YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 15:1-17

သုတ္တံ 15:1-17 Judson Bible (JBMLE)

ဖြည်း​ညင်း​သော စ​ကား​သည် စိတ်​ကို​ဖြေ​တတ်၏။ ကြမ်း​တမ်း​သော​စ​ကား​မူ​ကား၊ အ​မျက်​ကို နှိုး​ဆော်​တတ်၏။ ပ​ညာ​ရှိ​သော​သူ၏​လျှာ​သည် ပ​ညာ​အ​တတ်​ကို တင့်​တယ်​စေ​တတ်၏။ မိုက်​သော​သူ​တို့၏​နှုတ်​မူ​ကား၊ မိုက်​သော​အ​ရာ​ကို သွန်း​လောင်း​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​သည် ခပ်​သိမ်း​သော​အ​ရပ်၌​ရှိ၍၊ ကောင်း​မ​ကောင်း​ကို ကြည့်​ရှု​တော်​မူ၏။ ဖြည်း​ညင်း​သော​လျှာ​သည် အ​သက်​ဖြစ်၏။ ကြမ်း​တမ်း​သော​လျှာ​မူ​ကား စိတ်​နာ​စေ​တတ်၏။ မိုက်​သော​သူ​သည် အ​ဘ​သွန်​သင်​ခြင်း​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား၊ သ​မ္မာ​သ​တိ​နှင့်​ပြည့်​စုံ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​အိမ်၌ များ​စွာ​သော စည်း​စိမ်​ရှိ၏။ မ​တ​ရား​သော​သူ​ခံ​ရ​သော​အ​ခွန်​မူ​ကား၊ များ​စွာ​သော နှောင့်​ယှက်​ခြင်း​နှင့်​ယှဉ်၏။ ပ​ညာ​ရှိ​သော​သူ၏​နှုတ်​ခမ်း​တို့​သည် ပ​ညာ​အ​တတ်​ကို စွန့်​ကြဲ​တတ်၏။ မိုက်​သော​သူ၏ နှ​လုံး​မူ​ကား ပ​ညာ​မ​ရှိ။ မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။ မ​တ​ရား​သော​သူ​လိုက်​သော​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း​သို့ လိုက်​သော​သူ​ကို​ကား ချစ်​တော်​မူ၏။ လမ်း​လွှဲ​သော​သူ​သည် ဆုံး​မ​သော​စ​ကား​ကို နား​မ​ခံ​လို။ သို့​သော်​လည်း၊ အ​ပြစ်​တင်​ခြင်း​ကို​မုန်း​သော​သူ​သည် သေ​ရ​မည်။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ဗ​ဒ္ဒုန်​နိုင်​ငံ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထင်​ရှား၏။ ထို​မျှ​မ​က၊ လူ​သား​တို့၏​နှ​လုံး​သည် သာ၍​ထင်​ရှား၏။ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ပြ​သော​သူ​ကို မ​ချစ်​တတ်။ ပ​ညာ​ရှိ​ထံ​သို့ မ​ချဉ်း​ကပ်​တတ်။ ရွှင်​လန်း​သော​စိတ်​နှ​လုံး​သည် ချို​သော​မျက်​နှာ​ကို ဖြစ်​စေ​တတ်၏။ ညှိုး​ငယ်​ခြင်း​အား​ဖြင့်​ကား၊ စိတ်​ပျက်​တတ်၏။ ဉာဏ်​ကောင်း​သော​သူ၏​စိတ်​နှ​လုံး​သည် ပ​ညာ​အ​တတ်​ကို ရှာ​တတ်၏။ မိုက်​သော​သူ​တို့၏​နှုတ်​မူ​ကား၊ မိုက်​ခြင်း​ကို ကျက်​စား​တတ်၏။ ဆင်း​ရဲ​ငြို​ငြင်​သော​သူ၏ နေ့​ရက်​ရှိ​သ​မျှ​တို့​သည် ဆိုး​ယုတ်​ကြ၏။ ရွှင်​လန်း​သော စိတ်​နှ​လုံး​မူ​ကား၊ အ​စဉ်​အ​မြဲ ခံ​ရ​သော​ပွဲ​ဖြစ်၏။ နှောင့်​ယှက်​ခြင်း​နှင့်​ယှဉ်၍ ကြီး​စွာ​သော​စည်း​စိမ်​ထက် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​နှင့်​ယှဉ်​သော ဥ​စ္စာ​အ​နည်း​ငယ်​သည် သာ၍​ကောင်း၏။ ဆူ​အောင်​ကျွေး​သော နွား​တစ်​ကောင်​လုံး​ကို အ​ချင်း​ချင်း​အ​ငြိုး​ထား​သော​စိတ်​နှင့် စား​ရ​သည်​ထက်၊ ချစ်​ခြင်း​မေ​တ္တာ​ပါ​သော ဟင်း​ရွက်​တစ်​နပ်​စာ​သည် သာ၍​ကောင်း၏။

