၊ အ​ပြစ်​နှင့် မ​လွတ်​ရ။ 21လူ​မျက်​နှာ​ကို​မ​ထောက်​ကောင်း။ သို့​သော်​လည်း၊ လူ​သည် မုန့်​တ​ဖဲ့​ကို​ရ​ခြင်း​ငှာ ဒု​စ​ရိုက်​ကို ပြု​လိမ့်​မည်။ 22ငွေ​ရ​တတ်​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​သော​သူ​သည် မ​နာ​လို​သော​သ​ဘော​ရှိ​တတ်၏။ နောက်​တစ်​ဖန် ဆင်း​ရဲ​ခြင်း​သို့ ရောက်​မည်​ဟု မ​အောက်​မေ့​တတ်။ 23ချော့​မော့​သော​စ​ကား​ကို ပြော​သော​သူ​သည် ကျေး​ဇူး​ကို​ခံ​ရ​သည်​ထက်၊ ဆုံး​မ​ပြစ်​တင်​သော​သူ​သည် နောက်​တစ်​ဖန် သာ၍ ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။ 24အ​ပြစ်​မ​ရှိ​ဟု​ဆို​လျက်၊ မိ​ဘ​ဥ​စ္စာ​ကို​လု​ယူ​သော​သူ​သည် ဖျက်​ဆီး​သော​သူ၏ အ​ပေါင်း​အ​ဖော်​ဖြစ်၏။ 25စိတ်​မြင့်​သော​သူ​သည် ခိုက်​ရန်​ကို​နှိုး​ဆော်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​မူ​ကား၊ ကြွယ်​ဝ​တတ်၏။ 26မိ​မိ​စိတ်​နှ​လုံး​ကို ကိုး​စား​သော​သူ​သည် လူ​မိုက်​ဖြစ်၏။ ပ​ညာ​သ​တိ​နှင့် ကျင့်​သော​သူ​မူ​ကား၊ ဘေး​လွတ်​တတ်၏။ 27ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​သော​သူ​သည် ကိုယ်​တိုင်​မ​ဆင်း​ရဲ​ရာ။ လွှဲ​ရှောင်​သော​သူ​မူ​ကား၊ များ​စွာ​သော​ကျိန်​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ 28မ​တ​ရား​သော​သူ​တို့​သည် ချီး​မြှောက်​ခြင်း​သို့​ရောက်​သော​အ​ခါ၊ လူ​တို့​သည် ပုန်း​ရှောင်၍​နေ​ရ​ကြ၏။ ပျက်​စီး​ခြင်း​သို့ ရောက်​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ပွား​များ​တတ်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 28: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