YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 20:2-13

တောလည်ရာ 20:2-13 Judson Bible (JBMLE)

ပ​ရိ​သတ်​တို့ သောက်​စ​ရာ​ရေ​မ​ရှိ​သော​ကြောင့်၊ မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌ စု​ဝေး​ကြ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ငါ​တို့​အစ်​ကို​များ​သေ​သော​အ​ခါ၊ ငါ​တို့​လည်း​မ​သေ​ပါ​လေ။ ငါ​တို့​နှင့် ငါ​တို့​တိ​ရ​စ္ဆာန်​များ​ကို သေ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​ကို ဤ​တော​သို့ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​စေ၍၊ ဤ​ဆိုး​သော​အ​ရပ်​သို့ အ​ဘယ်​ကြောင့် ဆောင်​ခဲ့​သ​နည်း။ ဤ​အ​ရပ်​သည် လယ်​လုပ်​စ​ရာ​မ​ကောင်း၊ သင်္ဘော​သ​ဖန်း​ပင်၊ စ​ပျစ်​နွယ်​ပင်၊ သ​လဲ​ပင် စိုက်​စ​ရာ​မ​ကောင်း။ သောက်​စ​ရာ​ရေ​မျှ​မ​ရှိ​ဟု မော​ရှေ​ကို​အ​ပြစ်​တင်၍ ဆို​ကြ၏။ မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် လူ​အ​စု​အ​ဝေး​မှ​ထွက်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​သွား​သ​ဖြင့်၊ ပျပ်​ဝပ်​လျက်​နေ​ကြ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထင်​ရှား​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လှံ​တံ​တော်​ကို​ကိုင်​ယူ၍ သင်၏​အစ်​ကို​အာ​ရုန်​ပါ​လျက်၊ ပ​ရိ​သတ်​များ​ကို စု​ဝေး​စေ​လော့။ သူ​တို့​ရှေ့​မှာ ကျောက်​ကို​မှာ​ထား​လော့။ ကျောက်​သည် မိ​မိ​ရေ​ကို​ပေး​လိ​မ့်​မည်။ ထို​သို့​သင်​သည်​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ၍၊ ပ​ရိ​သတ်​များ​နှင့် သူ​တို့​တိ​ရ​စ္ဆာန်​များ​တို့​အား သောက်​ဖို့​ရေ​ကို​ပေး​ရ​မည်​ဟု၊ မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် လှံ​တံ​တော်​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​က​ယူ၍၊ အာ​ရုန်​ပါ​လျက်၊ ပ​ရိ​သတ်​တို့​ကို​ကျောက်​ရှေ့​မှာ စု​ဝေး​စေ​ပြီး​လျှင်၊ အ​ချင်း​သူ​ပုန်​တို့၊ နား​ထောင်​ကြ​လော့။ ငါ​တို့​သည်​သင်​တို့​အ​ဖို့ ဤ​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ​ရ​မည်​လော​ဟု ဆို​လျက်၊ မိ​မိ​လက်​ကို​ဆန့်၍ ကျောက်​ကို​လှံ​တံ​နှင့် နှစ်​ကြိမ်​ရိုက်​သ​ဖြင့်၊ ရေ​သည် များ​စွာ​ထွက်၍၊ လူ​ပ​ရိ​သတ်​တို့​နှင့် တိ​ရ​စ္ဆာန်​တို့​သည် သောက်​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သည် ငါ့​ကို​မ​ယုံ​ကြည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ငါ့​ကို​မ​ရို​မ​သေ​ပြု​သော​ကြောင့်၊ ဤ​ပ​ရိ​သတ်​တို့​အား ငါ​ပေး​သော​ပြည်​သို့ သင်​တို့​သည် ပို့​ဆောင်​သော​အ​ခွင့်​ကို​မ​ရ​ကြ​ဟု မော​ရှေ​နှင့်​အာ​ရုန်​တို့​အား မိန့်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု​သော်​လည်း၊ သူ​တို့​တွင် ရို​သေ​လေး​မြတ်​ခြင်း​ကို ခံ​တော်​မူ​သော​ကြောင့်၊ ထို​ရေ​သည် မေ​ရိ​ဘ​ရေ​ဖြစ်​သ​တည်း။

တောလည်ရာ 20:2-13 Common Language Bible (BCL)

