YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 11:1-11

သုတ္တံ 11:1-11 Judson Bible (JBMLE)

မ​မှန်​သော​ချိန်​ခွင်​သည် ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​ဖွယ်၊ မှန်​သော​အ​လေး​မူ​ကား၊ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။ မာ​န​ထောင်​လွှား​သော​အ​ခါ အ​ရှက်​ကွဲ​ခြင်း​ဖြစ်​တတ်၏။ စိတ်​နှိမ့်​ချ​သော​သူ​တို့၌​ကား ပ​ညာ​ရှိ၏။ ဖြောင့်​သော​သ​ဘော​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ ကောက်​သော​သ​ဘော​မူ​ကား၊ လွန်​ကျူး​သော​သူ​တို့​ကို ဖျက်​ဆီး​တတ်၏။ အ​မျက်​ဒေါ​သ​ထွက်​သော​ကာ​လ၌ စည်း​စိမ်​ဥ​စ္စာ​သည် အ​ကျိုး​မ​ပေး​နိုင်။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​မူ​ကား၊ သေ​ခြင်း​မှ ကယ်​တင်​တတ်၏။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် စုံ​လင်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ မိ​မိ​မ​တ​ရား​သော​အ​မှု​အား​ဖြင့် ဆုံး​ရှုံး​တတ်၏။ ဖြောင့်​မတ်​သော​သူ​တို့၏ ဖြောင့်​မတ်​သော​သ​ဘော​သည် သူ​တို့​ကို ကယ်​တင်​တတ်၏။ လွန်​ကျူး​သော​သူ​တို့​မူ​ကား၊ မိ​မိ​တို့​အ​ဓ​မ္မ၌ ကျော့​မိ​တတ်​ကြ၏။ ဆိုး​သော​သူ​သည် သေ​သော​အ​ခါ မျှော်​လင့်​ခြင်း​ပျက်​တတ်၏။ မ​တ​ရား​သော​သူ၏ တောင့်​တ​ခြင်း​လည်း ပျက်​တတ်၏။ ဖြောင့်​မတ်​သော​သူ​သည် ဒု​က္ခ​ထဲ​က​ထွက်​မြောက်၍၊ သူ့​ကိုယ်​စား မ​တ​ရား​သော​သူ​ခံ​ရ၏။ အ​ဓ​မ္မ​လူ​သည် မိ​မိ​နှုတ်​ဖြင့် မိ​မိ​အိမ်​နီး​ချင်း​ကို​ဖျက်​တတ်၏။ တ​ရား​သော​သူ​မူ​ကား၊ ပ​ညာ​အ​တတ်​အား​ဖြင့် အ​မှု​လွတ်​တတ်၏။ တ​ရား​သော​သူ​သည် ကောင်း​စား​သော​အ​ခါ တစ်​မြို့​လုံး​ဝမ်း​မြောက်​ခြင်း​ရှိ၏။ မ​တ​ရား​သော​သူ​သည် ဆုံး​ရှုံး​သော​အ​ခါ​မူ​ကား၊ ကြွေး​ကြော်​ခြင်း​ရှိ၏။ တ​ရား​သော​သူ​သည် ကောင်း​ချီး​ပေး​သော​အား​ဖြင့် သူ၏​နေ​ရာ​မြို့​သည် ချီး​မြှောက်​ခြင်း​သို့​လည်း​ကောင်း၊ မ​တ​ရား​သော​သူ၏​နှုတ်​ဖြင့် ဖြို​ဖျက်​ခြင်း​သို့​လည်း​ကောင်း ရောက်​တတ်၏။

သုတ္တံ 11:1-11 Common Language Bible (BCL)

မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန်သောအလေးမူကား၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။ မာနထောင်လွှားသောအခါ အရှက်ကွဲခြင်း ဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။ ဖြောင့်သောသဘောသည် ဖြောင့်မတ်သော သူတို့ကိုပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။ အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။ ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ်၏။ ဖြောင့်မတ်သော သူတို့၏ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။ ဆိုးသောသူသည် သေသောအခါ မြော်လင့်ခြင်း ပျက်တတ်၏။ မတရားသောသူ၏တောင့်တခြင်းလည်း ပျက်တတ်၏။ ဖြောင့်မတ်သောသူသည် ဒုက္ခထဲက ထွက် မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။ အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကို ဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ် အားဖြင့် အမှုလွတ်တတ်၏။ တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံး ဝမ်းမြောက်ခြင်း ရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။ တရားသောသူသည် ကောင်းကြီးပေးသော အားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့၎င်း၊ မတရားသော သူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့၎င်း ရောက် တတ်၏။

