YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 15:1-33

သုတ္တံ 15:1-33 Judson Bible (JBMLE)

ဖြည်း​ညင်း​သော စ​ကား​သည် စိတ်​ကို​ဖြေ​တတ်၏။ ကြမ်း​တမ်း​သော​စ​ကား​မူ​ကား၊ အ​မျက်​ကို နှိုး​ဆော်​တတ်၏။ ပ​ညာ​ရှိ​သော​သူ၏​လျှာ​သည် ပ​ညာ​အ​တတ်​ကို တင့်​တယ်​စေ​တတ်၏။ မိုက်​သော​သူ​တို့၏​နှုတ်​မူ​ကား၊ မိုက်​သော​အ​ရာ​ကို သွန်း​လောင်း​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​သည် ခပ်​သိမ်း​သော​အ​ရပ်၌​ရှိ၍၊ ကောင်း​မ​ကောင်း​ကို ကြည့်​ရှု​တော်​မူ၏။ ဖြည်း​ညင်း​သော​လျှာ​သည် အ​သက်​ဖြစ်၏။ ကြမ်း​တမ်း​သော​လျှာ​မူ​ကား စိတ်​နာ​စေ​တတ်၏။ မိုက်​သော​သူ​သည် အ​ဘ​သွန်​သင်​ခြင်း​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား၊ သ​မ္မာ​သ​တိ​နှင့်​ပြည့်​စုံ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​အိမ်၌ များ​စွာ​သော စည်း​စိမ်​ရှိ၏။ မ​တ​ရား​သော​သူ​ခံ​ရ​သော​အ​ခွန်​မူ​ကား၊ များ​စွာ​သော နှောင့်​ယှက်​ခြင်း​နှင့်​ယှဉ်၏။ ပ​ညာ​ရှိ​သော​သူ၏​နှုတ်​ခမ်း​တို့​သည် ပ​ညာ​အ​တတ်​ကို စွန့်​ကြဲ​တတ်၏။ မိုက်​သော​သူ၏ နှ​လုံး​မူ​ကား ပ​ညာ​မ​ရှိ။ မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။ မ​တ​ရား​သော​သူ​လိုက်​သော​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း​သို့ လိုက်​သော​သူ​ကို​ကား ချစ်​တော်​မူ၏။ လမ်း​လွှဲ​သော​သူ​သည် ဆုံး​မ​သော​စ​ကား​ကို နား​မ​ခံ​လို။ သို့​သော်​လည်း၊ အ​ပြစ်​တင်​ခြင်း​ကို​မုန်း​သော​သူ​သည် သေ​ရ​မည်။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ဗ​ဒ္ဒုန်​နိုင်​ငံ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထင်​ရှား၏။ ထို​မျှ​မ​က၊ လူ​သား​တို့၏​နှ​လုံး​သည် သာ၍​ထင်​ရှား၏။ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ပြ​သော​သူ​ကို မ​ချစ်​တတ်။ ပ​ညာ​ရှိ​ထံ​သို့ မ​ချဉ်း​ကပ်​တတ်။ ရွှင်​လန်း​သော​စိတ်​နှ​လုံး​သည် ချို​သော​မျက်​နှာ​ကို ဖြစ်​စေ​တတ်၏။ ညှိုး​ငယ်​ခြင်း​အား​ဖြင့်​ကား၊ စိတ်​ပျက်​တတ်၏။ ဉာဏ်​ကောင်း​သော​သူ၏​စိတ်​နှ​လုံး​သည် ပ​ညာ​အ​တတ်​ကို ရှာ​တတ်၏။ မိုက်​သော​သူ​တို့၏​နှုတ်​မူ​ကား၊ မိုက်​ခြင်း​ကို ကျက်​စား​တတ်၏။ ဆင်း​ရဲ​ငြို​ငြင်​သော​သူ၏ နေ့​ရက်​ရှိ​သ​မျှ​တို့​သည် ဆိုး​ယုတ်​ကြ၏။ ရွှင်​လန်း​သော စိတ်​နှ​လုံး​မူ​ကား၊ အ​စဉ်​အ​မြဲ ခံ​ရ​သော​ပွဲ​ဖြစ်၏။ နှောင့်​ယှက်​ခြင်း​နှင့်​ယှဉ်၍ ကြီး​စွာ​သော​စည်း​စိမ်​ထက် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​နှင့်​ယှဉ်​သော ဥ​စ္စာ​အ​နည်း​ငယ်​သည် သာ၍​ကောင်း၏။ ဆူ​အောင်​ကျွေး​သော