စ​ခန်း​ချ​ရာ​အ​ရပ်​တို့​တွင်​ရေ​မ​ရှိ​သော​ကြောင့် သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ထံ​သို့​စု​ရုံး လာ​ကြ​ပြီး​လျှင်၊- ``အ​ကျွန်ုပ်​တို့​သည်​ယ​ခု​ကဲ့​သို့​သော​ဆင်း​ရဲ ဒုက္ခ​ခံ​ရ​သည်​ထက် အ​ကျွန်ုပ်​တို့​၏​သား​ချင်း များ​နှင့်​အ​တူ​ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော် ရှေ့​တွင်​သေ​ရ​သည်​က​ပို​၍​ကောင်း​ပါ​သေး သည်။- အ​ကျွန်ုပ်​တို့​၏​တိ​ရစ္ဆာန်​များ​နှင့်​အ​တူ​သေ ကြေ​ပျက်​စီး​စေ​ခြင်း​ငှာ သင်​တို့​သည်​အ​ကျွန်ုပ် တို့​အား​ဤ​တော​ကန္တာ​ရ​သို့​အ​ဘယ်​ကြောင့် ခေါ်​ဆောင်​ခဲ့​ပါ​သ​နည်း။- အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​၍ မည်​သည့်​အ​ပင်​မျှ​မ​ပေါက်​သော​ဤ ခေါင်​သည့်​အ​ရပ်​သို့​ခေါ်​ဆောင်​ခဲ့​ပါ​သ​နည်း။ ဤ အ​ရပ်​တွင်​ကောက်​ပဲ​သီး​နှံ​ပင်​မ​ရှိ၊ သ​ဖန်း​ပင် မ​ရှိ၊ စ​ပျစ်​ပင်​မ​ရှိ၊ သ​လဲ​ပင်​မ​ရှိ၊ သောက် စ​ရာ​ရေ​မ​ရှိ'' ဟု​ညည်း​တွား​ကြ​လေ​သည်။- ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​လူ​အ​စု အ​ဝေး​မှ​ထွက်​ခွာ​၍ တဲ​တော်​တံ​ခါး​ဝ​တွင်​ရပ် နေ​ကြ​၏။ သူ​တို့​သည်​ပျပ်​ဝပ်​လျက်​နေ​ကြ​စဉ် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​ထင်​ရှား​လာ​၏။ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊- ``ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင် ရှိ​သော​တောင်​ဝှေး ကို​ယူ​လော့။ ထို​နောက်​သင်​နှင့်​အာ​ရုန်​တို့​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​စု​ဝေး​စေ​ရန် ဆင့်​ဆို​လော့။ သူ​တို့​ရှေ့​တွင်​ထို​အ​ရပ်​၌​ရှိ​သော ကျောက်​ဆောင်​ကို ရေ​ထွက်​စေ​ရန်​အ​မိန့်​ပေး​လော့။ သူ​တို့​နှင့်​သူ​တို့​၏​တိ​ရစ္ဆာန်​များ​သောက်​ရန် ကျောက်​တုံး​မှ​ရေ​ပန်း​ထွက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။- မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည်​အ​တိုင်း တောင်​ဝှေး​ကို​ယူ​ခဲ့​လေ​သည်။ သူ​သည်​အာ​ရုန်​နှင့်​အ​တူ လူ​အ​ပေါင်း​တို့​ကို ကျောက်​ဆောင်​ရှေ့​တွင်​စု​ရုံး​စေ​၏။ ထို​နောက် မော​ရှေ​က``ပုန်​ကန်​သူ​တို့၊ နား​ထောင်​လော့။ ဤ ကျောက်​ဆောင်​ထဲ​မှ​သင်​တို့​အ​ဖို့​ရေ​ထွက် ရ​အောင် ငါ​တို့​ပြု​လုပ်​ရ​မည်​လော'' ဟု​ဆို​လျက်၊- တောင်​ဝှေး​ကို​မြှောက်​၍​ကျောက်​တုံး​ကို​နှစ်​ကြိမ် ရိုက်​လေ​သည်။ ထို​အ​ခါ​ကျောက်​ဆောင်​မှ​ရေ များ​စွာ​ပန်း​ထွက်​သ​ဖြင့် လူ​အ​ပေါင်း​တို့​နှင့် တိ​ရစ္ဆာန်​များ​ရေ​သောက်​ကြ​ရ​သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား``သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှေ့​တွင်​ငါ့​တန်​ခိုး​တော်​ကို ယုံ​ကြည်​မှု​နည်း​သော​ကြောင့် က​တိ​ထား​သော ပြည်​သို့​သူ​တို့​အား​ပို့​ဆောင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆုံး​မ​တော်​မူ​၏။ မေ​ရိ​ဘ​အ​ရပ်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထာ​ဝ​ရ​ဘု​ရား​အား​ညည်း​တွား​သော၊ ထာ​ဝ​ရ ဘုရား​က​မိ​မိ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​ပြ​သော​အ​ရပ်​ဖြစ်​သ​တည်း။

