YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 14:1-18

သုတ္တံ 14:1-18 Judson Bible (JBMLE)

ပ​ညာ​ရှိ​သော​မိန်း​မ​သည် မိ​မိ​အိမ်​ကို တည်​ဆောက်​တတ်၏။ မိုက်​သော​မိန်း​မ​မူ​ကား၊ ကိုယ်​လက်​နှင့် ဖြို​ဖျက်​တတ်၏။ ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​တတ်၏။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ မိုက်​သော​သူ၏​နှုတ်၌ မာ​န​ကြိမ်​လုံး​ရှိ၏။ ပ​ညာ​ရှိ​သော​သူ၏​နှုတ်​ခမ်း​တို့​သည် ကယ်​တင်​သော​အ​မှု​ကို ပြု​တတ်၏။ နွား​ထီး​မ​ရှိ​သော တင်း​ကုပ်​သည် စင်​ကြယ်၏။ သို့​သော်​လည်း၊ နွား​ခွန်​အား​ကို​သုံး၍ များ​သော​စီး​ပွား​ကို​ရ​တတ်၏။ သ​စ္စာ​ရှိ​သော​သက်​သေ​သည် မု​သား​မ​သုံး​တတ်။ သ​စ္စာ​ပျက်​သော​သက်​သေ​မူ​ကား၊ မု​သား​ကို​သုံး​တတ်၏။ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် ပ​ညာ​ကို​ရှာ၍​မ​တွေ့​ရာ။ ဉာဏ်​ရှိ​သော​သူ​မူ​ကား၊ ပ​ညာ​အ​တတ်​ကို ရ​လွယ်၏။ မိုက်​သော​သူ​နှင့်​တွေ့၍ သူ၏​နှုတ်၌ ပ​ညာ​အ​တတ်​မ​ရှိ​သည်​ကို သိ​မြင်​လျှင်၊ ထို​သူ​ကို ရှောင်​သွား​လော့။ ပ​ညာ​သ​တိ​ရှိ​သော သူ၏​ပ​ညာ​ကား၊ ကိုယ်​သွား​ရ​သော​လမ်း​ကို သိ​ခြင်း​တည်း။ မိုက်​သော​သူ၏​မိုက်​ခြင်း​မူ​ကား၊ ပ​ရိ​ယာယ်​တည်း။ မိုက်​သော​သူ​တို့​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို မ​ထီ​လေး​စား​ပြု​ကြ၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ တစ်​ယောက်​ကို​တစ်​ယောက် ကျေး​ဇူး​ပြု​ကြ၏။ စိတ်​နှ​လုံး​သည် မိ​မိ​ဒု​က္ခ​ကို​သိ၏။ စိတ်​နှ​လုံး​ရွှင်​လန်း​ခြင်း​အ​ကြောင်း​ကို​လည်း သူ​တစ်​ပါး မ​ဆိုင်​တတ်။ မ​တ​ရား​သော​သူ၏​အိမ်​သည် ပြို​လဲ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​တဲ​မူ​ကား၊ ပွင့်​လန်း​တတ်၏။ လူ​ထင်​သည်​အ​တိုင်း မှန်​သော​လ​က္ခ​ဏာ​ရှိ​သော်​လည်း၊ အ​ဆုံး၌ သေ​ခြင်း​သို့​ပို့​သော​လမ်း​တစ်​မျိုး​ရှိ၏။ လူ​သည် ရယ်​စဉ်​အ​ခါ​ပင်၊ ဝမ်း​နည်း​သော စိတ်​သ​ဘော​ရှိ၏။ ထို​ရယ်​မော​ရွှင်​လန်း​ခြင်း အ​ဆုံး၌​လည်း ညှိုး​ငယ်​ခြင်း​ရှိ​တတ်၏။ စိတ်​နှ​လုံး​ဖောက်​ပြန်​သော​သူ​ဖြစ်​စေ၊ သူ​တော်​ကောင်း​ဖြစ်​စေ၊ မိ​မိ​အ​ကျင့်​တို့​နှင့် ဝ​လိမ့်​မည်။ ဉာဏ်​တိမ်​သော​သူ​သည် သူ​တစ်​ပါး​ပြော​သ​မျှ​ကို ယုံ​တတ်၏။ ပ​ညာ​သ​တိ​ရှိ​သော​သူ​မူ​ကား၊ မိ​မိ​သွား​ရာ​လမ်း​ကို စေ့​စေ့ ကြည့်​ရှု​တတ်၏။ ပ​ညာ​ရှိ​သော​သူ​သည် ကြောက်၍ ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။ မိုက်​သော​သူ​မူ​ကား မာ​န​ကြီး၍ ရဲ​ရင့်​တတ်၏။ စိတ်​တို​သော​သူ​သည် မိုက်​စွာ​သော​အ​မှု​ကို ပြု​တတ်၏။ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​သော​သူ​ကို​လည်း သူ​တစ်​ပါး မုန်း​လိမ့်​မည်။ ဉာဏ်​တိမ်​သော​သူ​သည် မိုက်​ခြင်း​ကို အ​မွေ​ခံ​တတ်၏။ ပ​ညာ​သ​တိ​ရှိ​သော​သူ​မူ​ကား၊ သိ​ပ္ပံ​သ​ရ​ဖူ​ကို ဆောင်း​တတ်၏။

