YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 2:6-11

ဖိလိပ္ပိ 2:6-11 Judson Bible (JBMLE)

ထို​သ​ခင်​သည် ဘု​ရား​သ​ခင်၏ သ​ဏ္ဌာန်​တော်​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​နှင့် ပြိုင်​သော​အ​မှု​ကို လု​ယူ​ခြင်း​အ​မှု​ဟူ၍ မ​ထင်​မ​မှတ်​လျက်​ပင်၊- မိ​မိ​အ​သ​ရေ​ကို​စွန့်၍ အ​စေ​ခံ​ကျွန်၏​သ​ဏ္ဌာန်​ကို ယူ​ဆောင်​လျက်၊ လူ​ကဲ့​သို့​သော​အ​ဖြစ်၌ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ၏။- ထို​သို့ လူ၏ ဂုဏ်​အင်္ဂါ​လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​လျက်၊ အ​သေ​ခံ​ခြင်း​သာ​မ​ဟုတ်၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ခြင်း​တိုင်​အောင် အ​စေ​ကျွန်​ခံ၍ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​တော်​မူ၏။- ထို​ကြောင့် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို အ​လွန်​ချီး​မြှောက်၍ ဘွဲ့​နာ​မ​တ​ကာ​တို့​ထက် ကြီး​မြတ်​သော ဘွဲ့​နာ​မ​ကို ပေး​သ​နား​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​သ​တ္တ​ဝါ၊ မြေ​ကြီး​သ​တ္တ​ဝါ၊ မြေ​ကြီး​အောက်၌​ရှိ​သော သ​တ္တ​ဝါ​တည်း​ဟူ​သော ခပ်​သိမ်း​သော သ​တ္တ​ဝါ​တို့​သည် ယေ​ရှု၏​ဘွဲ့​နာ​မ​တော်​ကို ဒူး​ထောက်၍၊- ယေ​ရှု​ခ​ရစ်​သည် သ​ခင်​ဖြစ်​တော်​မူ၏​ဟု နှုတ်​နှင့်​ဝန်​ခံ​သ​ဖြင့်၊ ခ​မည်း​တော်​ဘု​ရား၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ကြ​မည်​အ​ကြောင်း​တည်း။

ဖိလိပ္ပိ 2:6-11 Common Language Bible (BCL)

ကိုယ်​တော်​သည်​ဘု​ရား​ဇာ​တိ​တော်​နှင့် ထာ​ဝ​စဉ်​ပြည့်​စုံ​တော်​မူ​၏။ သို့​ရာ​တွင်​အ​ဋ္ဌမ္မ​နည်း​ဖြင့်​ဘု​ရား​သ​ခင်​နှင့် ဂုဏ်​ရည်​တူ​ရန်​ကြိုး​စား​သင့်​သည်​ဟု ထင်​မှတ်​တော်​မ​မူ။ ယင်း​သို့​ပြု​မည့်​အ​စား​မိ​မိ​အ​လို​အ​လျောက် ဘုန်း​အ​သ​ရေ​တော်​ရှိ​သ​မျှ​ကို​စွန့်​၍ အ​စေ​ခံ​၏​ဇာ​တိ​ကို​ခံ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ့​အ​သွင်​ကို​ယူ​ဆောင်​၍ လူ​ကဲ့​သို့​သော​အ​ဖြစ်​ကို​ခံ​ယူ​တော်​မူ​ပေ​သည်။ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မူ​လျက်​လက်​ဝါး​ကပ် တိုင်​ပေါ်​တွင် အ​သေ​ခံ​သည့်​တိုင်​အောင်၊နာ​ခံ​ခြင်း​လမ်း​စဉ်​ကို လိုက်​လျှောက်​တော်​မူ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​အား​အ​ထက်​ဘ​ဝဂ်​သို့​တိုင်​အောင် ချီး​မြှောက်​၍၊ ဘွဲ့​နာ​မ​တ​ကာ​တို့​ထက်​ကြီး​မြတ်​သော​ဘွဲ့ နာ​မ​ကို ပေး​သ​နား​တော်​မူ​၏။ ထို့​ကြောင့်​မိုး​မြေ​နှင့်​မြေ​အောက်​ရှိ သတ္တဝါ​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​ရို​သေ​ဦး​ညွှတ်​လျက်၊ ယေ​ရှု​ခ​ရစ်​သည်​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု နှုတ်​ဖြင့်​ဝန်​ခံ​သ​ဖြင့်၊ ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ တော်​ကို ထွန်း​တောက်​စေ​ကြ​လိမ့်​မည်။

ဖိလိပ္ပိ 2:6-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ခရစ်တော်​သည် ဘုရားသခင်​၏​အသွင်​သဏ္ဌာန်​ရှိ​သော်လည်း ဘုရားသခင်​နှင့်​တန်းတူ​ဖြစ်​ခြင်း​ကို ဆုပ်ကိုင်​ထား​ရ​မည့်​အရာ​ဟု မ​မှတ်ယူ​ဘဲ မိမိ​အသရေ​ကို​စွန့်​၍ အစေအပါး​၏​အသွင်​သဏ္ဌာန်​ကို​ဆောင်​ကာ လူ​တို့​နှင့်​တူညီ​သော​သဏ္ဌာန်​၌ ဖွားမြင်​ခြင်း​ကို​ခံ​တော်မူ​၏။ ကိုယ်တော်​သည် လူ​ကဲ့သို့သော​ပုံပန်း​သဏ္ဌာန်​၌ ပေါ်ထွန်း​တော်မူ​၍ မိမိကိုယ်ကို​နှိမ့်ချ​ကာ လက်ဝါးကပ်တိုင်​ပေါ်၌​အသေခံ​ခြင်း​ဟူသည့် အသေခံ​ခြင်း​တိုင်အောင် နာခံ​တော်မူ​၏။ ထို့ကြောင့် ဘုရားသခင်​သည် ကိုယ်တော်​ကို အလွန်​ချီးမြှောက်​တော်မူ​၍ ဘွဲ့​နာမ​တကာ​တို့​ထက် ကြီးမြတ်​သော​ဘွဲ့​နာမ​ကို ပေးအပ်​တော်မူ​၏။ ဤသည်ကား အထက်​ကောင်းကင်​အရပ်​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း၊ မြေကြီး​အောက်၌​လည်းကောင်း ရှိရှိသမျှ​တို့​သည် ယေရှု​၏​နာမ​တော်​၌ ဒူး​ထောက်​၍ နှုတ်​ရှိသမျှ​တို့​သည်​လည်း ယေရှု​ခရစ်တော်​သည်​အရှင်​သခင်​ဖြစ်​ကြောင်း​ဝန်ခံ​သဖြင့် ခမည်းတော်​ဘုရားသခင်​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​မည့်​အကြောင်း​တည်း။