တောလည်ရာ 20:2-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရေ​မ​ရှိ​သဖြင့် လူထု​တို့​သည်​စုရုံး​၍ မောရှေ​နှင့်​အာရုန်​တို့​ကို ဆန့်ကျင်​ကြ​၏​။ လူ​တို့​က မောရှေ​အား “​ထာဝရဘုရား​ရှေ့​တော်​၌ ငါ​တို့​၏​ညီအစ်ကို​များ​သေ​စဉ်က ငါ​တို့​လည်း သေ​ခဲ့​ပါစေလား​။ သင်​သည် ထာဝရဘုရား​၏​လူအစုအဝေး​ဖြစ်​သော​ငါ​တို့​နှင့်တကွ ငါ​တို့​၏​တိရစ္ဆာန်​များ​ကို​လည်း ဤ​နေရာ​၊ ဤ​တောကန္တာရ​ထဲ၌​သေ​စေရန် အဘယ်ကြောင့်​ခေါ်ဆောင်​ခဲ့​သနည်း​။ သင်​သည် ငါ​တို့​ကို အီဂျစ်​ပြည်​မှ ဤ​ဆိုးရွား​သော​အရပ်​သို့ အဘယ်ကြောင့်​ခေါ်ဆောင်​လာ​သနည်း​။ ဤ​အရပ်​သည် မျိုးစေ့​ကြဲ​ရာ​အရပ်​မ​ဟုတ်​။ သဖန်းပင်​၊ စပျစ်ပင်​၊ သလဲပင် စိုက်​ရာ​အရပ်​မ​ဟုတ်​။ သောက်စရာ​ရေ​လည်း​မ​ရှိ​”​ဟု ရန်တွေ့​ကြ​၏​။ မောရှေ​နှင့်​အာရုန်​သည်​လည်း လူအစုအဝေး​ထံ​မှ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ သွား​၍ ပျပ်ဝပ်​လျက်​နေ​ကြ​စဉ် ထာဝရဘုရား​၏​ဘုန်းအသရေ​သည် သူ​တို့​ရှေ့​၌ ထင်ရှား​လေ​၏​။ ထာဝရဘုရား​က မောရှေ​အား “​တောင်ဝှေး​ကို ယူ​လော့​။ သင်​နှင့်​သင်​၏​အစ်ကို​အာရုန်​သည် အစ္စရေး​လူထု​ကို​စုရုံး​၍ သူ​တို့​ရှေ့​၌ ကျောက်တုံး​ကို အမိန့်ပေး​လော့​။ ထို​ကျောက်တုံး​မှ ရေ​ထွက်လာ​မည်​။ ဤသို့ဖြင့် သင်​သည် ထို​ကျောက်တုံး​မှ​ရေ​ထွက်လာ​စေ​ပြီး အစ္စရေး​လူထု​နှင့်​သူ​တို့​၏​တိရစ္ဆာန်​တို့​သောက်စရာ​ရေ​ကို ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ထာဝရဘုရား​၏​ရှေ့​တော်​မှ တောင်ဝှေး​ကို​ယူ​လေ​၏​။ မောရှေ​နှင့်​အာရုန်​သည် လူအစုအဝေး​တို့​ကို ကျောက်တုံး​ရှေ့​၌ စုရုံး​စေ​ပြီးလျှင် သူ​တို့​အား “​ပုန်ကန်​သူ​တို့​၊ နားထောင်​လော့​။ ငါ​တို့​သည် သင်​တို့​အတွက် ဤ​ကျောက်တုံး​မှ ရေ​ထွက်​စေ​ရ​မည်လော​”​ဟု ဆို​ပြီးလျှင် မောရှေ​သည် မိမိ​၏​လက်​ကို​မြှောက်​၍ တောင်ဝှေး​ဖြင့် ထို​ကျောက်​ကို နှစ်ကြိမ်​ရိုက်​လေ​၏​။ ထိုအခါ ရေ​များစွာ​ထွက်လာ​သဖြင့် လူထု​ကြီး​နှင့်​သူ​တို့​၏​တိရစ္ဆာန်​များ ရေသောက်​ရ​ကြ​၏​။ သို့သော် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား “​သင်​တို့​သည် ငါ့​ကို​မ​ယုံကြည်​၊ အစ္စရေး​အမျိုးသား​တို့​၏​ရှေ့​၌ ငါ​သန့်ရှင်း​ကြောင်း အသိအမှတ်​မ​ပြု​ကြ​သောကြောင့် သင်​တို့​သည် ဤ​လူအစုအဝေး​တို့​အား ငါ​ပေး​သော​ပြည်​သို့ သူ​တို့​ကို ပို့ဆောင်​ရ​လိမ့်မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့ ရန်တွေ့​သော​နေရာ​ကို မေရိဘ​စမ်းရေ​ဟု​ခေါ်​၏​။ ထာဝရဘုရား​သည် မိမိ​သန့်ရှင်း​ခြင်း​ကို သူ​တို့​အား ထို​နေရာ​တွင် ပြ​တော်မူ​၏​။