YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 2:14-15

ဖိလိပ္ပိ 2:14-16 Judson Bible (JBMLE)

သင်​တို့​သည် ပြု​လေ​သ​မျှ​တို့၌ မြည်​တမ်း​ခြင်း၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ ပြု​ကြ​လော့။- သို့​ပြု​လျှင် အ​ပြစ်​တင်​ခွင့်​မ​ရှိ၊ အ​ဘယ်​သူ​ကို​မျှ မ​ပြစ်​မှား​ဘဲ​နေ၍၊ မ​ဖြောင့်​မ​မှန် ဖောက်​ပြန်​သော​လူ​မျိုး​အ​ထဲ၌ အ​ဘယ်​အ​ပြစ်​မျှ​မ​ပါ​သော ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ​လိမ့်​မည်။ အ​သက်​ရှင်​ခြင်း​နှင့်​ဆိုင်​သော နှုတ်​က​ပတ်​တ​ရား​တော်​ကို ပြ​သ၍၊ စ​ကြ​ဝ​ဠာ၌ နေ၊ လ၊ ကြယ် န​က္ခတ်​ကဲ့​သို့ ထို​လူ​မျိုး​အ​ထဲ၌ ထွန်း​လင်း​ကြ၏။ သို့​ပြု​လျှင် ငါ​သည် အ​ကျိုး​မ​ရှိ​ဘဲ​လျက် ပြေး​သည်​မ​ဟုတ်၊ အ​ကျိုး​မ​ရှိ​ဘဲ​လျက် ကြိုး​စား​အား​ထုတ်​သည် မ​ဟုတ်​ကြောင်း​ကို ငါ​ထောက်၍ ခ​ရစ်​တော်၏​နေ့​ရက်၌ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း​ရှိ​လိမ့်​မည်။

ဖိလိပ္ပိ 2:14-16 Common Language Bible (BCL)

သင်​တို့​လုပ်​ဆောင်​စ​ရာ​ရှိ​သ​မျှ​တို့​ကို​မ​ညည်း မ​တွား၊ မ​ငြင်း​မ​ခုံ​ဘဲ​လုပ်​ဆောင်​ကြ​လော့။- သို့​မှ​သာ​လျှင်​သင်​တို့​သည်​ဖောက်​ပြန်​၍​အ​ပြစ် ကူး​လွန်​သူ​များ​ရှိ​ရာ​ကမ္ဘာ​တွင် ဘု​ရား​သ​ခင် ၏​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​သား​သ​မီး​များ အ​နေ​ဖြင့် စိတ်​နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​အ​ပြစ် ကင်း​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​နှင့်​ဆိုင်​သော​တ​ရား​တော် ကို​ဟော​ပြော​ကာ ထို​သူ​တို့​အ​လယ်​တွင်​ကြယ် တာ​ရာ​များ​သ​ဖွယ်​ထွန်း​လင်း​တောက်​ပ​ရ​ကြ မည်။ ဤ​သို့​ပြု​ကြ​မည်​ဆို​ပါ​က​ငါ​အား​ထုတ် လုပ်​ဆောင်​ခဲ့​သ​မျှ​သည် အ​ချည်း​နှီး​မ​ဖြစ် သ​ဖြင့်​ခ​ရစ်​တော်​၏​နေ့​ရက်​၌​ငါ့​မှာ​ဂုဏ် ယူ​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။