နွား​တစ်​ကောင်​လုံး​ကို အ​ချင်း​ချင်း​အ​ငြိုး​ထား​သော​စိတ်​နှင့် စား​ရ​သည်​ထက်၊ ချစ်​ခြင်း​မေ​တ္တာ​ပါ​သော ဟင်း​ရွက်​တစ်​နပ်​စာ​သည် သာ၍​ကောင်း၏။ မာ​န​ကြီး​သော​သူ​သည် ရန်​ကို​နှိုး​ဆော်​တတ်၏။ သည်း​ခံ​နိုင်​သော​သူ​မူ​ကား ငြိမ်း​တတ်၏။ ပျင်း​ရိ​သော​သူ သွား​ရာ​လမ်း၌ ဆူး​ပင်​ဆီး​ကာ​လျက်​ရှိ၏။ ဖြောင့်​မတ်​သော​သူ သွား​ရာ​လမ်း​မူ​ကား၊ မို့​မောက်​လျက်​ရှိ၏။ ပ​ညာ​ရှိ​သော​သား​သည် အ​ဘ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ဖြစ်၏။ မိုက်​သော​သား​မူ​ကား၊ မိ​မိ​အ​မိ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ ဉာဏ်​မ​ရှိ​သော​သူ​သည် မိုက်​ခြင်း၌ ပျော်​မွေ့​တတ်၏။ ဉာဏ်​ရှိ​သော​သူ​မူ​ကား၊ ဖြောင့်​မတ်​သော​အ​ကျင့်​ကို ကျင့်​တတ်၏။ တိုင်​ပင်​ခြင်း​မ​ရှိ​လျှင် အ​ကြံ​ပျက်​တတ်၏။ တိုင်​ပင်​သော​သူ​များ​လျှင်​မူ​ကား၊ အ​ကြံ​တည်​တတ်၏။ လူ​သည် ပြန်​ပြော​သော​စ​ကား​အား​ဖြင့် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ရှိ၏။ အ​ချိန်​တန်၍ ပြော​သော​စ​ကား​သည်​လည်း အ​လွန်​လျောက်​ပတ်​ပေ၏။ ပ​ညာ​ရှိ​သော​သူ​လိုက်​ရာ အ​သက်​လမ်း​သည် အောက်​အ​ရပ်၊ မ​ရ​ဏ​နိုင်​ငံ​မှ လွှဲ​ရှောင်၍၊ အ​ထက်​သို့ ပို့​ဆောင်​တတ်၏။ မာ​န​ထောင်​လွှား​သော​သူ၏​အိမ်​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​မည်။ မု​ဆိုး​မ​နေ​ရာ အ​ရပ်​ကို​ကား၊ တည်​စေ​တော်​မူ​မည်။ မ​တ​ရား​သော​သူ၏ အ​ကြံ​အ​စည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ စင်​ကြယ်​သော​သူ၏ စ​ကား​တို့​ကို​ကား၊ နှစ်​သက်​တော်​မူ၏။ မ​တ​ရား​သော စီး​ပွား​ကို​ရှာ​သော​သူ​သည် မိ​မိ​အိမ်​သား​တို့​ကို နှောင့်​ယှက်​တတ်၏။ တံ​စိုး​ကို​ရွံ​သော​သူ​မူ​ကား အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို စိတ်​နှ​လုံး​ထဲ​မှာ ဆင်​ခြင်​တတ်၏။ မ​တ​ရား​သော​သူ၏​နှုတ်​မူ​ကား၊ မ​ကောင်း​သော​အ​ရာ​တို့​ကို သွန်း​လောင်း​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သော​သူ​တို့​နှင့် ဝေး​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ၏​ပ​တ္ထ​နာ​စ​ကား​ကို​ကား နား​ထောင်​တော်​မူ၏။ မျက်​စိ​အ​လင်း​သည် နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ကောင်း​သော​သ​တင်း​စ​ကား​သည်​လည်း၊ အ​ရိုး​တို့​ကို ခြင်​ဆီ​နှင့် ပြည့်​ဝ​စေ​တတ်၏။ အ​သက်​နှင့်​ယှဉ်​သော​ဆုံး​မ​ခြင်း​စ​ကား​ကို နား​ထောင်​သော​သူ​သည် ပ​ညာ​ရှိ​တို့​နှင့် ပေါင်း​ဖော်​ရ​သော​အ​ခွင့်​ရှိ၏။ ဆုံး​မ​ခြင်း​စ​ကား​ကို​ပယ်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို မ​ထီ​မဲ့​မြင်​ပြု​ရာ​သို့ ရောက်၏။ နား​ထောင်​သော​သူ​မူ​ကား၊ ဉာဏ်​ကို​ရ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ​ကို​သွန်​သင်​ခြင်း​ဖြစ်၏။ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။

