YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 3:1-14

ဖိလိပ္ပိ 3:1-14 Judson Bible (JBMLE)

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ငါ့​ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ အ​ထပ်​ထပ် ငါ​ရေး​လိုက်​သော်​လည်း ပင်​ပန်း​ခြင်း​မ​ရှိ။ သင်​တို့​မူ​ကား လုံ​ခြုံ​ခြင်း ရှိ​ကြ​လိမ့်​မည်။- ခွေး​တို့​ကို ရှောင်​ကြ​လော့။ မ​ကောင်း​သော အ​ကျင့်​ကို ကျင့်​သော​သူ​တို့​ကို ရှောင်​ကြ​လော့။ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ယောင်​ဆောင်​သော သူ​တို့​ကို ရှောင်​ကြ​လော့။- ငါ​တို့​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်၍၊ ဇာ​တိ၌​ကိုး​စား​ခြင်း​မ​ရှိ​ဘဲ၊ ယေ​ရှု​ခ​ရစ်၌​သာ ဝါ​ကြွား​ဝမ်း​မြောက်​သော​သူ​ဖြစ်၍၊ မှန်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​ဖြစ်​ကြ၏။- သို့​သော်​လည်း ငါ​ဖြစ်​လျှင် ဇာ​တိ၌ ကိုး​စား​စ​ရာ​အ​ကြောင်း​ရှိ၏။ အ​ခြား​သူ​မည်​သည်​ကား၊ ဇာ​တိ၌ ကိုး​စား​စ​ရာ အ​ကြောင်း​ရှိ​သည်​ဟု ထင်​လျှင်၊ ငါ​မူ​ကား သာ၍​ရှိ၏။- ငါ​သည် ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ရ၏။ ဣ​သ​ရေ​လ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​နွယ် ဖြစ်၏။ ဟေ​ဗြဲ​လူ​မှ​ဆင်း​သက်​သော ဟေ​ဗြဲ​လူ​စစ် ဖြစ်၏။ တ​ရား​အား​ဖြင့် ဖာ​ရိ​ရှဲ​ဖြစ်၏။- စိတ်​အား​ကြီး​ခြင်း​ကို မေး​သော်၊ ငါ​သည် အ​သင်း​တော်​ကို ညှဥ်း​ဆဲ​သော​သူ​ဖြစ်၏။ ပ​ညတ်​တ​ရား​အား​ဖြင့်​ရ​သော ဖြောင့်​မတ်​ခြင်း​ကို မေး​ပြန်​သော်၊ ငါ​သည် အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ​ဖြစ်၏။- သို့​သော်​လည်း ငါ၏ အ​ကျိုး​စီး​ပွား​ကို ပြု​စု​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ခ​ရစ်​တော်​ကြောင့် ငါ​ထင်​မှတ်၏။- ထို​မျှ​မ​က ငါ၏ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​သော ပ​ညာ​သည် အ​ဘယ်​မျှ​လောက် မြတ်​သည်​ကို ထောက်၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ငါ​ထင်​မှတ်၏။- ထို​သ​ခင်​ကြောင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို အ​ရှုံး​ခံ​ရ​ပြီ။ သေ​ခြင်း​မှ ထ​မြောက်​သော​အ​ခွင့်​ကို ငါ​ရ​နိုင်​ကောင်း​လျှင်၊ ကိုယ်​တော်​သည် အ​သေ​ခံ​တော်​မူ​သည်​နည်း​တူ၊ ငါ​သည်​လည်း အ​သေ​ခံ၍ ထို​သ​ခင်​ကို​လည်း​ကောင်း၊ ထ​မြောက်​တော်​မူ​ခြင်း၏ တန်​ဖိုး​ကို​လည်း​ကောင်း၊ ဆင်း​ရဲ​ခံ​တော်​မူ​ခြင်း​ကို ဆက်​ဆံ၍ ခံ​ခြင်း​ကို​လည်း​ကောင်း၊ သိ​ကျွမ်း​ခြင်း​ငှာ၊ ပ​ညတ်​တ​ရား​အား​ဖြင့်​ရ​သော ကိုယ်​ဖြောင့်​မတ်​ခြင်း​ကို မ​ကိုး​စား​ဘဲ၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ရ​သော ဖြောင့်​မတ်​ခြင်း​တည်း​ဟူ​သော ယုံ​ကြည်​ခြင်း​အ​တွက်​ကြောင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဖြောင့်​မတ်​ခြင်း​ကို ကိုး​စား​သ​ဖြင့်၊ ခ​ရစ်​တော်​ကို အ​မြတ်​ရ၍ ထို​သ​ခင်၌ တည်​ပါ​မည်​အ​ကြောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မ​စင်​ကဲ့​သို့ ငါ​ထင်​မှတ်၏။ ထို​သို့​ဆို​သော် အ​ကျိုး​ကို​ခံ​ရ​ပြီ၊ စုံ​လင်​ခြင်း​သို့ ရောက်​ရ​ပြီ​ဟု ငါ​မ​ဆို​လို၊ အ​ကြင်​အ​ကျိုး​ကို​ပေး​ခြင်း​ငှာ ခ​ရစ်​တော်​သည် ငါ့​ကို ကိုင်​ဖမ်း​တော်​မူ၏။ ထို​အ​ကျိုး​ကို ကိုင်​မိ​ခြင်း​ငှာ ငါ​ပြေး၍ လိုက်​သေး၏။ ညီ​အစ်​ကို​တို့၊ ငါ​ကိုင်​မိ​ပြီ​ဟု ကိုယ်​ကို​ကိုယ် မ​ထင်​သော်​လည်း၊ ငါ​ပြု​သော​အ​မှု​တစ်​ခု ဟူ​မူ​ကား၊ နောက် ကျ​သော​အ​ရာ​တို့​ကို မ​မှတ်​ဘဲ၊ ရှေ့၌ ရှိ​သော​အ​ရာ​တို့​ကို လှမ်း​ကမ်း၍၊- ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​သည် အ​ထက်​အ​ရပ်​မှ ခေါ်​တော်​မူ​ခြင်း​နှင့် ဆိုင်​သော​ဆု​ကို ရ​ခြင်း​ငှာ၊ ပန်း​တုံး​တိုင်​သို့ ငါ​လိုက်​ပြေး၏။

ဖိလိပ္ပိ 3:1-14 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​ရ​သော်​သ​ခင်​ဘု​ရား နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဝမ်း​မြောက် ကြ​လော့။ ယ​ခင်​က​ငါ​ရေး​သား​ဖော်​ပြ​ပြီး သော​အ​ကြောင်း​အ​ရာ​များ​ကို​ယ​ခု​ထပ်​မံ​၍ ဖော်​ပြ​ရ​သည်​မှာ​ဝန်​မ​လေး​ပါ။ သင်​တို့​ပို​၍ လုံ​ခြုံ​စေ​ရန်​ဖြစ်​၏။- ခွေး​ဖြစ်​သူ၊ အ​ကျင့်​ဆိုး​ကို​ကျင့်​သော​သူ၊ ကိုယ် ခန္ဓာ​ကို​လှီး​ဖြတ်​ရ​မည်​ဟု​ဆို​သော​သူ​များ ကို​သ​တိ​နှင့်​ရှောင်​ကြ​လော့။- အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​အ​စစ်​အ​မှန်​ကို ခံ​ရ​သော​သူ​တို့​ကား​ထို​သူ​တို့​မ​ဟုတ်​ဘဲ​ငါ တို့​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​တို့​သည်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော် အား​ဖြင့်​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​ဝတ်​ပြု​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ရ​၍​ရွှင်​လန်း​ဝမ်း​မြောက်​သူ​များ​ဖြစ် သော​ကြောင့်​တည်း။ ငါ​တို့​သည်​ပြင်​ပ​လက္ခ​ဏာ များ​ကို​မ​ကိုး​စား။- ပြင်​ပ​လက္ခ​ဏာ​များ​ကို​ကိုး​စား​မှု​လို​အပ်​သည်​ဟု ဆို​လျှင်​ငါ့​မှာ​ရှိ​၏။ ထို​ပြင်​ပ​လက္ခ​ဏာ​များ​ကို ကိုး​စား​နိုင်​သူ​တစ်​ဦး​တစ်​ယောက်​ရှိ​သည်​ဟု​ဆို ပါ​က ငါ့​မှာ​ထို​သူ​ထက်​ပို​၍​ကိုး​စား​နိုင်​စ​ရာ အ​ကြောင်း​ရှိ​၏။- ငါ​သည်​ရှစ်​ရက်​မြောက်​သော​နေ့​၌​အ​ရေ​ဖျား လှီး​မင်္ဂလာ​ကို​ခံ​ယူ​လျက်​ဣ​သ​ရေ​လ​လူ​မျိုး ဗင်္ယာ​မိန်​အ​နွယ်​ဝင်၊ ဟေ​ဗြဲ​အ​မျိုး​သား​မိ​ဘ​များ​မှ ပေါက်​ဖွား​သူ​ဖြစ်​၏။ ပ​ညတ်​တ​ရား​စောင့်​ထိန်း​မှု​နှင့် ပတ်​သက်​၍​ဆို​သော်​ငါ​သည်​ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ဖြစ်​၏။- ဘာ​သာ​ရေး​စိတ်​အား​ထက်​သန်​မှု​ဘက်​၌​ဆို​သော် အ​သင်း​တော်​ကို​ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ​ဖြစ်​၏။ ပ​ညတ်​တ​ရား​ကို​လိုက်​နာ​ကျင့်​သုံး​မှု​အ​ရ ဆို​သော်​ငါ​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သူ​ဖြစ်​သည်။- သို့​ရာ​တွင်​ထို​အ​ရာ​များ​သည်​ငါ့​အ​တွက်​အ​မြတ်​ဟု မှတ်​ယူ​နိုင်​သော်​လည်း ယ​ခု​အ​ခါ​ခ​ရစ်​တော်​၏​အ​တွက် ကြောင့်​အ​ရှုံး​ဟု​မှတ်​ယူ​၏။- ထို​မျှ​မ​က​ငါ​၏​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​ကို​သိ​ကျွမ်း ရ​ခြင်း​သည်​ထို​အ​ရာ​များ​နှင့်​အ​ရာ​ခပ်​သိမ်း​တို့​ထက် တန်​ခိုး​ရှိ​သည်​ဖြစ်​၍ ယင်း​တို့​ကို​ငါ့​အား​ရှုံး​စေ​သည့် အ​ရာ​များ​ဟူ​၍​မှတ်​ယူ​၏။ ငါ​သည်​ကိုယ်​တော်​အ​တွက် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စွန့်​ပယ်​ခဲ့​၏။ ခ​ရစ်​တော်​ကို အ​မြတ်​ရ​နိုင်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​နိုင်​ရန်​လည်း​ကောင်း​ထို​အ​ရာ များ​ကို​အ​မှိုက်​သ​ရိုက်​ကဲ့​သို့​ငါ​ထင်​မှတ်​၏။ ငါ​သည် ပညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့်​ဖြောင့်​မတ် ခြင်း​မ​ရ​ရှိ​ပေ။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့်​သာ​လျှင်​ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​၏။ ထို​ကဲ့​သို့ သော​ဖြောင့်​မတ်​ခြင်း​သည်​ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ဖြောင့်​မတ်​ခြင်း​ဖြစ်​၍​ယုံ​ကြည်​ခြင်း