သုတ္တံ 15:1-17 Common Language Bible (BCL)

ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။ ပညာရှိသော သူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။ ထာဝရဘုရား၏မျက်စိတော်သည် ခပ်သိမ်း သောအရပ်၌ရှိ၍၊ ကောင်းမကောင်းကို ကြည့်ရှုတော်မူ ၏။ ဖြည်းညှင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသော လျှာမူကား စိတ်နာစေတတ်၏။ မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့ မြင်ပြုတတ်၏။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ သမ္မာသတိနှင့်ပြည့်စုံတတ်၏။ ဖြောင့်မတ်သောသူ၏ အိမ်၌များစွာသော စည်းစိမ်ရှိ၏။ မတရားသော သူခံရသောအခွန်မူကား၊ များစွာသော နှောင့်ရှက်ခြင်းနှင့်ယှဉ်၏။ ပညာရှိသော သူ၏နှုတ်ခမ်းတို့သည် ပညာ အတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။ မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။ မတရားသော သူလိုက်သောလမ်းကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်း တရား လမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။ လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို။ သို့သော်လည်း၊ အပြစ်တင်ခြင်းကို မုန်းသော သူသည် သေရမည်။ မရဏာနိုင်ငံနှင့်အဗဒ္ဒုန်နိုင်ငံသည် ထာဝရ ဘုရားရှေ့တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူသားတို့၏ နှလုံးသည် သာ၍ထင်ရှား၏။ မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြသောသူကို မချစ်တတ်။ ပညာရှိထံသို့ မချဉ်းကပ်တတ်။ ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက် တတ်၏။ ဥာဏ်ကောင်းသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်ခြင်းကို ကျက်စားတတ်၏။ ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသောစိတ်နှလုံးမူကား၊ အစဉ် အမြဲခံရသောပွဲဖြစ်၏။ နှောင့်ရှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသော စည်းစိမ် ထက် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် ယှဉ်သောဥစ္စာ အနည်းငယ်သည် သာ၍ကောင်း၏။ ဆူအောင်ကျွေးသော နွားတကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တနပ် စာသည်သာ၍ ကောင်း၏။

