မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဖွယ်၊ မှန်သောအလေးမူကား၊ နှစ်သက်တော်မူဖွယ် ဖြစ်၏။ မာနထောင်လွှားသောအခါ အရှက်ကွဲခြင်းဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။ ဖြောင့်သောသဘောသည် ဖြောင့်မတ်သောသူတို့ကို ပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။ အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ်ဥစ္စာသည် အကျိုးမပေးနိုင်။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ်၏။ ဖြောင့်မတ်ခြင်းပါရမီသည် စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသောအမှုအားဖြင့် ဆုံးရှုံးတတ်၏။ ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်သောသဘောသည် သူတို့ကို ကယ်တင်တတ်၏။ လွန်ကျူးသောသူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။ ဆိုးသောသူသည် သေသောအခါ မျှော်လင့်ခြင်းပျက်တတ်၏။ မတရားသောသူ၏ တောင့်တခြင်းလည်း ပျက်တတ်၏။ ဖြောင့်မတ်သောသူသည် ဒုက္ခထဲကထွက်မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။ အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကိုဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ်အားဖြင့် အမှုလွတ်တတ်၏။ တရားသောသူသည် ကောင်းစားသောအခါ တစ်မြို့လုံးဝမ်းမြောက်ခြင်းရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။ တရားသောသူသည် ကောင်းချီးပေးသောအားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့လည်းကောင်း၊ မတရားသောသူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့လည်းကောင်း ရောက်တတ်၏။
သုတ္တံ 11 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 11:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