အ​ပေါ်​တွင်​အ​ခြေ​ခံ​ပေ​သည်။- ငါ​သည်​ခ​ရစ်​တော်​ကို​သိ​ကျွမ်း​ခြင်း၊ ထ​မြောက် ရှင်​ပြန်​တော်​မူ​ခြင်း​၏​တန်​ခိုး​တော်​ကို​ခံ​စား​ခြင်း၊ ခ​ရစ်​တော်​နှင့်​အ​တူ​ဆင်း​ရဲ​ဒုက္ခ​ခံ​ခြင်း၊ ကိုယ်​တော် အ​သေ​ခံ​တော်​မူ​ခြင်း​၌​ပါ​ဝင်​ခြင်း​တို့​ကို​သာ လို​ချင်​တောင့်​တ​၏။- သို့​မှ​သာ​ငါ​ကိုယ်​တိုင်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ခွင့်​ကို​ရ​မည်​ဟု​မျှော်​လင့်​နိုင်​ပေ​သည်။ ငါ​သည်​အောင်​မြင်​မှု​ကို​ရ​ရှိ​ပြီ၊ အြုပစ်​ဆို​ဖွယ်​မ​ရှိ​သူ ဖြစ်​ပြီ​ဟု​မ​ဆို​လို။ သို့​ရာ​တွင်​ထို​ဆု​ကို​ငါ့​အား​ပေး ရန်​အ​တွက်​ခ​ရစ်​တော်​ယေ​ရှု​သည်​ငါ့​ကို​ဆွဲ​ဆောင် ရ​ရှိ​တော်​မူ​ပြီ​ဖြစ်​ရာ​ငါ​သည်​ထို​ဆု​ကို​ရ​ရှိ​နိုင်​ရန် ကြိုး​စား​လျက်​နေ​၏။- ညီ​အစ်​ကို​တို့၊ ငါ​သည်​ထို​ဆု​ကို​ရ​ရှိ​ပြီ​ဟု​မ​ထင်​မှတ်။ ငါ​ပြု​သော​တစ်ခု​တည်း​သော​အ​ရာ​ကား​ငါ​သည်​နောက်​၌ ရှိ​သော​အ​ရာ​တို့​ကို​မေ့​ပစ်​ပြီး​လျှင်​ရှေ့​၌​ရှိ​သော​အ​ရာ တို့​သို့​ရောက်​ခြင်း​ငှာ​အ​စွမ်း​ကုန်​ကြိုး​စား​၏။- သို့​ဖြစ်​၍​ငါ​သည်​ဆု​ကို​ရ​ရန်​ပန်း​တိုင်​သို့​ရှေး​ရှု လျက်​ပြေး​၏။ ထို​ဆု​ကား​အ​ထက်​အ​ရပ်​၌​အ​သက် ရှင်​ရေး​အ​တွက်​ခရစ်​တော်​ယေ​ရှု​အား​ဖြင့်​ဘု​ရား သ​ခင်​ဖိတ်​ခေါ်​တော်​မူ​ခြင်း​ပင်​ဖြစ်​သ​တည်း။

ဖိလိပ္ပိ 3:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ငါ့​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌​ဝမ်းမြောက်​ကြ​လော့။ သင်​တို့​ထံသို့ တူညီ​သော​အကြောင်း​များ​ကို ထပ်၍​ရေးသား​ခြင်း​သည် ငါ့​အတွက် ပင်ပန်း​စရာ​မ​ဟုတ်​ဘဲ သင်​တို့​အတွက် ဘေးဆီး​ရန်ကာ​ဖြစ်​၏။ ခွေး​များ​ကို သတိပြု​ကြ​လော့။ မကောင်း​သော​လုပ်သား​များ​ကို သတိပြု​ကြ​လော့။ ကိုယ်အင်္ဂါ​လှီးဖြတ်​သော​သူ​တို့​ကို သတိပြု​ကြ​လော့။ အကြောင်းမူကား ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့်​ဝတ်ပြု​၍ ခရစ်တော်​ယေရှု​၌​ဝါကြွား​လျက် အသွေး​အသား​၌​ကိုးစား​ခြင်း​မ​ရှိ​သော​ငါ​တို့​သည် အရေဖျား​လှီး​ထား​သော​သူ​အစစ်အမှန်​ဖြစ်​ကြ​၏။ သို့သော် အသွေး​အသား​၌​ကိုးစား​စရာ​လည်း ငါ​၌​ရှိ​ပါ​၏။ အခြား​သူ​တစ်စုံတစ်ဦး​သည် အသွေး​အသား​၌​ကိုးစား​စရာ​ရှိ​သည်​ဟု ထင်မှတ်​လျှင် ငါ​၌ ပို၍​ပင်​ရှိ​၏။ ငါ​သည် ရှစ်​ရက်​မြောက်​သော​နေ့​၌ အရေဖျား​လှီး​ထား​သော​သူ၊ အစ္စရေး​လူမျိုး၊ ဗင်္ယာမိန်​အနွယ်ဝင်၊ ဟေဗြဲ​လူမျိုး​မှ​ဟေဗြဲ​လူမျိုး​အစစ်၊ ပညတ်​တရား​အရ​ဆို​လျှင် ဖာရိရှဲ​တစ်​ဦး၊ စိတ်အား​ထက်သန်​မှု​အရ​ဆို​လျှင် အသင်းတော်​ကို​ညှဉ်းဆဲ​သော​သူ၊ ပညတ်​တရား​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​အရ​ဆို​လျှင် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​ဖြစ်​၏။ သို့သော် ငါ့​အတွက် အကျိုးကျေးဇူး​ဖြစ်​ခဲ့​သော ဤ​အရာ​တို့​ကို ခရစ်တော်​ကို​ထောက်​လျက် အရှုံး​ဟူ၍ ငါ​မှတ်ယူ​၏။ ထိုမျှမက ငါ​၏​သခင်​ခရစ်တော်​ယေရှု​ကို သိ​သော​ဉာဏ်​၏​ထူးမြတ်​သော​အကျိုးကျေးဇူး​ကြောင့် အရာ​ခပ်သိမ်း​ကို အရှုံး​ဟူ၍ ငါ​မှတ်ယူ​၏။ ထို​သခင်​ကို​ထောက်၍ အရာ​ခပ်သိမ်း​တို့​ကို ငါ​အဆုံးရှုံး​ခံ​ပြီး ၎င်း​တို့​ကို မစင်​ကဲ့သို့ ငါ​မှတ်ယူ​၏။ ဤသည်ကား ငါ​သည် ပညတ်​တရား​နှင့်ဆိုင်သော ငါ​၏​ဖြောင့်မတ်​ခြင်း​မ​ဟုတ်​ဘဲ ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​တည်းဟူသော ယုံကြည်​ခြင်း​အပေါ်၌​အခြေခံ​သည့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို​ရရှိ​၍ ခရစ်တော်​ကို​ရရှိ​ကာ ကိုယ်တော်​၌ တွေ့မြင်​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏။ ထို့ပြင် ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​တန်ခိုး​ကို​လည်းကောင်း၊ ကိုယ်တော်​၏​ဒုက္ခ​ဝေဒနာ​ကို​မျှဝေ​ခံယူ​ခြင်း​ကို​လည်းကောင်း သိရှိ​၍ ကိုယ်တော်​၏​အသေခံ​ခြင်း​၌ တစ်​သဏ္ဌာန်​တည်း​ဖြစ်​ခြင်း​အခွင့်​ကို​ရရှိ​ကာ သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​သို့ တစ်နည်းနည်း​ဖြင့် ရောက်ရှိ​နိုင်​ရန်​အတွက်​ဖြစ်​၏။ ငါ​သည် ထို​အခွင့်​ကို​ရရှိ​ပြီ​၊ သို့မဟုတ် စုံလင်​ခြင်း​သို့​ရောက်​ပြီ​ဟု ဆိုလို​သည်​မ​ဟုတ်​ဘဲ ခရစ်တော်​ယေရှု​သည် ထို​အခွင့်​အတွက် ငါ့​ကို ဖမ်းကိုင်​ထား​သည်​ဖြစ်၍ ငါ​သည်​လည်း ထို​အခွင့်​ကို ဖမ်းကိုင်​နိုင်​ရန် ကြိုးစား​လျက်​ရှိ​၏။ ညီအစ်ကို​တို့၊ ငါ​ဖမ်းကိုင်​ထား​ပြီ​ဟု ငါ​ကိုယ်တိုင်​မ​မှတ်ယူ။ သို့သော် ငါ​ပြု​သော​အရာ​တစ်​ခု​မှာ နောက်၌​ရှိ​သော​အရာ​များ​ကို​မေ့​ထား​၍ ရှေ့၌​ရှိ​သော​အရာ​များ​သို့​တက်လှမ်း​ကာ ခရစ်တော်​ယေရှု​အားဖြင့် အထက်​အရပ်​သို့ ဘုရားသခင်​ခေါ်ယူ​၍ ပေး​တော်မူ​မည့်​ဆု​ကို​ရရှိ​ရန် ပန်းတိုင်​သို့​ကြိုးစား​၍​ပြေး​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။