သုတ္တံ 11:1-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မမှန်ကန်​သော​ချိန်ခွင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ မှန်​သော​အလေး​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။ မာနထောင်လွှား​ခြင်း​လာ​သောအခါ အရှက်ကွဲ​ခြင်း​လိုက်လာ​တတ်​၏​။ ဉာဏ်ပညာ​ကား စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ လိုက်လာ​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​သမာဓိ​သည် သူ​တို့​ကို​ဦးဆောင်​လမ်းပြ​တတ်​၏​။ သစ္စာမဲ့​သော​သူ​တို့​၏​ကောက်ကျစ်စဉ်းလဲ​ခြင်း​မူကား သူ​တို့​ကို​ဖျက်ဆီး​တတ်​၏​။ အမျက်​တော်​ထင်ရှား​ရာ​နေ့​၌ စည်းစိမ်ဥစ္စာ​သည် အကျိုး​မ​ရှိ​။ ဖြောင့်မတ်​ခြင်း​မူကား သေ​ခြင်း​မှ​ကယ်နုတ်​တတ်​၏​။ အပြစ်တင်စရာမရှိ​သော​သူ​၏​ဖြောင့်မတ်​ခြင်း​သည် သူ​၏​လမ်း​ကို​ဖြောင့်တန်း​စေ​တတ်​၏​။ ဆိုးယုတ်​သော​သူ​မူကား မိမိ​၏​ဆိုးယုတ်မှု​ကြောင့် ကျဆုံး​တတ်​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​ဖြောင့်မတ်​ခြင်း​သည် သူ​တို့​ကို​ကယ်နုတ်​တတ်​၏​။ သစ္စာမဲ့​သော​သူ​တို့​မူကား မိမိ​တို့​၏​အလိုရမ္မက်​အားဖြင့် ဖမ်းဆီး​ခြင်း​ခံရ​တတ်​ကြ​၏​။ ဆိုးယုတ်​သော​သူ​သေ​သောအခါ သူ​၏​မျှော်လင့်ချက်​သည် ပျက်စီး​တတ်​၏​။ ဓနဥစ္စာ​တို့​အပေါ်​ထား​သော သူ​၏​မျှော်မှန်း​ချက်​သည်​လည်း ပျက်စီး​တတ်​၏​။ ဖြောင့်မတ်​သော​သူ​သည် ဆင်းရဲဒုက္ခ​ထဲမှ​လွတ်မြောက်​၍ ဆိုးယုတ်​သော​သူ​သည် သူ့​အစား​ဝင်​ရ​၏​။ ဘုရားတရားမဲ့​သော​သူ​သည် နှုတ်​ဖြင့် မိမိ​၏​အိမ်နီးချင်း​ကို ဖျက်ဆီး​တတ်​၏​။ ဖြောင့်မတ်​သော​သူ​တို့​မူကား အသိပညာ​အားဖြင့် လွတ်မြောက်​ခြင်း​သို့​ရောက်​ကြ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​တို့​ကောင်းစား​သောအခါ တစ်မြို့လုံး ရွှင်လန်း​ကြ​၏​။ ဆိုးယုတ်​သော​သူ​တို့​ပျက်စီး​သောအခါ​၌​လည်း ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​၏​။ မြို့​သည် ဖြောင့်မှန်​သော​သူ​တို့​၏ ကောင်းချီးမင်္ဂလာ​အားဖြင့် ချီးမြှောက်​ခြင်း​ခံရ​တတ်​၏​။ သို့သော် ဆိုးယုတ်​သော​သူ​တို့​၏​နှုတ်​အားဖြင့် ဖြိုဖျက်​ခြင်း​ခံရ​တတ်​၏​။