သုတ္တံ 14:1-18 Common Language Bible (BCL)

ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည် ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။ ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရ ဘုရားကို ကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။ မိုက်သောသူ၏ နှုတ်၌မာနကြိမ်လုံးရှိ၏။ ပညာ ရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။ နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကို ရတတ်၏။ သစ္စာရှိသောသက်သေသည် မုသာမသုံးတတ်။ သစ္စာပျက်သော သက်သေမူကား၊ မုသာကိုသုံးတတ်၏။ မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ၍ မတွေ့ရာ။ ဥာဏ်ရှိသောသူမူကား၊ ပညာအတတ်ကို ရလွယ်၏။ မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာ အတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွား လော့။ ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။ မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ တယောက်ကိုတယောက် ကျေးဇူးပြုကြ၏။ စိတ်နှလုံးသည် မိမိဒုက္ခကို သိ၏။ စိတ်နှလုံး ရွှင်လန်းခြင်း အကြောင်းကိုလည်း သူတပါးမဆိုင်တတ်။ မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သော သူ၏တဲမူကား၊ ပွင့်လန်းတတ်၏။ လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ၏။ လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ် သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်းအဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။ စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ၊ သူတော် ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။ ဥာဏ်တိမ်သော သူသည်သူတပါး ပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာ လမ်းကို စေ့စေ့ကြည့်ရှုတတ်၏။ ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့် တတ်၏။ စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည်။ ဥာဏ်တိမ်သော သူသည်မိုက်ခြင်းကို အမွေခံ တတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။