သုတ္တံ 15:1-33 Common Language Bible (BCL)

ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။ ပညာရှိသော သူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။ ထာဝရဘုရား၏မျက်စိတော်သည် ခပ်သိမ်း သောအရပ်၌ရှိ၍၊ ကောင်းမကောင်းကို ကြည့်ရှုတော်မူ ၏။ ဖြည်းညှင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသော လျှာမူကား စိတ်နာစေတတ်၏။ မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့ မြင်ပြုတတ်၏။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ သမ္မာသတိနှင့်ပြည့်စုံတတ်၏။ ဖြောင့်မတ်သောသူ၏ အိမ်၌များစွာသော စည်းစိမ်ရှိ၏။ မတရားသော သူခံရသောအခွန်မူကား၊ များစွာသော နှောင့်ရှက်ခြင်းနှင့်ယှဉ်၏။ ပညာရှိသော သူ၏နှုတ်ခမ်းတို့သည် ပညာ အတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။ မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။ မတရားသော သူလိုက်သောလမ်းကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်း တရား လမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။ လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို။ သို့သော်လည်း၊ အပြစ်တင်ခြင်းကို မုန်းသော သူသည် သေရမည်။ မရဏာနိုင်ငံနှင့်အဗဒ္ဒုန်နိုင်ငံသည် ထာဝရ ဘုရားရှေ့တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူသားတို့၏ နှလုံးသည် သာ၍ထင်ရှား၏။ မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြသောသူကို မချစ်တတ်။ ပညာရှိထံသို့ မချဉ်းကပ်တတ်။ ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက် တတ်၏။ ဥာဏ်ကောင်းသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်ခြင်းကို ကျက်စားတတ်၏။ ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသောစိတ်နှလုံးမူကား၊ အစဉ် အမြဲခံရသောပွဲဖြစ်၏။ နှောင့်ရှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသော စည်းစိမ် ထက် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် ယှဉ်သောဥစ္စာ အနည်းငယ်သည် သာ၍ကောင်း၏။ ဆူအောင်ကျွေးသော နွားတကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တနပ် စာသည်သာ၍ ကောင်း၏။ မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သော သူမူကားငြိမ်းတတ်၏။ ပျင်းရိသောသူသွားရာ လမ်း၌ဆူးပင်ဆီးကာ လျက် ရှိ၏။ ဖြောင့်မတ်သောသူ သွားရာလမ်းမူကား၊ မို့မောက်လျက်ရှိ၏။ ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်း အကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။ ဥာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့ တတ်၏။ ဥာဏ်ရှိသော သူမူကား၊ ဖြောင့်မတ်သော အကျင့် ကို ကျင့်တတ်၏။ တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင် ပင်သော သူများလျှင်မူကား၊ အကြံတည်တတ်၏။ လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်း မြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသော စကားသည်လည်း အလွန်လျောက်ပတ်ပေ၏။ ပညာရှိသော သူလိုက်ရာ အသက်လမ်းသည် အောက်အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍၊ အထက်သို့ ပို့ဆောင်တတ်၏။ မာနထောင်လွှားသော သူ၏အိမ်ကို ထာဝရ ဘုရားဖျက်ဆီးတော်မူမည်။ မုတ်ဆိုးမနေရာ အရပ်ကို ကား၊ တည်စေတော်မူမည်။ မတရားသောသူ၏ အကြံအစည်တို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ စင်ကြယ်သောသူ၏ စကားတို့ကိုကား၊ နှစ်သက်တော်မူ၏။ မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ်၏။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည်။ ဖြောင့်မတ်သော သူသည်အဘယ်သို့ ပြန်ပြော ရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသော သူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကို သွန်း လောင်းတတ်၏။ ထာဝရဘုရားသည် မတရားသော သူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ပဌနာစကားကို ကား နားထောင်တော်မူ၏။ မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ် ၏။ ကောင်းသော သိတင်းစကားသည်လည်း၊ အရိုးတို့ကို ခြင်ဆီနှင့်ပြည့်ဝစေတတ်၏။ အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကို နား ထောင်သောသူသည် ပညာရှိတို့နှင့် ပေါင်းဘော်ရသော အခွင့်ရှိ၏။ ဆုံးမခြင်းစကားကို ပယ်သောသူသည် မိမိ အသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက်၏။ နား ထောင်သော သူမူကား၊ ဥာဏ်ကိုရတတ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။

သုတ္တံ 15:1-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညင်သာ​စွာ​ဖြေကြား​သော​စကား​သည် အမျက်ဒေါသ​ကို​ပြေ​စေ​တတ်​၏​။ ကြမ်းတမ်း​သော​စကား​မူကား အမျက်​ကို​လှုံ့ဆော်​တတ်​၏​။ ပညာရှိ​သော​သူ​တို့​၏​လျှာ​သည် အသိပညာ​ကို​ထုတ်ဖော်​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မူကား မိုက်မဲ​ခြင်း​ကို​သွန်ထုတ်​တတ်​၏​။ ထာဝရဘုရား​၏​မျက်စိ​တော်​သည် နေရာ​တိုင်း​၌​ရှိ​၍ မကောင်းမှု​ပြု​သော​သူ​တို့​နှင့် သူတော်ကောင်း​တို့​ကို