YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 20:2-13

တောလည်ရာ 20:2-13 JBMLE

ပ​ရိ​သတ်​တို့ သောက်​စ​ရာ​ရေ​မ​ရှိ​သော​ကြောင့်၊ မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌ စု​ဝေး​ကြ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ငါ​တို့​အစ်​ကို​များ​သေ​သော​အ​ခါ၊ ငါ​တို့​လည်း​မ​သေ​ပါ​လေ။ ငါ​တို့​နှင့် ငါ​တို့​တိ​ရ​စ္ဆာန်​များ​ကို သေ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​ကို ဤ​တော​သို့ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​စေ၍၊ ဤ​ဆိုး​သော​အ​ရပ်​သို့ အ​ဘယ်​ကြောင့် ဆောင်​ခဲ့​သ​နည်း။ ဤ​အ​ရပ်​သည် လယ်​လုပ်​စ​ရာ​မ​ကောင်း၊ သင်္ဘော​သ​ဖန်း​ပင်၊ စ​ပျစ်​နွယ်​ပင်၊ သ​လဲ​ပင် စိုက်​စ​ရာ​မ​ကောင်း။ သောက်​စ​ရာ​ရေ​မျှ​မ​ရှိ​ဟု မော​ရှေ​ကို​အ​ပြစ်​တင်၍ ဆို​ကြ၏။ မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် လူ​အ​စု​အ​ဝေး​မှ​ထွက်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​သွား​သ​ဖြင့်၊ ပျပ်​ဝပ်​လျက်​နေ​ကြ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထင်​ရှား​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လှံ​တံ​တော်​ကို​ကိုင်​ယူ၍ သင်၏​အစ်​ကို​အာ​ရုန်​ပါ​လျက်၊ ပ​ရိ​သတ်​များ​ကို စု​ဝေး​စေ​လော့။ သူ​တို့​ရှေ့​မှာ ကျောက်​ကို​မှာ​ထား​လော့။ ကျောက်​သည် မိ​မိ​ရေ​ကို​ပေး​လိ​မ့်​မည်။ ထို​သို့​သင်​သည်​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ၍၊ ပ​ရိ​သတ်​များ​နှင့် သူ​တို့​တိ​ရ​စ္ဆာန်​များ​တို့​အား သောက်​ဖို့​ရေ​ကို​ပေး​ရ​မည်​ဟု၊ မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် လှံ​တံ​တော်​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​က​ယူ၍၊ အာ​ရုန်​ပါ​လျက်၊ ပ​ရိ​သတ်​တို့​ကို​ကျောက်​ရှေ့​မှာ စု​ဝေး​စေ​ပြီး​လျှင်၊ အ​ချင်း​သူ​ပုန်​တို့၊ နား​ထောင်​ကြ​လော့။ ငါ​တို့​သည်​သင်​တို့​အ​ဖို့ ဤ​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ​ရ​မည်​လော​ဟု ဆို​လျက်၊ မိ​မိ​လက်​ကို​ဆန့်၍ ကျောက်​ကို​လှံ​တံ​နှင့် နှစ်​ကြိမ်​ရိုက်​သ​ဖြင့်၊ ရေ​သည် များ​စွာ​ထွက်၍၊ လူ​ပ​ရိ​သတ်​တို့​နှင့် တိ​ရ​စ္ဆာန်​တို့​သည် သောက်​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သည် ငါ့​ကို​မ​ယုံ​ကြည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ငါ့​ကို​မ​ရို​မ​သေ​ပြု​သော​ကြောင့်၊ ဤ​ပ​ရိ​သတ်​တို့​အား ငါ​ပေး​သော​ပြည်​သို့ သင်​တို့​သည် ပို့​ဆောင်​သော​အ​ခွင့်​ကို​မ​ရ​ကြ​ဟု မော​ရှေ​နှင့်​အာ​ရုန်​တို့​အား မိန့်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု​သော်​လည်း၊ သူ​တို့​တွင် ရို​သေ​လေး​မြတ်​ခြင်း​ကို ခံ​တော်​မူ​သော​ကြောင့်၊ ထို​ရေ​သည် မေ​ရိ​ဘ​ရေ​ဖြစ်​သ​တည်း။