သုတ္တံ 15:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညင်သာ​စွာ​ဖြေကြား​သော​စကား​သည် အမျက်ဒေါသ​ကို​ပြေ​စေ​တတ်​၏​။ ကြမ်းတမ်း​သော​စကား​မူကား အမျက်​ကို​လှုံ့ဆော်​တတ်​၏​။ ပညာရှိ​သော​သူ​တို့​၏​လျှာ​သည် အသိပညာ​ကို​ထုတ်ဖော်​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မူကား မိုက်မဲ​ခြင်း​ကို​သွန်ထုတ်​တတ်​၏​။ ထာဝရဘုရား​၏​မျက်စိ​တော်​သည် နေရာ​တိုင်း​၌​ရှိ​၍ မကောင်းမှု​ပြု​သော​သူ​တို့​နှင့် သူတော်ကောင်း​တို့​ကို စောင့်ကြည့်​နေ​တော်မူ​၏​။ ညင်သာ​သော​လျှာ​သည် အသက်​ပင်​သဖွယ်​ဖြစ်​၏​။ ကောက်ကျစ်စဉ်းလဲ​သော​လျှာ​မူကား စိတ်​ကို​ကြေကွဲ​စေ​တတ်​၏​။ ဆိုးမိုက်​သော​သူ​သည် မိမိ​ဖခင်​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို မထီလေးစား​ပြု​တတ်​၏​။ ဆိုဆုံးမစကား​ကို​စောင့်ထိန်း​သော​သူ​မူကား နှိုင်းချင့်မျှော်ခေါ်​တတ်​၏​။ ဖြောင့်မတ်​သော​သူ​၏​အိမ်​၌ စည်းစိမ်​များစွာ​ရှိ​၏​။ ဆိုးယုတ်​သော​သူ​၏​အမြတ်အစွန်း​မူကား ဒုက္ခပေး​တတ်​၏​။ ပညာရှိ​သော​သူ​တို့​၏​နှုတ်ခမ်း​သည် အသိပညာ​ကို​ပြန့်ပွား​စေ​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​စိတ်နှလုံး​မူကား ထိုသို့​မ​ဟုတ်​ပေ​။ ဆိုးယုတ်​သော​သူ​တို့​၏​ယဇ်ကောင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​၏​လမ်း​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မတ်​ခြင်း​ကို​လက်ကိုင်ပြု​သော​သူ​ကို​ကား ကိုယ်တော်​ချစ်​တော်မူ​၏​။ လမ်း​မှန်​ကို​စွန့်ပယ်​သော​သူ​အတွက် ပြင်းထန်​သော​ဆုံးမပဲ့ပြင်​ခြင်း​ရှိ​၏​။ ဆိုဆုံးမစကား​ကို​မုန်း​သော​သူ​သည် သေ​ရ​လိမ့်မည်​။ မရဏာနိုင်ငံ​နှင့် ပျက်စီး​ခြင်း​နိုင်ငံ​သည် ထာဝရဘုရား​၏​ရှေ့​တော်​၌ ထင်ရှား​လျက်​ရှိ​၏​။ ထို့ထက်မက လူသား​တို့​၏​စိတ်နှလုံး​သည် ပို၍ပင်​ထင်ရှား​လျက်​ရှိ​၏​။ ပြက်ရယ်​ပြု​တတ်​သော​သူ​သည် မိမိ​အား​ဆုံးမ​သော​သူ​ကို​ချစ်​လိမ့်မည်​မ​ဟုတ်​။ ပညာရှိ​သော​သူ​တို့​ထံသို့​လည်း သွား​လိမ့်မည်​မ​ဟုတ်​။ ဝမ်းမြောက်​သော​စိတ်နှလုံး​သည် မျက်နှာ​ကို​ရွှင်လန်း​စေ​တတ်​၏​။ သို့သော် ဝမ်းနည်းပူဆွေး​သော​စိတ်နှလုံး​ကြောင့် စိတ်​ထိခိုက်​နာကျင်​ရ​တတ်​၏​။ အသိဉာဏ်​ရှိ​သော​သူ​၏​စိတ်နှလုံး​သည် အသိပညာ​ကို​ရှာဖွေ​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မူကား မိုက်မဲ​ခြင်း​၌​ကျက်စား​တတ်​၏​။ အဖိနှိပ်​ခံရ​သော​သူ​၏​နေ့ရက်​ရှိသမျှ​တို့​သည် ဆိုးရွား​၏​။ ကြည်ရွှင်​သော​စိတ်နှလုံး​၌​မူကား အစဉ်မပြတ်​ကျင်းပ​သော​စားသောက်ပွဲ​ရှိ​၏​။ ဥစ္စာဘဏ္ဍာ​အနည်းငယ်​သာ​ရှိ​ပြီး ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် ဥစ္စာဘဏ္ဍာ​များစွာ​ရှိ​ပြီး ရှုပ်ထွေး​သော​ပြဿနာ​နှင့်​ကြုံ​ရ​ခြင်း​ထက် ပို၍​ကောင်း​၏​။ ချစ်ခြင်းမေတ္တာ​ရှိ​ရာ​အရပ်​၌ ဟင်းသီးဟင်းရွက်​ကို​စား​ရ​ခြင်း​သည် မုန်းတီး​ခြင်း​ရှိ​ရာ​အရပ်​၌ ဆူဖြိုး​သော​နွား​ကို​စား​ရ​ခြင်း​ထက် ပို၍​ကောင်း​၏​။