စောင့်ကြည့်​နေ​တော်မူ​၏​။ ညင်သာ​သော​လျှာ​သည် အသက်​ပင်​သဖွယ်​ဖြစ်​၏​။ ကောက်ကျစ်စဉ်းလဲ​သော​လျှာ​မူကား စိတ်​ကို​ကြေကွဲ​စေ​တတ်​၏​။ ဆိုးမိုက်​သော​သူ​သည် မိမိ​ဖခင်​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို မထီလေးစား​ပြု​တတ်​၏​။ ဆိုဆုံးမစကား​ကို​စောင့်ထိန်း​သော​သူ​မူကား နှိုင်းချင့်မျှော်ခေါ်​တတ်​၏​။ ဖြောင့်မတ်​သော​သူ​၏​အိမ်​၌ စည်းစိမ်​များစွာ​ရှိ​၏​။ ဆိုးယုတ်​သော​သူ​၏​အမြတ်အစွန်း​မူကား ဒုက္ခပေး​တတ်​၏​။ ပညာရှိ​သော​သူ​တို့​၏​နှုတ်ခမ်း​သည် အသိပညာ​ကို​ပြန့်ပွား​စေ​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​စိတ်နှလုံး​မူကား ထိုသို့​မ​ဟုတ်​ပေ​။ ဆိုးယုတ်​သော​သူ​တို့​၏​ယဇ်ကောင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​၏​လမ်း​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မတ်​ခြင်း​ကို​လက်ကိုင်ပြု​သော​သူ​ကို​ကား ကိုယ်တော်​ချစ်​တော်မူ​၏​။ လမ်း​မှန်​ကို​စွန့်ပယ်​သော​သူ​အတွက် ပြင်းထန်​သော​ဆုံးမပဲ့ပြင်​ခြင်း​ရှိ​၏​။ ဆိုဆုံးမစကား​ကို​မုန်း​သော​သူ​သည် သေ​ရ​လိမ့်မည်​။ မရဏာနိုင်ငံ​နှင့် ပျက်စီး​ခြင်း​နိုင်ငံ​သည် ထာဝရဘုရား​၏​ရှေ့​တော်​၌ ထင်ရှား​လျက်​ရှိ​၏​။ ထို့ထက်မက လူသား​တို့​၏​စိတ်နှလုံး​သည် ပို၍ပင်​ထင်ရှား​လျက်​ရှိ​၏​။ ပြက်ရယ်​ပြု​တတ်​သော​သူ​သည် မိမိ​အား​ဆုံးမ​သော​သူ​ကို​ချစ်​လိမ့်မည်​မ​ဟုတ်​။ ပညာရှိ​သော​သူ​တို့​ထံသို့​လည်း သွား​လိမ့်မည်​မ​ဟုတ်​။ ဝမ်းမြောက်​သော​စိတ်နှလုံး​သည် မျက်နှာ​ကို​ရွှင်လန်း​စေ​တတ်​၏​။ သို့သော် ဝမ်းနည်းပူဆွေး​သော​စိတ်နှလုံး​ကြောင့် စိတ်​ထိခိုက်​နာကျင်​ရ​တတ်​၏​။ အသိဉာဏ်​ရှိ​သော​သူ​၏​စိတ်နှလုံး​သည် အသိပညာ​ကို​ရှာဖွေ​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မူကား မိုက်မဲ​ခြင်း​၌​ကျက်စား​တတ်​၏​။ အဖိနှိပ်​ခံရ​သော​သူ​၏​နေ့ရက်​ရှိသမျှ​တို့​သည် ဆိုးရွား​၏​။ ကြည်ရွှင်​သော​စိတ်နှလုံး​၌​မူကား အစဉ်မပြတ်​ကျင်းပ​သော​စားသောက်ပွဲ​ရှိ​၏​။ ဥစ္စာဘဏ္ဍာ​အနည်းငယ်​သာ​ရှိ​ပြီး ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် ဥစ္စာဘဏ္ဍာ​များစွာ​ရှိ​ပြီး ရှုပ်ထွေး​သော​ပြဿနာ​နှင့်​ကြုံ​ရ​ခြင်း​ထက် ပို၍​ကောင်း​၏​။ ချစ်ခြင်းမေတ္တာ​ရှိ​ရာ​အရပ်​၌ ဟင်းသီးဟင်းရွက်​ကို​စား​ရ​ခြင်း​သည် မုန်းတီး​ခြင်း​ရှိ​ရာ​အရပ်​၌ ဆူဖြိုး​သော​နွား​ကို​စား​ရ​ခြင်း​ထက် ပို၍​ကောင်း​၏​။ ဒေါသကြီး​သော​သူ​သည် အငြင်းပွားမှု​ဖြစ်ရန်​လှုံ့ဆော်​တတ်​၏​။ စိတ်ရှည်​သော​သူ​မူကား ခိုက်ရန်ဖြစ်ပွား​ခြင်း​ကို​ငြိမ်း​စေ​တတ်​၏​။ ပျင်းရိ​သော​သူ​၏​လမ်း​သည် ဆူး​စည်းရိုး​သဖွယ်​ဖြစ်​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​လမ်းခရီး​မူကား ပြန့်ပြူး​၏​။ ပညာရှိ​သော​သား​သည် ဖခင်​ကို​ဝမ်းမြောက်​စေ​တတ်​၏​။ မိုက်မဲ​သော​သား​မူကား မိမိ​၏​မိခင်​ကို​မထီမဲ့မြင်ပြု​တတ်​၏​။ အသိစိတ်​မ​ရှိ​သော​သူ​သည် မိုက်မဲ​ခြင်း​၌​ဝမ်းမြောက်​တတ်​၏​။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​မူကား ဖြောင့်မှန်​စွာ​လျှောက်လှမ်း​တတ်​၏​။ ဆွေးနွေးတိုင်ပင်​ခြင်း​မ​ရှိ​လျှင် အကြံအစည်​များ​ပျက်​တတ်​၏​။ အကြံပေးသူ​များစွာ​ရှိ​လျှင်​မူကား အကြံအစည်​ထမြောက်​တတ်​၏​။ လူ​သည် မိမိ​နှုတ်​၏​တုံ့ပြန်​စကား​အားဖြင့် ဝမ်းမြောက်​ခြင်း​ကို​ခံစား​ရ​၏​။ သင့်လျော်​သော​အချိန်​၌ ပြောဆို​သော​စကား​သည်​လည်း ကောင်းမြတ်​လှ​ပေ​၏​။ အသက်ရှင်​ခြင်း​လမ်း​သည် ပညာသတိ​ရှိ​သော​သူ​ကို အထက်​အရပ်​သို့​ပို့ဆောင်​ပေး​၏​။ ထိုသို့​အားဖြင့် သူ​သည် အောက်​မရဏာနိုင်ငံ​မှ​ဖယ်ခွာ​နိုင်​မည်​ဖြစ်​၏​။ ထာဝရဘုရား​သည် မောက်မာ​သော​သူ​၏​အိမ်​ကို ဖြိုဖျက်​တော်မူ​လိမ့်မည်​။ မုဆိုးမ​၏​နယ်နိမိတ်​ကို​ကား တည်​စေ​တော်မူ​လိမ့်မည်​။ မကောင်းမှု​ပြု​သော​သူ​၏​အကြံအစည်​များ​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ သို့သော် နှစ်လို​ဖွယ်​စကား​တို့​သည် စင်ကြယ်​၏​။ မတရား​သော​အကျိုး​စီးပွား​ကို​တပ်မက်​သော​သူ​သည် မိမိ​အိမ်သူအိမ်သား​တို့​ကို ဒုက္ခပေး​တတ်​၏​။ တံစိုးလက်ဆောင်​ကို​မုန်း​သော​သူ​မူကား အသက်ရှင်​ရ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​၏​စိတ်နှလုံး​သည် မည်သို့​ဖြေကြား​ရ​မည်​ကို တွေးဆ​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​နှုတ်​မူကား မကောင်း​သော​အရာ​များ​ကို သွန်ထုတ်​တတ်​၏​။ ထာဝရဘုရား​သည် ဆိုးယုတ်​သော​သူ​တို့​နှင့် ဝေးကွာ​တော်မူ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား နားညောင်း​တော်မူ​၏​။ မျက်စိ​အလင်း​သည် စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​တတ်​၏​။ ကောင်း​သော​သတင်းစကား​သည်​လည်း အရိုး​ကို​ကျန်းမာ​စေ​တတ်​၏​။ အသက်ရှင်​ခြင်း​နှင့်ဆိုင်သော​ဆိုဆုံးမစကား​ကို နားထောင်​သော​သူ​သည် ပညာရှိ​သော​သူ​တို့​အလယ်​၌ နေ​ရ​လိမ့်မည်​။ ဆုံးမပဲ့ပြင်​ခြင်း​ကို​လျစ်လျူရှု​သော​သူ​သည် ကိုယ့်ကိုယ်ကိုယ်​အလေးမထား​တတ်​။ ဆိုဆုံးမစကား​ကို​နားထောင်​သော​သူ​မူကား အသိဉာဏ်​ကို​ရ​တတ်​၏​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​နှင့်ဆိုင်သော​ဆုံးမပဲ့ပြင်​ခြင်း​ဖြစ်​၏​။ ဂုဏ်သရေ​၏​ရှေ့ပြေး​ကား စိတ်နှိမ့်ချ​ခြင်း​ဖြစ်​၏​။