YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 2:8-11

ဖိလိပ္ပိ 2:8-11 Judson Bible (JBMLE)

ထို​သို့ လူ၏ ဂုဏ်​အင်္ဂါ​လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​လျက်၊ အ​သေ​ခံ​ခြင်း​သာ​မ​ဟုတ်၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ခြင်း​တိုင်​အောင် အ​စေ​ကျွန်​ခံ၍ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​တော်​မူ၏။- ထို​ကြောင့် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို အ​လွန်​ချီး​မြှောက်၍ ဘွဲ့​နာ​မ​တ​ကာ​တို့​ထက် ကြီး​မြတ်​သော ဘွဲ့​နာ​မ​ကို ပေး​သ​နား​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​သ​တ္တ​ဝါ၊ မြေ​ကြီး​သ​တ္တ​ဝါ၊ မြေ​ကြီး​အောက်၌​ရှိ​သော သ​တ္တ​ဝါ​တည်း​ဟူ​သော ခပ်​သိမ်း​သော သ​တ္တ​ဝါ​တို့​သည် ယေ​ရှု၏​ဘွဲ့​နာ​မ​တော်​ကို ဒူး​ထောက်၍၊- ယေ​ရှု​ခ​ရစ်​သည် သ​ခင်​ဖြစ်​တော်​မူ၏​ဟု နှုတ်​နှင့်​ဝန်​ခံ​သ​ဖြင့်၊ ခ​မည်း​တော်​ဘု​ရား၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ကြ​မည်​အ​ကြောင်း​တည်း။

ဖိလိပ္ပိ 2:8-11 Common Language Bible (BCL)

မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မူ​လျက်​လက်​ဝါး​ကပ် တိုင်​ပေါ်​တွင် အ​သေ​ခံ​သည့်​တိုင်​အောင်၊နာ​ခံ​ခြင်း​လမ်း​စဉ်​ကို လိုက်​လျှောက်​တော်​မူ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​အား​အ​ထက်​ဘ​ဝဂ်​သို့​တိုင်​အောင် ချီး​မြှောက်​၍၊ ဘွဲ့​နာ​မ​တ​ကာ​တို့​ထက်​ကြီး​မြတ်​သော​ဘွဲ့ နာ​မ​ကို ပေး​သ​နား​တော်​မူ​၏။ ထို့​ကြောင့်​မိုး​မြေ​နှင့်​မြေ​အောက်​ရှိ သတ္တဝါ​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​ရို​သေ​ဦး​ညွှတ်​လျက်၊ ယေ​ရှု​ခ​ရစ်​သည်​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု နှုတ်​ဖြင့်​ဝန်​ခံ​သ​ဖြင့်၊ ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ တော်​ကို ထွန်း​တောက်​စေ​ကြ​လိမ့်​မည်။

ဖိလိပ္ပိ 2:8-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မိမိကိုယ်ကို​နှိမ့်ချ​ကာ လက်ဝါးကပ်တိုင်​ပေါ်၌​အသေခံ​ခြင်း​ဟူသည့် အသေခံ​ခြင်း​တိုင်အောင် နာခံ​တော်မူ​၏။ ထို့ကြောင့် ဘုရားသခင်​သည် ကိုယ်တော်​ကို အလွန်​ချီးမြှောက်​တော်မူ​၍ ဘွဲ့​နာမ​တကာ​တို့​ထက် ကြီးမြတ်​သော​ဘွဲ့​နာမ​ကို ပေးအပ်​တော်မူ​၏။ ဤသည်ကား အထက်​ကောင်းကင်​အရပ်​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း၊ မြေကြီး​အောက်၌​လည်းကောင်း ရှိရှိသမျှ​တို့​သည် ယေရှု​၏​နာမ​တော်​၌ ဒူး​ထောက်​၍ နှုတ်​ရှိသမျှ​တို့​သည်​လည်း ယေရှု​ခရစ်တော်​သည်​အရှင်​သခင်​ဖြစ်​ကြောင်း​ဝန်ခံ​သဖြင့် ခမည်းတော်​ဘုရားသခင်​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​မည့်​အကြောင်း​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။