သုတ္တံ 14:1-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပညာရှိ​သော​မိန်းမ​သည် မိမိ​အိမ်​ကို​တည်ဆောက်​တတ်​၏​။ မိုက်မဲ​သော​မိန်းမ​မူကား ၎င်း​ကို မိမိ​လက်​ဖြင့် ဖြိုဖျက်​တတ်​၏​။ ဖြောင့်မှန်​စွာ​လျှောက်လှမ်း​သော​သူ​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​တတ်​၏​။ သွေဖည်​လွဲမှား​သော​လမ်း​တို့​ကို​လိုက်​သော​သူ​မူကား ကိုယ်တော်​ကို​မထီမဲ့မြင်ပြု​တတ်​၏​။ ဆိုးမိုက်​သော​သူ​၏​နှုတ်​တွင် မာန်မာန​အတက်​ပေါက်​လျက်​ရှိ​၏​။ ပညာရှိ​သော​သူ​တို့​၏​နှုတ်ခမ်း​မူကား သူ​တို့​ကို​စောင့်ရှောက်​လိမ့်မည်​။ နွား​မ​ရှိ​လျှင် တင်းကုပ်​သည် သန့်ရှင်း​၏​။ သို့သော် နွား​၏​ခွန်အား​ဖြင့် များစွာ​သော​အသီးအနှံ​တို့​ကို​ရရှိ​၏​။ သစ္စာရှိ​သော​သက်သေ​သည် လိမ်လည်​ခြင်း​မ​ပြု​။ မုသား​သက်သေ​မူကား လိမ်လည်​ထွက်ဆို​တတ်​၏​။ ပြက်ရယ်​ပြု​တတ်​သော​သူ​သည် ဉာဏ်ပညာ​ကို​ရှာဖွေ​သော်လည်း မ​တွေ့​ပေ​။ အသိဉာဏ်​ရှိ​သော​သူ​မူကား အသိပညာ​ကို​ရ​လွယ်​၏​။ မိုက်မဲ​သော​သူ​၏​ရှေ့မှောက်​မှ ထွက်သွား​လော့​။ အကြောင်းမူကား သူ့​ထံမှ အသိပညာ​စကား​ကို သင်​ရရှိ​မည်​မ​ဟုတ်​။ ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​၏​ဉာဏ်ပညာ​မှာ မိမိ​လမ်း​ကို​သိရှိနားလည်​ခြင်း​ဖြစ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​မိုက်မဲ​ခြင်း​မူကား လိမ်လည်လှည့်ဖြား​ခြင်း​ဖြစ်​၏​။ ဆိုးမိုက်​သော​သူ​တို့​သည် ဒုစရိုက်ဖြေရာယဇ်​ကို ပြက်ရယ်​ပြု​တတ်​ကြ​၏​။ ဖြောင့်မှန်​သော​သူ​တို့​ကြား​၌​ကား နှစ်သက်​လက်ခံ​ခြင်း​ရှိ​၏​။ စိတ်နှလုံး​သည် မိမိ​၏​နာကြည်း​ခြင်း​ကို မိမိ​သိ​၏​။ မိမိ​၏​ဝမ်းမြောက်​ခြင်း​ကို​လည်း အခြား​မည်သူ​က​မျှ ဝင်ရောက်​ခံစား​၍​မ​ရ​ပေ​။ ဆိုးယုတ်​သော​သူ​တို့​၏​အိမ်​သည် ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​။ ဖြောင့်မှန်​သော​သူ​တို့​၏​တဲ​မူကား ပွင့်လန်းဝေဆာ​လိမ့်မည်​။ လူ့​အမြင်​၌ မှန်​သော​လမ်း​ဖြစ်​သော်လည်း အဆုံး​၌ သေ​ခြင်း​သို့​ရောက်​စေ​သော​လမ်း​ရှိ​၏​။ ရယ်မော​လျက်​နေ​စဉ်ပင် စိတ်နှလုံး​သည် နာကျင်​နေ​တတ်​၏​။ ဝမ်းမြောက်​ခြင်း​၏​အဆုံး​၌​လည်း ပူဆွေးခြင်း​ရှိ​တတ်​၏​။ စိတ်သဘော​ဖောက်ပြန်​သော​သူ​သည် မိမိ​ပြုမူကျင့်ကြံ​သော​အမှုအရာ​များ​နှင့် ဝအီ​လိမ့်မည်​။ သူတော်ကောင်း​မူကား မိမိ​ပြုမူကျင့်ကြံ​သော​အမှုအရာ​များ​နှင့် ပြည့်စုံကြွယ်ဝ​လိမ့်မည်​။ အသိဉာဏ်​နည်းပါး​သော​သူ​သည် အရာ​အားလုံး​ကို​ယုံ​တတ်​၏​။ ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​မူကား မိမိ​၏​ခြေလှမ်း​ကို ဆင်ခြင်သုံးသပ်​တတ်​၏​။ ပညာရှိ​သော​သူ​သည် ကြောက်ရွံ့​၍ မကောင်းမှု​မှ​ဖယ်ခွာ​တတ်​၏​။ မိုက်မဲ​သော​သူ​မူကား ချုပ်တည်း​မှု​ကင်းမဲ့​၍ အတင့်ရဲ​တတ်​၏​။ စိတ်တို​သော​သူ​သည် မိုက်မဲ​သော​အမှု​ကို​ပြု​တတ်​၏​။ ကောက်ကျစ်​သော​ဉာဏ်​ရှိ​သော​သူ​သည်​လည်း အမုန်းခံရ​လိမ့်မည်​။ အသိဉာဏ်​နည်းပါး​သော​သူ​တို့​သည် မိုက်မဲမှု​ကို​အမွေဆက်ခံ​ရ​ကြ​၏​။ ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​တို့​မူကား အသိပညာ​သရဖူ​ကို​ဆောင်း​ရ​ကြ​၏​။